ဆိုနီ တေးဂီတ ဖျော်ဖြေရေး

ဝီကီပီးဒီးယား မှ
ဆိုနီ တေးဂီတ ဖျော်ဖြေရေး
Sony Music Entertainment, Inc.
အမျိုးအစားလက်အောက်ခံကုမ္ပဏီ
လုပ်ငန်းတေးဂီတ နှင့် ဖျော်ဖြေရေး
GenreEclectic
တည်ထောင်သည့်နှစ်
  • ၁၉၂၉ (အမေရိကန် အသံသွင်း ကော်ပိုရေးရှင်း)
  • ၁၉၃၈ (ကိုလံဘီယာ အသံသွင်း ကော်ပိုရေးရှင်း)
  • ၁၉၉၁ (ဆိုနီ တေးဂီတ ဖျော်ဖြေရေး)
  • ၂၀၀၄ (ဆိုနီ ဘီအမ်ဂျီ တေးဂီတ ဖျော်ဖြေရေး)
  • ၂၀၀၈ (ဆိုနီ တေးဂီတ ဖျော်ဖြေရေး)
ဌာနချုပ်ဆိုနီတာဝါ၊ နယူးယောက်မြို့,  အမေရိကန်ပြည်ထောင်စု
အရေးပါ ပုဂ္ဂိုလ်များ
  • Doug Morris (CEO)
  • Edgar Berger (Chairman & CEO International)
  • Kevin Kelleher (CFO)
  • Clive Davis (Chief Creative Officer)
ထုတ်ကုန်ပစ္စည်းတေးဂီတနှင့် ဖျော်ဖြေရေး
ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၄.၈၉ ဘီလီယံ (၂၀၁၄ ဘဏ္ဍာရေးနှစ်)[၁]
အခွန်မဆောင်မီ ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၄၈၇ သန်း (၂၀၁၄)[၁]
ပိုင်ရှင်များဆိုနီ
မိခင်ကုမ္ပဏီအမေရိက ဆိုနီ ကော်ပိုရေးရှင်း
ဝက်ဘ်ဆိုက်sonymusic.com

ဆိုနီ တေးဂီတ ဖျော်ဖြေရေး (Sony Music Entertainment; Sony Music သို့မဟုတ် SME) သည် ဂျပန်ကုမ္ပဏီကြီး ဆိုနီကော်ပိုရေးရှင်း၏ လက်အောက်ခံ အမေရိက ဆိုနီ ကော်ပိုရေးရှင်း (Sony Corporation of America) မှ စီမံအုပ်ချုပ်သည့် အမေရိကန်တေးဂီတ ကော်ပရေးရှင်း တစ်ခုဖြစ်သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး အသံသွင်းကုမ္ပဏီ တစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၂၉ ခုနှစ်တွင် အမေရိကန် အသံသွင်း ကော်ပိုရေးရှင်း American Record Corporation (ARC) အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် စီဘီအက်စ် ရုပ်သံကုမ္ပဏီ (CBS Broadcasting, Inc.)မှ ဝယ်ယူခဲ့ကာ ကိုလံဘီယာ အသံသွင်း ကော်ပိုရေးရှင်း Columbia Recording Corporation အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် စီဘီအက်စ် အသံသွင်း အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အမေရိက ဆိုနီ ကော်ပိုရေးရှင်းမှ စီဘီအက်စ် အသံသွင်းကုမ္ပဏီကို ဝယ်ယူခဲ့ပြီး ဆိုနီ တေးဂီတ ဖျော်ဖြေရေး အဖြစ် အမည်ပြောင်းလဲခဲ့သည်။

၂၀၀၄ ခုနှစ်တွင် SME နှင့် ဘာတယ်စမန် တေးဂီတ အုပ်စု (Bertelsmann Music Group) တို့ပူးပေါင်းပြီး ဆိုနီ ဘီအမ်ဂျီ တေးဂီတ ဖျော်ဖြေရေး အဖြစ် ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ဘီအမ်ဂျီ၏ လုပ်ငန်းတစ်ဝက်ခန့်ကို ဆိုနီမှ လွှဲပြောင်းယူခဲ့ပြီးနောက် ဆိုနီ တေးဂီတ ဖျော်ဖြေရေး အဖြစ် အမည် ပြန်လည် ပြောင်းလဲခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ FY 2014 revenue & operating income: Consolidated Financial Results for the Fiscal Year Ended March 31, 2014။ Sony (9 May 2014)။ 29 July 2014 တွင် ပြန်စစ်ပြီး။