ဂန္ထဝင် မက္ကင်းနစ်

ဝီကီပီးဒီးယား မှ
ကမ္ဘာအနား လှည့်ပတ်နေသော ဂြိုဟ်တု၏ ရွေ့လျားမှုအား အရှိန်နှင့် အလျင်ဖြင့် ပုံဖော်ထားပုံ

ဂန္ထဝင် မက္ကင်းနစ် (အင်္ဂလိပ်: Classical mechanics) သည် ရူပဗေဒနယ်ပယ်၌ မက္ကင်းနစ်၏ အခွဲတစ်ခုဖြစ်သည်။ ယင်းနှင့်အပြိုင်မှာ ကွမ်တမ် မက္ကင်းနစ် ဖြစ်သည်။ ဂန္ထဝင် မက္ကင်းနစ်သည် အားသက်ရောက်မှုအောက်၌ ရွေ့လျားကုန်သော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတို့၏ ရုပ်ပိုင်းဆိုင်ရာ နိယာမများနှင့် သက်ဆိုင်သည်။ အရာဝတ္ထုတို့၏ ရွေ့လျားမှုကို လေ့လာခြင်းသည် ရှေ့အကျဆုံး သိပ္ပံဘာသာရပ်အင်ဂျင်နီယာ နည်းပညာနှင့် နည်းပညာတို့ပင် ဖြစ်ပေသည်။ ယင်းအား နယူတန်နီယံ မက္ကင်းနစ် ဟုလည်း သိထားသည်။[၁][၂][၃] ဂန္ထဝင် မက္ကင်းနစ်သည် အသေးငယ်ဆုံး မိုက်ခရိုဆကော့ပစ် အရာဝတ္ထုတို့၏ ရွေ့လျားမှုမှသည် နက္ခတ္တအရာဝတ္ထုများဖြစ်သော အာကာသယာဉ်ကြယ်ဂြိုဟ်ဂယ်လက်ဆီတို့၏ ရွေ့လျားမှုများကိုလည်း လေ့လာသည်အထိ ပါဝင်သည်။ ဂန္ထဝင် မက္ကင်းနစ်သည် အလင်းအလျင်သို့ မရောက်ရှိသော အမြန်နှုန်းများကို တိုင်းတာရာ၌ အင်မတန် တိကျခဲ့သည်။ သို့သော် အရာဝတ္ထုသည် အင်မတန် သေးငယ်လာပြီး အမှုန်၊ လှိုင်းသဘော ဆောင်လာသည့်အခါ မက္ကင်းနစ်၏ အခွဲဖြစ်သော ကွမ်တမ် မက္ကင်းနစ်သည် ဝင်ပါလာခဲ့သည်။


ကိုးကား

  1. Bettini၊ Alessandro (2016)။ A Course in Classical Physics 1—Mechanics။ Springer။ p. vii။ ISBN 978-3-319-29256-4
  2. French၊ A.P. (1971)။ Newtonian Mechanics။ New York: W. W. Norton & Company။ p. 3ISBN 0393099709
  3. Kleppner၊ Daniel; Kolenkow၊ Robert (2014)။ An Introduction to Mechanics (Second ed.)။ Cambridge: Cambridge University Press။ p. 49။ ISBN 978-0-521-19811-0