NGC 262
ပုံပန်းသွင်ပြင်
| NGC 262 | |
|---|---|
NGC 262 as seen from the CTIO Observatory in Chile taken using three filtered multiwavelength images. The galaxy is the bright object to the left of center. | |
| လေ့လာရေး ဒေတာ (J2000 epoch) | |
| ကြယ်စုတန်း | အင်ဒရိုမီဒါ |
| ညာဘက် တိမ်းစောင်းမှု | 00° 48′ 47.14154″[၁] |
| နိမ့်ဆင်းမှု | +31° 57′ 25.08″[၁] |
| ကော့စမစ် အကွာအဝေး လှေကား | အလင်းနှစ် ၂၀၂ မီလီယံ (၆၂ Mpc) |
| ဂယ်လက်ဆီ ခွဲခြားမှု | S0-a |
| ထောင့်ဖြတ် အချင်း (V) | 1,1' × 1,1' |
| မြင်သာသော အရွယ်အစား (V) | 13.1 |
| အခြား ဂုဏ်သတ္တိများ | |
| 2MASX J00484711+3157249, UGC 499, Markarian 348 [၁] | |
NGC 262 (Markarian 348) သည် LGG 14 ကြယ်အစုအဝေးမှ ကြီးမားသည့် ခရုပတ်ပုံစံ ဂယ်လက်ဆီဖြစ်ပြီး အင်ဒရိုမီဒါ ကြယ်စုတန်းထဲမှ အလင်းနှစ် ၂၀၂ မီလီယံအကွာ၌ တည်ရှိသည်။ ယင်းအား ၁၈၈၅ စက်တင်ဘာ ၁၇ တွင် Lewis A. Swift ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။
အရွယ်အစား
[ပြင်ဆင်ရန်]ဤဂယ်လက်ဆီသည် အချင်းအားဖြင့် အလင်းနှစ် ၁.၃ မီလီယံ ရှိပြီး ကြယ်ပေါင်း ၁၅ ထရီလီယံခန့် ရှိသည်။ ဂယ်လက်ဆီသည် သေးငယ်သော ဂယ်လက်ဆီဖြင့် ဒြပ်ဆွဲအား သက်ရောက်ခံရပြီး အရွယ်အစားကြီးမားစေသည်။[၂]
ယင်းသည် ပုံမှန်ခရုပတ်ပုံစံ ဂယ်လက်ဆီထက် ၁၀ ဆ ကြီးသောကြောင့် NGC 262 သည် များစွာ ပုံမှန်မဟုတ်ပေ။[၃] Morris နှင့် Wannier တို့အရ NGC 262 သည် ဟိုက်ဒရိုဂျင် တိမ်တိုက်ကြီးဖြင့် ဝိုင်းရံထားသည်ဟုဆိုသည်။[၃] တိမ်တိုက်သည် နေထုထည်ပေါင်း ၅၀ ဘီလီယံခန့် ရှိပြီး[၃] ဗဟိုဝတ်ဆံမှ အလင်းနှစ် ၂၈၇၀၀၀ အကွာ၌ဖြစ်သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 SIMBAD query result။ Basic data for NGC 262။
- ↑ The New York Times။ Distant galaxy found to be largest known။
- 1 2 3 4 "The optical properties of the unusual galaxy Markarian 348" (May 15, 1980). The Astrophysical Journal 238: 11–12. doi:. Bibcode: 1980ApJ...238L..11H.
| ဤ ဂလက်ဆီနှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |