မာတိကာသို့ ခုန်သွားရန်

ဟန်နာယူရီ

ဝီကီပီးဒီးယား မှ

ဟန်နာယူရီ သည် မြန်မာနိုင်ငံရှိ မိတ်ကပ်အလှဖန်တီးရှင်နှင့် ကြော်ငြာမော်ဒယ်တစ်ဦး ဖြစ်သည်။ သူမသည် Magic 4 မိတ်ကပ်စတူဒီယိုကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ ​မြန်မာနိုင်ငံတွင် နည်းပါးနေသေးသည့် ရုပ်ရှင် မိတ်ကပ်အထူးပြု လိမ်းခြယ်သူများထဲမှ တစ်ဦးဖြစ်သည်။[][]

ဟန်နာယူရီအား ဇန်နဝါရီလ ၁၇ ရက်နေ့၊ ၁၉၉၃ ခုနှစ်တွင် တောင်ကြီးမြို့တွင် ဖွားမြင်ခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက မိတ်ကပ်ပညာကို စိတ်ဝင်စားခဲ့ပြီး အထက်တန်းအောင်မြင်သောအခါ ထိုင်းနိုင်ငံ သို့ သွားရောက်ပြီး ရုပ်ရှင်မိတ်ကပ်အထူးပြုပညာကို သင်ယူခဲ့သည်။[]

အနုပညာလမ်းကြောင်း

[ပြင်ဆင်ရန်]

ဟန်နာယူရီသည် ပွဲဦးထွက်အနေဖြင့် ဝိညာဉ်စိမ်း ဇာတ်ကားအတွက် သရဲဇာတ်ကောင်မိတ်ကပ် အထူးပြုလုပ်ချက်ကို ဇာတ်ကား တစ်ကားစာ တာဝန်ယူပြင်ဆင်ပေးရန်အတွက် ကမ်းလှမ်းခံရသည်။ ထိုမှတစ်ဆင့် သူမပြင်ဆင်ထားသည့် မိတ်ကပ်ပုံများသည် အင်တာနက်တွင် ပျံ့နှံ့သွားကာ ပရိသတ်အားပေးမှုကို ရရှိခဲ့သည်။ သူမသည် မိတ်ကပ်ပညာရှင် ဖြစ်ရုံသာမက ကြော်ငြာမော်ဒယ် နှင့် ထိုင်းအလှကုန် ပစ္စည်းမော်ဒယ်အဖြစ်ပါ လုပ်ကိုင်သည်။ ဖက်ရှင်ရှိုးပွဲများလည်း လျှောက်သည်။[][][] သီချင်းရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပီး Myanmar Celebrity Media နှင့် ပူးပေါင်းတင်ဆက်ကာ ပြည်ပခရီးသွားအစီအစဉ်များကိုလည်း ရိုက်ကူးခဲ့သည်။[][][]

ဟန်နာယူရီသည် သူမ၏ရည်းစားဖြစ်သော ဘန်နီဖြိုး၏ သီချင်းဗီဒီယိုများဖြစ်သော နှစ်ပတ်လည်[] နှင့် မနက်၄နာရီ[] တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

သူမသည် Forever Young မည်သောအလှကုန်ပစ္စည်း ရောင်းချမှုကြောင့် ပြဿနာပေါင်းများစွာ ဖြေရှင်းခဲ့ရပြီး လူပေါင်းများစွာရဲ့ ဝေဖန်မှုကိုခံခဲ့ရသည်။

လက်ရှိတွင် Fujifilm Myanmar 6 October 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . ၏ Key Opinion Leader အဖြစ်လည်းကောင်း Dermaster ၏ Brand Ambassador အဖြစ်လုပ်ကိုင်လျက် ရှိသည်။

လူနေမှုဘဝ

[ပြင်ဆင်ရန်]

ဟန်နာယူရီ သည် မြန်မာအဆိုတော် နှင့် သရုပ်ဆောင် ဘန်နီဖြိုး နှင့် ၇နှစ်တာ လက်​တွဲခဲ့သည်။[][၁၀]၂၀၁၆ခုနှစ်တွင် အဆိုတော်ဘန်နီဖြိုး သည် အင်တာဗျူးတစ်ခုတွင် သူနှင့် ဟန်နာယူရီ တို့၏ ၇နှစ်တာရည်းစားဘဝသည် ပြီးဆုံးသွားပြီ​ ဖြစ်ကြောင်းဖြေကြားခဲ့သည်။[၁၁]သူမသည် ပြဿနာများဖြင့် ဘဝအခြေအနေ ခက်ခဲနေသောအချိန်တွင် ချစ်သူနဲ့လမ်းခွဲခဲ့သည်။[၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Myanmar Celebrity News Hanna Yuri Said She Is Not An Evildoer 30 July 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. 1 2 3 Interview with Myanmar Makeup Artist Hanna Yuri Eleven Media News။ 2 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. ဝိညာဉ်သရဲဇာတ်ရုပ်အတွက် မိတ်ကပ်အထူးပြုလုပ်ချက်တွေ လက်စွမ်းပြထားတဲ့ Hanna Yuri 7day Daily News & Journal (28 August 2015)။ 26 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2017 တွင် ပြန်စစ်ပြီး။
  4. Hanna Yuri Myanmar Model Girls။ 23 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. Myanmar Celebrity Channel ထိုင်းနိုင်ငံ၊ဘန်ကောက်ကရိုးရာသင်္ကြန်ပွဲကို Hanna Yu Ri နဲ့သွားလည်ကြရအောင်
  6. Myanmar Celebrity Channel 2 မိတ်ကပ်ဟန်နာယူရီ(Hanna Yu Ri)နှင့်ခဏတာ
  7. Hanna Yuri Makeup Artist Night Out Makeup Tutorial- Hanna Yuri
  8. Bunny Phyoe (30 September 2015)။ နှစ်ပတ်လည်(Hnit pat lal)Piano Version Official MV - Bunny Phyoe
  9. Bunny Phyoe (22 April 2016)။ မနက်၄ နာရီ Ma Net 4 Nar Ye (4am) Official MV - Bunny Phyoe
  10. Bunny Phyoe - Myanmar Singer Photoshoot - PAPAWADY
  11. လက်ရှိအချစ်ရေးက လွန်ခဲ့တဲ့ ၇နှစ်ကို ပြန်ရောက်သွားပြီလို့ ဖွင့်ဟလာတဲ့ ဘန်နီဖြိုး 16 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2017 တွင် ပြန်စစ်ပြီး။
  12. ရည်းစားနဲ့ကွဲပြီးလူတစ်‌‌ယောက်‌ဘယ်‌လိုရှင်‌သန်‌‌နေထိုင်‌ရမလဲ ‌ပြောပြသွားတဲ့ ဘန်‌နီဖြိုးရဲ့ချစ်‌သူ‌ဟောင်းHanna Yuri 23 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]