ဆိုနီ

ဝီကီပီးဒီးယား မှ
ဆိုနီ ကော်ပိုရေးရှင်း
Sony Corporation
ソニー株式会社
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းစီးပွားရေးလုပ်ငန်းများစွာ ပူးပေါင်းတည်ထောင်ထားသော ကော်ပိုရေးရှင်း
တည်ထောင်သည့်နှစ်၇ မေလ ၁၉၄၆ ခုနှစ်[၁]
တည်ထောင်သူများအီဘူကာ မာဆာရု (Masaru Ibuka)
မိုရီတာ အာကီယို (Akio Morita)
ဌာနချုပ်မီနာတို၊ တိုကျိုမြို့ဂျပန်နိုင်ငံဂျပန်နိုင်ငံ
တည်နေရာယိုကိုဟားမားမြို့
တိုယားမားမြို့
အိုဆာကာမြို့
နယူးယောက်မြို့
မောင့်လော်ရဲလ် (နယူးဂျာစီ)
တီးန်နက် (နယူးဂျာစီ)
ဟန်တင်တန် စတေးရှင်း (နယူးယောက်)
ခရန်စတန် (ရုဒ်အိုင်းလန်း)
ဖီလာဒဲလ်ဖီးယားမြို့
ကင်းအော့ဖ်ပရူးရှား (ပင်ဆယ်ဗေးနီးယား)
ပိုစ့်တောင်း (ပင်ဆယ်ဗေးနီးယား)
အက်ဒီဆန် (နယူးဂျာစီ)
ဝန်ဆောင်မှု ဧရိယာကမ္ဘာတစ်ဝှန်း
အရေးပါ ပုဂ္ဂိုလ်များOsamu Nagayama
(ဘုတ်အဖွဲ့ဥက္ကဋ္ဌ)
Kazuo Hirai
(ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိ)
ထုတ်ကုန်ပစ္စည်းအိမ်သုံးအီလက်ထရွန်းနစ်ပစ္စည်းများ
တစ်ပိုင်းလျှပ်ကူးပစ္စည်းများ
ဗီဒီယိုဂိမ်းများ
ရုပ်သံဖျော်ဖြေရေး
ကွန်ပျူတာ ဟတ်ဒ်ဝဲလ်
ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ
ဝန်ဆောင်မှုဘဏ္ဍာငွေကြေးဆိုင်ရာ ဝန်ဆောင်မှု၊ အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကြော်ငြာအေဂျင်စီ
ဝင်ငွေIncrease ¥ ၇.၇၆၇ တြီလီယံ (၂၀၁၄)[၂]
အခွန်မဆောင်မီ ဝင်ငွေDecrease ¥ ၂၆.၄၉ ဘီလီယံ (၂၀၁၄)[၂]
အသားတင် ဝင်ငွေDecrease ¥ -၁၂၈.၃၆ ဘီလီယံ (၂၀၁၄)[၂]
ရင်းနှီးမြှုပ်နှံမှုDecrease ¥ ၁၅.၃၃၃ တြီလီယံ (၂၀၁၄)[၂]
စုစုပေါင်း ရှယ်ယာတန်ဖိုးDecrease ¥ ၂.၂၅၈ တြီလီယံ (၂၀၁၄)[၂]
အလုပ်သမားဦးရေ၁၄၀,၉၀၀ (၃၁ မတ်လ ၂၀၁၄)[၁]
ဝက်ဘ်ဆိုက်sony.com

ဆိုနီ ကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့၊ မီနာတိုအရပ်တွင် အခြေစိုက်သည့် နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်းများစွာ ပူးပေါင်းတည်ထောင်ထားသော ဂျပန် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။[၃] အီလက်ထရွန်းနစ်ထုတ်ကုန်များ (တီဗီ၊ ဂိမ်းစက်များ၊ ရေခဲသေတ္တာ စသည်)၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ကို ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်သည်။ ထိပ်တန်း အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်လည်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

အီလက်ထရွန်းနစ်လုပ်ငန်းများ[ပြင်ဆင်ရန်]

ဆိုနီကော်ပိုရေးရှင်း[ပြင်ဆင်ရန်]

ဆိုနီကော်ပိုရေးရှင်းသည် ဆိုနီ၏ အီလက်ထရွန်းနစ်ဆိုင်ရာ စီးပွားရေးယူနစ်နှင့် ဆိုနီအုပ်စု၏ မိခင်ကုမ္ပဏီဖြစ်သည်။

အသံပိုင်းဆိုင်ရာ[ပြင်ဆင်ရန်]

၁၉၇၉ ခုနှစ်တွင် ဝက်ခ်မန်း ဟုခေါ်သည့် ကမ္ဘာ့ပထမဆုံး အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် တေးဂီတဖွင့်စက်ကို ဆိုနီမှ ထုတ်လုပ်ခဲ့သည်။ ပေါ့ပါးသည့် နားကြပ်များနှင့် သွားလေရာတွင် ဂီတနားဆင်နိုင်ခဲ့မှုကြောင့် ယင်းထုတ်လုပ်မှုက လူများ၏ တေးဂီတ နားထောင်သည့် အလေ့အကျင့်ကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည်။ ကနဦးတွင် ဝက်ခ်မန်းကို ကက်ဆက်ဖွင့်စက် အနေဖြင့် ထုတ်လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရုပ်သံဖွင့်စက်ငယ်များနှင့် ဆိုနီအယ်ရစ်ဆင် မိုဘိုင်းဖုန်းများတွင်ပါ အသုံးပြုခဲ့သည်။ ဝက်ခ်မန်းတံဆိပ်ကို ဒစ်စ်မန်းဟုခေါ်သည့် စီဒီဖွင့်စက်ငယ်တွင် အသုံးပြုခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်းတွင် ယင်းစက်မှာ အောင်မြင်မှုမရခဲ့ပေ။

ကွန်ပျူတာဆိုင်ရာ[ပြင်ဆင်ရန်]

ဆိုနီမှ ကွန်ပျူတာပစ္စည်းများစွာကို ဗိုင်အို (VAIO) ဟူသည့် အမှတ်တံဆိပ်ဖြင့် ရောင်းချလျက်ရှိသည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်ခန့်တွင် ဆိုနီမှ ကွန်ပျူတာ ပစ္စည်းများထုတ်လုပ်ပြီး အထူးသဖြင့် ဂျပန်ဈေးကွက်တွင် ရောင်းချခဲ့သည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် ကွန်ပျူတာစီးပွားရေးလုပ်ငန်းကို ရပ်နားခဲ့ကာ ၁၉၉၆ ခုနှစ်တွင် မှ ဗိုင်အို တံဆိပ် (VAIO - Video Audio Integrated Operation)ကို အသုံးပြုကာ ကမ္ဘာ့ဈေးကွက်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဆိုနီ၏ လက်ပတော့ကွန်ပျူတာအချို့၏ ဘက်ထရီများ ပေါက်ကွဲမီးလောင်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကွန်ပျူတာများ ပြန်လည်သိမ်းဆည်းခဲ့ရမှုက ထိုစဉ်က အများဆုံးပြန်လည်သိမ်းဆည်းရမှုအဖြစ် သမိုင်းတွင်ခဲ့သည်။[၄][၅][၆]

၂၀၁၁ ခုနှစ်တွင် အန်းဒရွိုက် အသုံးပြု ဆိုနီ တက်ဘလက် ကို ထုတ်လုပ်ပြီး ကွန်ပျူတာတက်ဘလက်လောကသို့ ဝင်ရောက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်မှစတင်ကာ ဆိုနီ၏ အန်းဒရွိုက်ထုတ်ကုန် စမတ်ဖုန်းများကို အိပ်စ်ပီးရီးယား (Xperia) အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့သည်။[၇]

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဗိုင်အို ကွန်ပျူတာများ ရောင်းချရမှုနည်းပါးခြင်းကြောင့် ယင်းအမှတ်တံဆိပ်အား ဂျပန်ကုမ္ပဏီ Japan Industrial Partners (JIP) သို့ ရောင်းချမည်ဖြစ်ကြောင်း ဆိုနီမှ ထုတ်ပြန်ခဲ့သည်။[၈] သို့သော်လည်း ဆိုနီသည် ကွန်ပျူတာစီးပွားရေးကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ပြီး နောက်ထပ် ထင်မြင်ချက် မပေးလိုကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဆိုနီဝက်ဘ်ဆိုဒ်မှ သတင်းထုတ်ပြန်ခဲ့သည်။[၉]

ဓာတ်ပုံပိုင်းဆိုင်ရာ[ပြင်ဆင်ရန်]

ဆိုနီသည် ဒစ်ဂျစ်တယ်ကင်မရာများကို ရွေးချယ်စရာ စုံစုံလင်လင်ဖြင့် ထုတ်လုပ်နေသည်။ ချိန်ပြီးရိုက်ကူနိုင်သော ကင်မရာအမျိုးအစားကို Cyber-shot အမည်ဖြင့်လည်းကောင်း၊ အလိုအလျောက်တုံ့ပြန်နိုင်သည့် ဒီဂျစ်တယ်မှန်ဘီလူးတစ်ခုသုံး ကင်မရာများ (digital single-lens reflex cameras)ကို ဆိုနီ အယ်လ်ဖာ အမည်ဖြင့်လည်းကောင်း ထုတ်လုပ်နေသည်။ ပထမဆုံး Cyber-shot ကင်မရာကို ၁၉၉၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့သည်။ ထိုစဉ်က ဒစ်ဂျစ်တယ်ကင်မရာများမှာ အသစ်အဆန်းကဲ့သို့ ဖြစ်နေခြင်းကြောင့် ၂၀၀၅ ခုနှစ်တွင် ဆိုနီ၏ ဒစ်ဂျစ်တယ်ကင်မရာဈေးကွက် ဝေစုမှာ ၂၀% မှ ၉% အထိလျော့ကျခဲ့သည်။[၁၀]

၂၀၀၆ ခုနှစ်တွင် ကိုနီကာ မီနော်တာ၏ ကင်မရာလုပ်ငန်းကို လက်ခံရယူပြီးနောက် digital single-lens reflex ကင်မရာများ ထုတ်လုပ်ကာ ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဆိုနီသည် ကန်နွမ်နှင့် နီကွန် တို့ပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံး ကင်မရာထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

ဗီဒီယိုရုပ်သံဆိုင်ရာ[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ်တွင် ဆိုနီသည် Trinitron အမှတ်တံဆိပ်ဖြင့် ရုပ်မြင်သံကြားစက်ကို ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ကွန်ပျူတာမော်နီတာများကိုပါ ထုတ်လုပ်ခဲ့သည်။ ၂၀၀၅ နောက်ပိုင်းတွင် ယင်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မှုများကို ရပ်နားခဲ့သည်။ ၂၀၀၅ နွေရာသီမတိုင်မီအထိ အယ်လ်စီဒီတီဗီများကို LCD WEGA အမည်ဖြင့်ထုတ်လုပ်ခဲ့ပြီး ယင်းနောက်တွင် ဘရားဗီးယား (BRAVIA) အမှတ်တံဆိပ်ကို မိတ်ဆက်ခဲ့သည်။ ဘရားဗီးယား သည် အဆင့်မြင့် အယ်လ်စီဒီတီဗီများ၊ ပရိုဂျက်တာများ၊ အိမ်သုံးရုပ်ရှင်ရုံစနစ် စသည်တို့ကို ထုတ်လုပ်သည့် ဆိုနီပိုင် အိမ်သုံးပစ္စည်း အမှတ်တံဆိပ်ဖြစ်သည်။ ဆိုနီသည် ကမ္ဘာ့တတိယအကြီးဆုံး ရုပ်မြင်သံကြားစက်ထုတ်လုပ်သူလည်းဖြစ်သည်။[၁၁] ထို့အပြင် ဒီဗီဒီစက်များကိုလည်း ထုတ်လုပ်ပြီး များမကြာမီကာလများက ဘလူးရေးစက်များအဖြစ် ပြောင်းလဲထုတ်လုပ်နေပြီ ဖြစ်သည်။

ဆိုနီ မိုဘိုင်းလ် ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ဆိုနီကော်ပိုရေးရှင်း၏ လက်အောက်ခံ ဆိုနီ မိုဘိုင်းလ် ဆက်သွယ်ရေး ကုမ္ပဏီ (ယခင် ဆိုနီ အယ်ရစ်ဆင် မိုဘိုင်းလ် ဆက်သွယ်ရေး ကုမ္ပဏီ)သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဆွီဒင်ဆက်သွယ်ရေး ကုမ္ပဏီ အယ်ရစ်ဆင်နှင့် ပူးပေါင်းပြီး ဆိုနီအယ်ရစ်ဆင် အဖြစ်တည်ထောင်ခဲ့သည်။[၁၂] အစောပိုင်းတွင် အောင်မြင်မှုရသော်လည်း နောက်ပိုင်းတွင် ကျဆင်းလာခဲ့သည်။ ဆိုနီသည် ၂၀၀၉ ခုနှစ်တွင် နိုကီယာဆမ်ဆောင်း နှင့် အယ်လ်ဂျီ တို့နောက် စတုတ္ထမြောက်အကြီးဆုံး မိုဘိုင်းလ်ဖုန်းထုတ်လုပ်သူ ဖြစ်ခဲ့သော်လည်း ၂၀၁၀ တွင် ဆဋ္ဌမနေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ဆိုနီဒယ်ရစ်ဆင်တွင် ရင်းနှီးမြှပ်နှံငွေ အမေရိကန်ဒေါ်လာ ၁.၄၇ ဘီလီယံ ကို ပြန်လည်ရယူခဲ့ပြီး ဆိုနီ မိုဘိုင်းလ် ဆက်သွယ်ရေး (Sony Mobile Communications) အဖြစ် ပြောင်းလဲခဲ့သည်။

ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး
သမိုင်းတစ်လျောက် အရောင်းရဆုံးသော ဗီဒီယိုဂိမ်းစက် ပလေးစတေရှင် ၂

ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး သည် နာမည်ကြီး ပလေးစတေရှင်ဂိမ်းစက်များ ထုတ်လုပ်ရောင်းချမှုကြောင့် နာမည်ကျော်ကြားသည်။ ပလေးစတေရှင်ဂိမ်းစက်သည် ဆိုနီနှင့် နစ်တန်းဒိုးကုမ္ပဏီတို့ လမ်းခွဲရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၉၉၄ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ ပထမဆုံးသော ပလေးစတေရှင် ဂိမ်းစက်သည် ကမ္ဘာ့ဂိမ်းစက်ဈေးကွက်၏ ၆၁% ကိုရရှိသွားကာ ဈေးကွက်မှာ ကြာရှည်စိုးမိုးထားတဲ့ နစ်တန်းဒိုး ကို ကျော်ဖြတ်သွားနိုင်ခဲ့သည်။[၁၃] ၂၀၀၀ ခုနှစ်တွင် ပလေးစတေရှင် ၂ ကို ထုတ်လုပ်ခဲ့ရာ ပိုမိုအောင်မြင်မှုရရှိခဲ့လေသည်။ ၂၀၁၁ ခုနှစ်အထိ ဂိမ်းစက်အလုံးရေ သန်း ၁၅၀ ကျော် ရောင်းချနိုင်ခဲ့ကာ သမိုင်းတစ်လျောက် အရောင်းရဆုံးဂိမ်းစက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပထမဆုံးသော ဘလူးရေး အသုံးပြုဂိမ်းစက်ဖြစ်သော ပလေးစတေရှင် ၃ ကို ၂၀၀၆ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချိခဲ့သည်။

၂၀၀၅ ခုနှစ်တွင် လက်ကိုင်ဂိမ်းစက် အမျိုးအစားဖြစ်သော ပလေးစတေရှင် ပေါ့တေးဘဲလ် ခေါ် ပီအက်စ်ပီ ကို ရောင်းချခဲ့သည်။ ဒုတိယမြောက် လက်ကိုင်ဂိမ်းစက် ပလေးစတေရှင် ဗီတာကို ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ဖြန့်ချိခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတုတ္ထမြောက် ဂိမ်းစက် ပလေးစတေရှင် ၄ ကို ဖြန့်ချိခဲ့သည်။

ဖျော်ဖြေရေး လုပ်ငန်းများ[ပြင်ဆင်ရန်]

ဆိုနီ ရုပ်သံ ဖျော်ဖြေရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆိုနီ ရုပ်သံ ဖျော်ဖြေရေး

ဆိုနီ ရုပ်သံ ဖျော်ဖြေရေး (Sony Pictures Entertainment, Inc. သို့ SPE) သည် ဆိုနီ၏ ရုပ်မြင်သံကြားနှင့် ရုပ်ရှင် ထုတ်လုပ်၊ ဖြန့်ချိရေးဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ထိပ်တန်းရုပ်ရှင်ဈေးကွက်၏ ၁၂.၅ % ကိုရရှိထားကာ ရုပ်ရှင်စတူဒီယိုများထဲတွင် တတိယနေရာ၌ ရပ်တည်နေသော ကုမ္ပဏီအဖြစ် သတ်မှတ်ခံခဲ့ရသည်။[၁၄] ကုမ္ပဏီအနေဖြင့် ပင့်ကူလူသား (Spider-Man)၊ ကရာတေး လူငယ် (The Karate Kid)၊ ဝတ်စုံနက်နှင့်လူများ (Men in Black) အစရှိသည့် အောင်မြင်သော ရုပ်ရှင်ဇာတ်လမ်းတွဲများကို ရိုက်ကူး ထုတ်လုပ်ခဲ့သည်။

ဆိုနီသည် ၁၉၈၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံ ဖြင့် ကိုလံဘီယာ ရုပ်သံ ဖျော်ဖြေရေး ကုမ္ပဏီကို ရယူခဲ့ကာ ရုပ်မြင်သံကြားနှင့် ရုပ်ရှင် ထုတ်လုပ်ရေးလောကသို့ ဝင်ရောက်လာခဲ့သည်။ ဆိုနီ ရုပ်သံ ဖျော်ဖြေရေး၏ ရုပ်မြင်သံကြားဌာနခွဲမှာ Sony Pictures Television ဖြစ်သည်။

ဆိုနီ တေးဂီတ ဖျော်ဖြေရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆိုနီ တေးဂီတ ဖျော်ဖြေရေး

ဆိုနီ တေးဂီတ ဖျော်ဖြေရေး Sony Music Entertainment (SME သို့ Sony Music) သည် ကမ္ဘာ့ဒုတိယ အကြီးဆုံးသော တေးသံသွင်းကုမ္ပဏီ တစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံ ဆိုနီ၏ အမေရိကဆိုင်ရာ ဆိုနီ ကော်ပိုရေးရှင်း ၏ စီမံမှုအောက်တွင်ရှိသော ကုမ္ပဏီဖြစ်သည်။ မိုက်ကယ်လ် ဂျက်ဆင်ဘီးတဲလ်အမ်မီနမ်၊ အေကွန် နှင့် အခြားသော တေးသံရှင်များ၏ မူပိုင်ခွင့် (အားလုံး သို့ တစ်စိတ်တစ်ပိုင်း) ကို ရရှိထားသော ကုမ္ပဏီလည်းဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် စီဘီအက်စ် တေးသံသွင်း အုပ်စု ကို ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူခဲ့ရာမှ ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ် မှ ကမ္ဘာ့အအောင်မြင်ဆုံးသော ဖျော်ဖြေသူအဖြစ် သတ်မှတ်ထားသည့် မိုက်ကယ်လ် ဂျက်ဆင်၏ မူပိုင်ခွင့် ကို ရရှိခဲ့သည်။ ယင်းသို့ဝယ်ယူခြင်းသည် ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်သည့် ဆိုနီ တေးဂီတ ဖျောဖြေရေး ၏ အစလည်းဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် SME နှင့် ဘာတယ်စမန် တေးဂီတ အုပ်စု (Bertelsmann Music Group) တို့ပူးပေါင်းပြီး ဆိုနီ ဘီအမ်ဂျီ တေးဂီတ ဖျော်ဖြေရေး အဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Famous Music ကိုဝယ်ယူခဲ့ကာ အမ်မီနမ်၊ အေကွန် နှင့် အခြားတေးသံရှင်များ၏ မူပိုင်ခွင့်ကို ရယူခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဘာတယ်စမန် မှ ရှယ်ယာများ ဝယ်ယူခဲ့ပြီး ဆိုနီ တေးဂီတ ဖျော်ဖြေရေး အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။

ဆိုနီ အွန်လိုင်း ဖျော်ဖြေရေး[ပြင်ဆင်ရန်]

ဆိုနီ အွန်လိုင်း ဖျော်ဖြေရေး (Sony Online Entertainment သို့ SOE) သည် ဆိုနီကော်ပိုရေးရှင်း၏ ဗီဒီယိုဂိမ်းများ ဖန်တီးရေးဆွဲခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ဌာန ဖြစ်သည်။

ငွေကြေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ဆိုနီ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု[ပြင်ဆင်ရန်]

ဆိုနီ ဘဏ္ဍာရေး ဦးပိုင်လုပ်ငန်း (Sony Financial Holdings) သည် ဆိုနီ၏ ငွေကြေးဆိုင်ရာ စီးပွားရေး ဦးပိုင်ကုမ္ပဏီ ဖြစ်သည်။ ဌာနချုပ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တည်ရှိပြီး ဆိုနီလိုက်ဖ် အာမခံကုမ္ပဏီ (ဂျပန်နှင့် ဖိလစ်ပိုင်)၊ ဆိုနီဘဏ်၊ ဆိုနီ အာမခံ လုပ်ငန်းနှင့် ဆိုနီဘဏ်လုံခြုံရေးလုပ်ငန်း များကို ဆောင်ရွက်နေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Sony Global – Corporate Information။ 27 March 2014 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Consolidated financial results for the fiscal year ended March 2014, Sony Corporation (PDF)။
  3. "Access & Map." Sony Global. Retrieved 6 December 2011. "1–7–1 Konan Minato-ku, Tokyo 108-0075, Japan" – Map Archived 27 February 2012 at the Wayback Machine. – Address in Japanese: "〒108-0075 東京都港区港南1–7–1"
  4. "Dell Details on Notebook Battery Recall"၊ Direct2Dell၊ 14 August 2006။ 21 August 2006 တွင် ပြန်စစ်ပြီး။ Archived from the original on 20 August 2006။ 
  5. "Dell announces recall of 4.1 million laptop batteries"၊ CBC News၊ 14 August 2006။ 28 September 2006 တွင် ပြန်စစ်ပြီး 
  6. "Sony, Dell battery issue heats up"၊ CBC News၊ 24 August 2006။ 24 August 2006 တွင် ပြန်စစ်ပြီး 
  7. Tablet & Smartphones | Xperia™ Tablet & Smartphones။ Sony (2009-07-30)။ 2013-07-10 တွင် ပြန်စစ်ပြီး။
  8. Catherine Shu (6 February 2014)။ Sony To Exit PC Business By Selling VAIOTechCrunch။ AOL, Inc။ 7 February 2014 တွင် ပြန်စစ်ပြီး။
  9. Sony Corporation Statement regarding Media Reports dated February 4-5, 2014 (News release)။ Sony Global။ Sony Corp (5 February 2014)။ 7 February 2014 တွင် ပြန်စစ်ပြီး။
  10. Nakamoto, Michiyo. "Screen Test: Stringers Strategy Will Signal to what Extent Sony can Stay in the Game CONSUMER ELECTRONICS: The Japanese Company that Once Brought the World Market-Defining Products is being Trounced by More Agile Competitors and must Decide which Activities no Longer Form Part of its Future, Writes Michiyo Nakamoto." Financial Times: 17. ABI/INFORM Global. 21 September 2005. Web. 27 May 2012.
  11. "Sony, Samsung Ask U.S. Retailers to Curb Discounts on TV Sets"၊ Bloomberg၊ 23 May 2012။ 
  12. Sony and Ericsson complete joint venture agreement။ Sony (28 August 2001)။ 26 May 2012 တွင် ပြန်စစ်ပြီး။
  13. "The PlayStation Quest." Macleans 6 November 2000: 81-. ABI/INFORM Global; ProQuest Research Library. Web. 27 May 2012.
  14. 2011 Market Share and Box Office Results by Movie Studio။ Box Office Mojo (31 December 2011)။ 12 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 November 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]