စောခင်ထွတ်

ဝီကီပီးဒီးယား မှ
စောခင်ထွတ်
မွေးဖွားc. ၁၂၂၀
ပုဂံ
အိမ်ထောင်ဖက်ရာဇသင်္ကြံ
သားသမီးများအနန္တပစ္စည်း
ရန္တပစ္စည်း
စောစံ
စောစိုး
စံအိမ်ပုဂံ
ခမည်းတော်ကျစွာမင်း
မယ်တော်ရာဇဒေဝီ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

စောခင်ထွတ် သည် ပုဂံခေတ် နန်းတွင်း မင်းသမီးတစ်ပါး ဖြစ်သည်။ ကျစွာမင်းနှင့် မိဖုရား စောစိုးတို့၏ သမီးတော် ဖြစ်သည်။[၁] သူမ၏ ခင်ပွန်းမှာ အမတ်ကြီး ရာဇသင်္ကြံ ဖြစ်သည်။ စောခင်ထွတ်တွင် ရာဇသင်္ကြံနှင့် ရသော သားသမီး အနည်းဆုံး နှစ်ဦးရှိကာ စောစံနှင့် စောစိုးတို့ဖြစ်သည်။[၁] ထို့အပြင် သူမသည် ရာဇသင်္ကြံ၏ သားနှစ်ဦးဖြစ်သော အနန္တပစ္စည်း နှင့် ရန္တပစ္စည်း တို့၏ မိခင်လည်း ဖြစ်နိုင်သော်လည်း ရာဇဝင်ကျမ်းများတွင် သူမအား ထိုသားနှစ်ဦး၏ မိခင်အဖြစ် ဖော်ပြထားခြင်း မရှိပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၆၀

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံ တော်ဝင် သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။