ဆိုနီ အိပ်စ်ပီးရီးယား

ဝီကီပီးဒီးယား မှ
ဆိုနီ အိပ်စ်ပီးရီးယား
ထုတ်လုပ်သူဆိုနီ မိုဘိုင်းလ် ဆက်သွယ်ရေး
ပစ္စည်းအမျိုးအစားစမတ်ဖုန်း၊ တက်ဘလက်
ရောင်းချခြင်းအောက်တိုဘာ ၂၀၀၈–ယခုအထိ
ရောင်းရသောအရေအတွက်၄၂ သန်း[၁] (Q2 2012)
စက်မောင်းစနစ်ဝင်းဒိုးမိုဘိုင်းလ် (၂၀၀၈−၂၀၀၉)
အန်းဒရွိုက် (၂၀၁၀–လက်ရှိ)
ဝက်ဘ်ဆိုဒ်sonymobile.com/xperia

ဆိုနီ အိပ်စ်ပီးရီးယား (အင်္ဂလိပ်: Sony Xperia) သည် ဆိုနီမှ ထုတ်လုပ်သော စမတ်ဖုန်းများနှင့် တက်ဘလက်များ၏ အမှတ်တံဆိပ်ဖြစ်သည်။ မိုဘိုင်းလ်ဖုန်းကို ၂၀၀၈ ခုနှစ်မှ စတင်ကာ ထုတ်လုပ်ခဲ့ပြီး ဤအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့သော ပထမဆုံး တက်ဘလက်ကို ၂၀၁၂ တွင် ဖြန့်ချိခဲ့သည်။ Xperia အမည်မှာ "experience" ဟူသည့် စကားလုံးမှ ယူထားခြင်းဖြစ်ပြီး Xperia X1 အမည်ရှိ မိုဘိုင်းလ်ဖုန်းတွင် စတင်အသုံးပြုခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Xperia X1 သည် အိပ်စ်ပီးရီးယား အမှတ်တံဆိပ်ပစ္စည်းများအနက် ပထမဆုံးထုတ်ကုန်ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။ 8.1MP ကင်မရာ၊ ဝိုင်ဖိုင်စနစ်နှင့် ဂျီပီအက်စ် နေရာပြစနစ်တို့ပါဝင်သည့် X2 စမတ်ဖုန်းကို နောက်နှစ်တွင် ဆက်လက်ဖြန့်ချိခဲ့သည်။

၂၀၁၀ နှစ်ဦးတွင် အန်းဒရွိုက်စနစ်သုံး ပထမဆုံး အိပ်စ်ပီးရီးယား အမျိုးအစား မိုဘိုင်းလ်ဖုန်းဖြစ်သည့် X10 ကို ဖြန့်ချိခဲ့သည်။ ယင်းမတိုင်က ထွက်ရှိသည့် ဖုန်းများမှာ ဝင်းဒိုးမိုဘိုင်းလ် စနစ်ကို အသုံးပြုထားခြင်း ဖြစ်သည်။ X10 ဖုန်းမှာ ဒီဇိုင်းအရ ချီးကျူးမှုများ ရရှိခဲ့သော်လည်း အသုံးပြုထားသည့် အန်းဒရွိုက် ဗားရှင်းမှာမူ ခေတ်ပြိုင်ဖုန်းများက ၂.၁ ဗားရှင်းအသုံးပြုနေချိန် ၁.၆ ကိုသာ အသုံးပြုထားသဖြင့် အောင်မြင်မှုမရခဲ့ပေ။ X10 အသေးစားအဖြစ် X10 Mini နှင့် X10 Mini Pro တို့ကို ထပ်မံထုတ်လုပ်ခဲ့သည်။ ယင်းဖုန်းအမျိုးအစား နှစ်ခုမှာ ထိုစဉ်က ဈေးကွက်အတွင်းရှိ ဖုန်းများအနက် အသေးဆုံးများအဖြစ် နာမည်ကျော်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Sony Mobile forecasting 48% increase in smartphone shipments this year (10 May 2012)။ 15 Aug 2013 တွင် ပြန်စစ်ပြီး။