လောပိတ ရေတံခွန်

ဝီကီပီးဒီးယား မှ
၁၁:၄၂၊ ၂၆ ဇန်နဝါရီ ၂၀၂၀ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
လောပိတ ရေတံခွန်

လောပိတ ရေတံခွန် သည် မြန်မာနိုင်ငံကယားပြည်နယ်လွိုင်ကော်မြို့နယ်တွင် တည်ရှိသည်။ ရှမ်းပြည်နယ် အင်းလေးကန်မှ စီးဆင်းလာသောရေသည် ဖယ်ခုံမြို့ရှိ ဖယ်ခုံအင်းမှတစ်ဆင့် ဘီလူးချောင်းအဖြစ်ဆက်စီးဆင်းရာ လွိုင်ကော်မြို့မှ ၇ မိုင်ခန့်ဝေးကွာသော မထောကူအရပ်တွင် ရေနိမ့် မြေနိမ့် ၅ မိုင်ခန့်အတွင်း ပေ ၂၅ဝ ခန့်နိမ့်ကျသွား၍၊ မထောကူ ရေတံခွန်ကို ဖြစ်ပေါ်စေသည်။ ထို့မှတဆင့် ၄ မိုင်အတွင်း ပေပေါင်း ၁ ၄၅ဝ အထိ နိမ့်ကျသွားကာ ဖြစ်ပေါ်လျက်ရှိနေသော ရေတံခွန်ကို လောပိတရေတံခွန်ဟု ခေါ်သည်။[၁]

လောပိတရေတံခွန်အနီး၌ ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ် (၃) စက်ရုံတို့ကို တည်ဆောက်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)