ဝီကီပီးဒီးယား:မူပိုင်ခွင့်များ

ဝီကီပီးဒီးယား မှ


အရေးကြီးသော မှတ်ချက်။ ဝီကီပီးဒီးယား ဆောင်းပါး စာသားများ သို့မဟုတ် သရုပ်ဖော်ပုံများ၏ မူပိုင်ခွင့်ကို ဝီကီမီဒီယာ ဖောင်ဒေးရှင်းက မပိုင်ဆိုင်ပါ။ သို့အတွက် ကျွန်ုပ်တို့၏ ဆက်သွယ်ရန် လိပ်စာမှတဆင့် ဆောင်းပါးများ သို့မဟုတ် ပုံများအား ပြန်လည်အသုံးပြုရန် ခွင့်ပြုချက်တောင်းခံခြင်းသည် အချည်းနှီးဖြစ်ပါသည်။

ဝီကီပီးဒီးယား အကြောင်းအရာများနှင့် ပတ်သက်၍ သင့်အနေဖြင့် ဝီကီမီဒီယာဖောင်ဒေးရှင်းအား ဆက်သွယ်သင့်သည်မှာ ခွင့်ပြုချက်မပါဘဲ အခမဲ့ သုံးစွဲခွင့်မရှိသော မှတ်ပုံတင်ထားသည့် ဝီကီပီးဒီးယား/ဝီကီမီဒီယာ လိုဂိုများ ဖြစ်သည်။

ဝီကီပီးဒီးယားရှိ စာများအား ပြန်လည်အသုံးပြုခွင့်နှင့် ပြင်ဆင်ခွင့်အား သက်ဆိုင်ရာဆောင်းပါးရှင်များက လိုင်စင်သတ်မှတ်ချက်များအတိုင်း (သီးခြားသတ်မှတ်ချက်များအတွက် အောက်တွင် ရှု) လိုက်နာပါက မည်သူကိုမဆို အသုံးပြုခွင့်ပေးပြီးဖြစ်သည်။ ပုံများတွင်မူ ပြန်လည်အသုံးပြုခွင့်နှင့် ပြင်ဆင်ရန် ခွင့်ပြုချက် ရနိုင်၊ မရနိုင်မှာ ပုံတစ်ပုံခြင်းစီအပေါ် မူတည်သဖြင့် ပုံတစ်ပုံခြင်းစီ သေချာစွာ စစ်ဆေးသင့်သည်။ တစ်ခုတည်းသောခြွင်းချက်မှာ တည်းဖြတ်သူများသည် ခွင့်ပြုချက်မရှိဘဲ မူပိုင်ခွင့်ရထားသောအကြောင်းအရာကို အပ်လုဒ်တင်ခြင်းဖြင့် ဝီကီပီးဒီးယားမူဝါဒကို ချိုးဖောက်ခြင်း သို့မဟုတ် အဆိုပါ ဝီကီပီးဒီးယားစာရေးဆရာများ သတ်မှတ်ထားသည့် ကျန်ရှိသော ဝီကီပီးဒီးယား အကြောင်းအရာများနှင့် မကိုက်ညီသည့် မူပိုင်ခွင့်လိုင်စင်ဆိုင်ရာ သတ်မှတ်ထားခြင်း ဖြစ်သည်။ ဝီကီပီးဒီးယားပေါ်ရှိ ယင်းကဲ့သို့သော အကြောင်းအရာများသည် (ဖယ်ရှားခြင်းမခံရမီ သို့ ဖျက်ပစ်ခြင်းမခံရမီ) ယင်းအား ကူးယူခြင်းသည် မူပိုင်ခွင့် ချိုးဖောက်ခြင်း ဖြစ်စေနိုင်သည်။ ယင်းအား အသုံးပြုခွင့်ရရန်အတွက် စာသား သို့မဟုတ် သရုပ်ဖော်ပုံ၏ မူပိုင်ခွင့် ပိုင်ဆိုင်သူအား ဆက်သွယ်မေးမြန်းသင့်သည်။ အမြဲတမ်းမဟုတ်သော်ငြား မူရင်းဖန်တီးသူတစ်ဦး ရှိနေတတ်ပါသည်။

ဝီကီပီးဒီးယားမှ အကြောင်းအရာများအား ပြန်လည်အသုံးပြုလိုပါက ပြန်လည်အသုံးပြုသူ၏ အခွင့်အရေးနှင့် ဝတ္တရားများအပိုင်းတွင် ဦးစွာဖတ်ရှုပါ။ ယင်းနောက် Creative Commons Attribution-ShareAlike 3.0 Unported License နှင့် GNU Free Documentation License တို့ကို ဖတ်ရှုပါ။

ဝီကီပီးဒီးယား၏ စာသားများကို ဝီကီပီးဒီးယား တည်းဖြတ်သူများနှင့် ပံ့ပိုးသူများက (Berne Convention အရ အလိုအလျောက်) မူပိုင်ခွင့် ပိုင်ဆိုင်ပြီး ယခင်က လစ်ဘရယ်လိုင်စင် တစ်ခု သို့ လိုင်စင်များစွာအောက်တွင် အများပိုင် သတ်မှတ်ခဲ့သည်။ ဝီကီပီးဒီးယား၏ စာသားအများစုနှင့် ယင်း၏ ပုံများစွာတို့ကို Creative Commons Attribution-ShareAlike 3.0 Unported License (CC BY-SA) နှင့် GNU Free Documentation License (GFDL) လိုင်စင်တို့ဖြင့် ပူးတွဲသတ်မှတ်ထားသည်။ အချို့သော စာသားများကို CC BY-SA နှင့် CC BY-SA-compatible license များဖြင့် သတ်မှတ်ထားပြီး GFDL အရ ပြန်လည်အသုံးပြုခွင့် မရှိပါ။ ယင်းသို့သော စာသားများအား စာမျက်နှာအောက်ခြေတွင်၊ စာမျက်နှာ ရာဇဝင်တွင်၊ သို့မဟုတ် ဆွေးနွေးချက် စာမျက်နှာတွင် ဖော်ပြထားသည်။ ပုံများတစ်ခုခြင်းစီတွင် ဖော်ပြချက် စာမျက်နှာတစ်ခုစီရှိပြီး မည်သည့်လိုင်စင်ဖြင့် ဖြန့်ချိသည်၊ အခမဲ့ဟုတ်မဟုတ်၊ အကြောင်းပြချက်များ စသည်တို့ကို ဖော်ပြထားသည်။

ကျွန်ုပ်တို့၏ အကြောင်းအရာများအား အခမဲ့ အသုံးပြုခွင့်ပေးသည့် ဝီကီပီးဒီးယားတွင် အသုံးပြုသော လိုင်စင်များသည် အခမဲ့ဆော့ဖ်ဝဲများက အခမဲ့အသုံးပြုခွင့်ပေးသော လိုင်စင်ကဲ့သို့သော သဘောတရားပင် ဖြစ်သည်။ ဝီကီပီးဒီးယား အကြောင်းအရာများကို ပြန်လည်အသုံးပြုရာတွင် တူညီသော လိုင်စင်သတ်မှတ်ချက်များအတိုင်း သတ်မှတ်ရန်နှင့် ဝီကီပီးဒီးယား ဆောင်းပါး၏ ရေးသားသူများအား အသိအမှတ်ပြုဖော်ပြခြင်း ပါဝင်မှသာလျှင် ကူးယူခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ချိခြင်းများ ပြုလုပ်နိုင်သည်။ (ဆောင်းပါး၏ လင့်ခ်အား ဖော်ပြခြင်းကို အသိအမှတ်ပြုဖော်ပြရန်အတွက် လိုအပ်ချက်များတွင် ကျေနပ်ဖွယ်ရာဟု ယေဘုယျအားဖြင့် ယူဆသည်။) ထို့ကြောင့် ကူးယူလိုက်သော ဝီကီပီးဒီးယား အကြောင်းအရာများသည် ဆီလျော်သော လိုင်စင်တစ်မျိုးမျိုးအောက်တွင် အခမဲ့ ဖြစ်နေဦးမည် ဖြစ်ပြီး အချို့သော ကန့်သတ်ချက်များမှအပ မည်သူမဆို ဆက်လက် အသုံးပြုနေနိုင်မည် ဖြစ်သည်။ ယင်းသဘောတရားကို ပုံမှန် မူပိုင်ခွင့်လိုင်စင်များနှင့် ယှဉ်ကာ copyleft ဟူ၍ သိရှိကြသည်။