ပလေးစတေရှင် ၂
ဘယ်ဖက်: မူလ ပလေးစတေရှင် ၂ ညာဘက်: ပိုမိုပါးလွှာသော ပလေးစတေရှင် ၂၊ 8 MB မှတ်ဉာဏ်ကဒ်နှင့် DualShock 2 အမျိုးအစား လက်ကိုင်ခလုတ် | |
အခြားအမည် | ပီအက်စ်တူး၊ ပီတူး |
---|---|
ဖန်တီးသူ | ဆိုနီ |
ထုတ်လုပ်သူ | ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment) |
ပစ္စည်းအုပ်စု | ပလေးစတေရှင် |
ပစ္စည်းအမျိုးအစား | အိမ်သုံးဗွီဒီယိုဂိမ်းစက် |
မျိုးဆက် | ၆ ခုမြောက် |
ဖြန့်ချီသည့်နေ့ | |
ရပ်တန့်သည့်နေ့ | JPN December 28, 2012[၁] |
ရောင်းရသောအရေအတွက် | ၁၅၅ သန်း (၃၁ မတ် ၂၀၁၂)[၂] |
မီဒီယာ | ဒီဗီဒီ၊ စီဒီ |
စီပီယူ | "Emotion Engine" clocked at 294.912 MHz (launch), 299 MHz (newer models), with 128-bit SIMD capabilities [၃][၄][၅] |
မှတ်ဉာဏ် | 32 MB of Direct RAMBUS or RDRAM 4 MB eDRAM |
သိုလှောင်နိုင်မှုစွမ်းအား |
|
ပြသပေးနိုင်မှု |
|
ဂရပ်ဖစ်အမျိုးအစား | "Graphics Synthesizer" clocked at 147.456 MHz |
Controller input | DualShock 2, DualShock, EyeToy |
ဆက်သွယ်နိုင်မှု | 100 Mbit Ethernet/modem(requires adapter on SCPH-10000-500xx models), 2 × USB 1.1, 1 × IEEE 1394 interface |
အွန်လိုင်းဝန်ဆောင်မှု | Dynamic Network Authentication System |
အရောင်းရဆုံးဗွီဒီယိုဂိမ်း | Grand Theft Auto: San Andreas: ၂၀.၈၁ သန်းရောင်းချရပြီး(as of April 2014)[၆] |
နောက်ကြောင်းပြန် လိုက်လျောညီထွေဖြစ်မှု | ပလေးစတေရှင် |
ယခင်အမျိုးအစား | ပလေးစတေရှင် |
နောက်ပေါ်အမျိုးအစား | ပလေးစတေရှင် ၃ |
ပလေးစတေရှင် ၂ (PlayStation 2) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment)မှ ထုတ်လုပ်သော ပလေးစတေရှင်အုပ်စုဝင် ဒုတိယမြောက် ဗီဒီယိုဂိမ်းစက်ဖြစ်သည်။ ၂၀၀၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ဖြန့်ချိခဲ့ပြီး နောက်နှစ်တွင် မြောက်အမေရိကနှင့် ဥရောပသို့ ဖြန့်ချိခဲ့သည်။ ၎င်းသည် ခြောက်ခုမြောက် ဂိမ်းစက်မျိုးဆက်အဖြစ် ဆီဂါ၏ ဒရင်းကပ်စ်၊ မိုက်ခရိုဆော့ဖ်၏ အိပ်စ်ဘောက်စ်နှင့် နစ်တန်းဒိုး၏ ဂိမ်းကျူ့ စက်များဖြင့် ယှဉ်ပြိုင်ခဲ့သည်။
ပလေးစတေရှင် ၂ ဂိမ်းစက်ပေါင်း ၁၅၅ သန်းကျော်ရောင်းချနိုင်ခဲ့ပြီး ဗီဒီယိုဂိမ်းစက်သမိုင်းတွင် အရောင်းရဆုံးသောဂိမ်းစက် အဖြစ် ရပ်တည်နိုင်ခဲ့သည်။[၇] ပလေးစတေရှင် ၂ ဂိမ်းစက်နှင့် တွဲဖက်ကစားရန် ဂိမ်းပေါင်း ၃၈၇၀ ကျော် ထွက်ရှိထားပြီး ဂိမ်းအချပ်ရေ ၁.၅ ဘီလီယံကျော် ရောင်းချထားပြီးဖြစ်သည်။[၈] ဆိုနီမှ နောက်ပိုင်းတွင် မူလ ပလေးစတေရှင် ၂ ဂိမ်းစက်ထက် ပိုမိုပါးလွှာသော slimline မော်ဒယ် ပလေးစတေရှင် ၂ အမျိုးအစားကို ထပ်မံဖြန့်ချိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပလေးစတေရှင် မျိုးဆက်သစ် ဂိမ်းစက်ဖြစ်သော ပလေးစတေရှင် ၃ (PlayStation 3) ကို မိတ်ဆက်ခဲ့သည်။
ပလေးစတေရှင် ၃ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင်လည်း ပလေးစတေရှင် ၂ အနေဖြင့် ခြောက်ခုမြောက် ဂိမ်းစက်မျိုးဆက်တွင် နာမည်ကျော်ဖြစ်နေခဲ့သည်။ ဖြန့်ချိပြီး ၁၃ နှစ်ခန့်၊ ၂၀၁၃ ဇန်နဝါရီ ၄ ရက်နေ့တွင် ဆိုနီမှ ပလေးစတေရှင် ၂ ဂိမ်းစက် ထုတ်လုပ်ဖြန့်ချိမှုကို ရပ်ဆိုင်းခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ プレイステーション2の日本国内での出荷が本日(2012年12月28日)で完了 (in Japanese)။ Famitsu။ Enterbrain (December 28, 2012)။ December 28, 2012 တွင် ပြန်စစ်ပြီး။
- ↑ Sony stops shipping PlayStation 2 units in Japan။ Rappler (December 29, 2012)။ August 4, 2013 တွင် ပြန်စစ်ပြီး။
- ↑ Shiloy၊ Anton (26 February 2007)။ Sony Removes Emotion Engine, Graphics Synthesizer from PAL PlayStation 3။ X-bit labs။ 26 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 May 2014 တွင် ပြန်စစ်ပြီး။
- ↑ John L. Hennessy and David A. Patterson. "Computer Architecture: A Quantitative Approach, Third Edition". ISBN 1-55860-724-2
- ↑ Keith Diefendorff. "Sony's Emotionally Charged Chip". Microprocessor Report, Volume 13, Number 5, April 19, 1999. Microdesign Resources.
- ↑ Guinness World Records 2009 Gamer's Edition။ pp. 108–109။ ISBN 1-904994-45-8။
GTA: San Andreas is the best-selling PlayStation 2 game, with a massive 17.33 million copies sold.
- ↑ PLAYSTATION2 sales reach 155 million units worldwide။ Sony Computer Entertainment (February 14, 2011)။ 2 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 14, 2011 တွင် ပြန်စစ်ပြီး။
- ↑ Makuch၊ Eddie (February 15, 2011)။ 155 million PS2 units shipped worldwide – News at GameSpot။ Asia.gamespot.com။ 22 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 27, 2011 တွင် ပြန်စစ်ပြီး။