လေးမြို့မြစ်
လေးမြို့မြစ် | |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
မြို့များ | မြောက်ဦးမြို့၊ မင်းပြားမြို့၊ ပေါက်တောမြို့၊ မြေပုံမြို့၊ စစ်တွေမြို့ |
အချက်အလက်များ | |
စီးဝင်ရာနေရာ | ဘင်္ဂလားပင်လယ်အော် ၀ m (၀ ft) |
အလျား | ၁၈၃.၅ km (၁၁၄.၀ mi) |
လေးမြို့မြစ် သည် ချင်းပြည်နယ်အတွင်းရှိ ချင်းတောင်တန်း ဘာဘုတလန်တောင်ထိပ်မှ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းစီးဆင်းသွားသော မြစ်တစ်စင်းဖြစ်သည်။ ယင်းသည် စစ်တွေအရှေ့ဘက် အိန္ဒိယ သမုဒ္ဒရာသို့ စီးဝင်သည်။ အေဒီ ၈ ရာစုနောက်ပိုင်းနှင့် ၁၃ ရာစုကြားတွင် ရခိုင်လူမျိုးများ အခြေချ တည်ထောင်နေထိုင်ခဲ့သည့် မြို့လေးမြို့ကို အစွဲပြု၍ လေးမြို့မြစ်ဟု အမည်တွင်လာခြင်းဖြစ်သည်။ ကျောက်ဆစ်လက်ရာ အနုပညာများဖြင့် နာမည်ကျော်ကြားသော ဒေသလည်းဖြစ်သည်။ လေးမြို့မြစ်ဝှမ်း အထက်ပိုင်းတွင် သက်တမ်းနု ကျောက်မျက်ရတနာများကိုလည်း တွေ့ရသည်။
ကိုးကား
ဤ မြန်မာနိုင်ငံရှိ မြစ်ချောင်းနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |