မာတိကာသို့ ခုန်သွားရန်

ဟန်နာယူရီ

ဝီကီပီးဒီးယား မှ
၀၀:၄၆၊ ၁၆ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ

ဟန်နာယူရီ သည် မြန်မာနိုင်ငံရှိ မိတ်ကပ်အလှဖန်တီးရှင်နှင့် ကြော်ငြာမော်ဒယ်တစ်ဦး ဖြစ်သည်။ သူမသည် Magic 4 မိတ်ကပ်စတူဒီယိုကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ ​မြန်မာနိုင်ငံတွင် နည်းပါးနေသေးသည့် ရုပ်ရှင် မိတ်ကပ်အထူးပြု လိမ်းခြယ်သူများထဲမှ တစ်ဦးဖြစ်သည်။[၁][၂]

ငယ်ဘဝ

ဟန်နာယူရီအား ဇန်နဝါရီလ ၁၇ ရက်နေ့၊ ၁၉၉၃ ခုနှစ်တွင် တောင်ကြီးမြို့တွင် ဖွားမြင်ခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက မိတ်ကပ်ပညာကို စိတ်ဝင်စားခဲ့ပြီး အထက်တန်းအောင်မြင်သောအခါ ထိုင်းနိုင်ငံ သို့ သွားရောက်ပြီး ရုပ်ရှင်မိတ်ကပ်အထူးပြုပညာကို သင်ယူခဲ့သည်။[၂]

အနုပညာလမ်းကြောင်း

ဟန်နာယူရီသည် ပွဲဦးထွက်အနေဖြင့် ဝိညာဉ်စိမ်း ဇာတ်ကားအတွက် သရဲဇာတ်ကောင်မိတ်ကပ် အထူးပြုလုပ်ချက်ကို ဇာတ်ကား တစ်ကားစာ တာဝန်ယူပြင်ဆင်ပေးရန်အတွက် ကမ်းလှမ်းခံရသည်။ ထိုမှတစ်ဆင့် သူမပြင်ဆင်ထားသည့် မိတ်ကပ်ပုံများသည် အင်တာနက်တွင် ပျံ့နှံ့သွားကာ ပရိသတ်အားပေးမှုကို ရရှိခဲ့သည်။ သူမသည် မိတ်ကပ်ပညာရှင် ဖြစ်ရုံသာမက ကြော်ငြာမော်ဒယ် နှင့် ထိုင်းအလှကုန် ပစ္စည်းမော်ဒယ်အဖြစ်ပါ လုပ်ကိုင်သည်။ ဖက်ရှင်ရှိုးပွဲများလည်း လျှောက်သည်။[၂][၃][၄] သီချင်းရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပီး Myanmar Celebrity Media နှင့် ပူးပေါင်းတင်ဆက်ကာ ပြည်ပခရီးသွားအစီအစဉ်များကိုလည်း ရိုက်ကူးခဲ့သည်။[၅][၆][၇]

ဟန်နာယူရီသည် သူမ၏ရည်းစားဖြစ်သော ဘန်နီဖြိုး၏ သီချင်းဗီဒီယိုများဖြစ်သော နှစ်ပတ်လည်[၈] နှင့် မနက်၄နာရီ[၉] တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

သူမသည် Forever Young မည်သောအလှကုန်ပစ္စည်း ရောင်းချမှုကြောင့် ပြဿနာပေါင်းများစွာ ဖြေရှင်းခဲ့ရပြီး လူပေါင်းများစွာရဲ့ ဝေဖန်မှုကိုခံခဲ့ရသည်။

လက်ရှိတွင် Fujifilm Myanmar ၏ Key Opinion Leader အဖြစ်လည်းကောင်း Dermaster ၏ Brand Ambassador အဖြစ်လုပ်ကိုင်လျှက်ရှိပါသည်။

လူနေမှုဘဝ

ဟန်နာယူရီ သည် မြန်မာအဆိုတော် နှင့် သရုပ်ဆောင် ဘန်နီဖြိုး နှင့် ၇နှစ်တာ လက်​တွဲခဲ့သည်။[၁][၁၀]၂၀၁၆ခုနှစ်တွင် အဆိုတော်ဘန်နီဖြိုး သည် အင်တာဗျူးတစ်ခုတွင် သူနှင့် ဟန်နာယူရီ တို့၏ ၇နှစ်တာရည်းစားဘဝသည် ပြီးဆုံးသွားပြီ​ ဖြစ်ကြောင်းဖြေကြားခဲ့သည်။[၁၁]သူမသည် ပြဿနာများဖြင့် ဘဝအခြေအနေ ခက်ခဲနေသောအချိန်တွင် ချစ်သူနဲ့လမ်းခွဲခဲ့ပါသည်။[၁၂]

ကိုးကား

  1. ၁.၀ ၁.၁ Myanmar Celebrity News Hanna Yuri Said She Is Not An Evildoer
  2. ၂.၀ ၂.၁ ၂.၂ Interview with Myanmar Makeup Artist Hanna Yuri။ Eleven Media News။ 2 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. ဝိညာဉ်သရဲဇာတ်ရုပ်အတွက် မိတ်ကပ်အထူးပြုလုပ်ချက်တွေ လက်စွမ်းပြထားတဲ့ Hanna Yuri။ 7day Daily News & Journal (28 August 2015)။
  4. Hanna Yuri။ Myanmar Model Girls။
  5. Myanmar Celebrity Channel ထိုင်းနိုင်ငံ၊ဘန်ကောက်ကရိုးရာသင်္ကြန်ပွဲကို Hanna Yu Ri နဲ့သွားလည်ကြရအောင်
  6. Myanmar Celebrity Channel 2 မိတ်ကပ်ဟန်နာယူရီ(Hanna Yu Ri)နှင့်ခဏတာ
  7. Hanna Yuri Makeup Artist Night Out Makeup Tutorial- Hanna Yuri
  8. Bunny Phyoe (30 September 2015)။ နှစ်ပတ်လည်(Hnit pat lal)Piano Version Official MV - Bunny Phyoe
  9. Bunny Phyoe (22 April 2016)။ မနက်၄ နာရီ Ma Net 4 Nar Ye (4am) Official MV - Bunny Phyoe
  10. Bunny Phyoe - Myanmar Singer Photoshoot - PAPAWADY
  11. လက်ရှိအချစ်ရေးက လွန်ခဲ့တဲ့ ၇နှစ်ကို ပြန်ရောက်သွားပြီလို့ ဖွင့်ဟလာတဲ့ ဘန်နီဖြိုး။ 16 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2017 တွင် ပြန်စစ်ပြီး။
  12. ရည်းစားနဲ့ကွဲပြီးလူတစ်‌‌ယောက်‌ဘယ်‌လိုရှင်‌သန်‌‌နေထိုင်‌ရမလဲ ‌ပြောပြသွားတဲ့ ဘန်‌နီဖြိုးရဲ့ချစ်‌သူ‌ဟောင်းHanna Yuri

ပြင်ပလင့်ခ်များ