ပလေးစတေရှင် ၃

ဝီကီပီးဒီးယား မှ
ပလေးစတေရှင် ၃
PlayStation 3
PlayStation 3 logo
PlayStation 3 logo

Original model, DualShock 3 controller and Slim model
အပေါ်မှစ၍ နာရီလက်တံပြောင်းပြန်အတိုင်း: မူလလိုဂို၊ လိုဂိုအသစ်၊ မူလပထမ မော်ဒယ်၊
DualShock 3 အမျိုးအစား လက်ကိုင်ခလုတ်၊ နောက်ထွက် ပါးလွှာသော "slim" မော်ဒယ်
အခြားအမည်ပီအက်စ်သရီး၊ ပီသရီး
ဖန်တီးသူဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment)
ထုတ်လုပ်သူSony EMCS, Foxconn, ASUSTeK[၁]
ပစ္စည်းအုပ်စုပလေးစတေရှင်
ပစ္စည်းအမျိုးအစားအိမ်သုံးဗီဒီယိုဂိမ်းစက်
မျိုးဆက်သတ္တမမြောက် ဂိမ်းစက်မျိုးဆက်
ဖြန့်ချီသည့်နေ့JPN ၂၀၀၆၁၁၁၁နိုဝင်ဘာ ၁၁, ၂၀၀၆
USA ၂၀၀၆၁၁၁၇နိုဝင်ဘာ ၁၇, ၂၀၀၆
EU ၂၀၀၇၀၃၂၃မတ် ၂၃, ၂၀၀၇
AUS ၂၀၀၇၀၃၂၃မတ် ၂၃, ၂၀၀၇
ရောင်းရသောအရေအတွက်သန်း ၈၀
(as of November 2, 2013)[၂]
မီဒီယာ
စက်မောင်းစနစ်PlayStation 3 system software[၃][၄]
စီပီယူ3.2 GHz Cell Broadband Engine with 1 PPE & 7 SPEs
မှတ်ဉာဏ်256 MB system and 256 MB video
သိုလှောင်နိုင်မှုစွမ်းအား2.5-inch SATA hard drive
(20 GB, 40 GB, 60 GB, 80 GB, 120 GB, 160 GB, 250 GB, 320 GB or 500 GB included) (အဆင့်မြှင့်နိုင်သည်)
ပြသပေးနိုင်မှု
ဂရပ်ဖစ်အမျိုးအစား550 MHz NVIDIA/SCEI RSX 'Reality Synthesizer'
အသံ
Controller inputSixaxis, DualShock 3, DualShock 4, Logitech Driving Force GT, Logitech Cordless Precision controller, standard USB controllers, GT Force, Rhythm game controllers, PlayStation Move, PlayStation 3 Blu-ray Remote Control, GunCon 3, PlayStation Portable, PlayStation Vita, Keyboard and Mouse
ဆက်သွယ်နိုင်မှု
အွန်လိုင်းဝန်ဆောင်မှုPlayStation Network
နောက်ကြောင်းပြန်
လိုက်လျောညီထွေဖြစ်မှု
ပလေးစတေရှင် (မော်ဒယ်အားလုံး)
ပလေးစတေရှင် ၂ (20 GB, 60 GB and some (CECHExx) 80 GB models)
ယခင်အမျိုးအစားပလေးစတေရှင် ၂
နောက်ပေါ်အမျိုးအစားပလေးစတေရှင် ၄
ဝက်ဘ်ဆိုဒ်playstation.com/ps3/

ပလေးစတေရှင် ၃ (PlayStation 3 - PS3) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment) မှ ထုတ်လုပ်သော အိမ်သုံးဗီဒီယိုဂိမ်းစက် အမျိုးအစားဖြစ်သည်။ ပလေးစတေရှင် အုပ်စုဝင် ပလေးစတေရှင် ၂၏ နောက်ထွက်မျိုးဆက်သစ် ဂိမ်းစက်လည်းဖြစ်သည်။ သတ္တမမြောက် ဂိမ်းဆက်မျိုးဆက်အဖြစ် မိုက်ခရိုဆော့ဖ်၏ အိပ်စ်ဘောက်စ် ၃၆၀ (Xbox 360)နှင့် နစ်တန်းဒိုး၏ ဒဗလျူတူး(Wii) ဂိမ်းစက်များနှင့် ခေတ်ပြိုင်ဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ဂျပန်နိုင်ငံတွင် စတင်ဖြန့်ချိခဲ့ပြီး နောက်မကြာမီအချိန်အတွင်း နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည်။[၆]

၂၀၀၅ အီလက်ထရွန်းနစ် ဖျော်ဖြေရေးပြပွဲ (Electronic Entertainment Expo 2005) တွင် စတင်ပွဲထုတ် မိတ်ဆက်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ်ကုန်ပိုင်းတွင် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ဘလူးရေး နည်းပညာကို အသုံးပြုထားသော ပထမဆုံးဂိမ်းစက်ဖြစ်သည်။[၇] ၂၀၀၉ အောက်တိုဘာလတွင် PlayStation 3 Slim မော်ဒယ်ကို ထပ်မံဖြန့်ချိခဲ့သည်။ ယင်းမော်ဒယ်သည် မူလ ပလေးစတေရှင် ၃ ထက် ပါးလွှာ၍ ပိုမိုပေါ့ပါးသည်။ ထပ်မံ၍ ပြုပြင်ထားသော Super Slim မော်ဒယ်ကို ၂၀၁၂ နှောင်းပိုင်းတွင် ဖြန့်ချိခဲ့သည်။ ၂၀၁၃ နိုဝင်ဘာ ၂ ရက်စာရင်းများအရ ပလေးစတေရှင် ၃ ဂိမ်းစက်အား ကမ္ဘာတစ်ဝှန်းတွင် သန်း ၈၀ ခန့်ရောင်းချခဲ့ရပြီးဖြစ်သည်။ နောက်ထပ်မျိုးဆက်သစ် ပလေးစတေရှင် ၄ (PlayStation 4) ဂိမ်းစက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြောက်အမေရိကတွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဥရောပတွင် လည်းကောင်း ဖြန့်ချိခဲ့သည်။ ပလေးစတေရှင် ၄ ဖြန့်ချိပြီးနောက် ဆိုနီကုမ္ပဏီအနေဖြင့် ပလေးစတေရှင် ၃ ကို ၂၀၁၅ အထိ ဆက်လက်ပံ့ပိုး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၈]

ကိုးကား[ပြင်ဆင်ရန်]

  1. Shilov၊ Anton (2006-07-18)။ Asustek Computer Ships PlayStation 3 Consoles။ X-bit labs။ 4 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-05-05 တွင် ပြန်စစ်ပြီး။
  2. PlayStation 3 Sales Reach 80 Million Units WorldwideSony Computer Entertainment။ November 6, 2013 တွင် ပြန်စစ်ပြီး။
  3. PlayStation®3 System Software Version 4.60; Update Your PS3™ System - PlayStation®။ 22 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 23, 2014 တွင် ပြန်စစ်ပြီး။
  4. PS4 v1.72 and PS3 v4.60 Updates Add 'System Stability'။ ign.com (June 25, 2014)။ June 25, 2014 တွင် ပြန်စစ်ပြီး။
  5. PS3 Slim gains ability to bitstream Dolby TrueHD, DTS-HD MA။ Joystiq (2009-08-21)။ 9 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-03-22 တွင် ပြန်စစ်ပြီး။
  6. "PS3 sells out at launch"၊ BBC၊ 2006-11-11။ 2008-01-14 တွင် ပြန်စစ်ပြီး 
  7. PlayStation 3 Features – Blu-ray။ SCEA။ 7 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-03-04 တွင် ပြန်စစ်ပြီး။
  8. Raby၊ Mark (2012-09-25)။ Sony affirms PS3 support until 2015။ Tgdaily.com။ 2014-01-29 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ပလေးစတေရှင် ၃ ၏ တရားဝင် အင်တာနက်စာမျက်နှာများ