ဒေါင်ကြီးရွာ၊ တန့်ဆည်မြို့နယ်
ဒေါင်ကြီး ဒေါင့်ကြီး | |
---|---|
ရွာ | |
ဒေါင်ကြီးရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°59′48″N 95°19′31″E / 22.9965496063232°N 95.3252487182617°Eကိုဩဒိနိတ်: 22°59′48″N 95°19′31″E / 22.9965496063232°N 95.3252487182617°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | ရွှေဘိုခရိုင် |
မြို့နယ် | တန့်ဆည်မြို့နယ် |
ကျေးရွာအုပ်စု | ဒေါင်ကြီး |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဒေါင်ကြီးရွာ (အင်္ဂလိပ်: Daunggyi)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ဒေါင်ကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၆၇၄ ဖြစ်သည်။[၁] အရှေ့ဖက်တွင် အင်္ကုက္ကားရွာ၊ တောင်ဖက်တွင် ချောင်းဦးရွာ၊ မြောက်ဖက်တွင် ရွှံအိုင်ရွာ အနောက်ဖက်တွင် အိုင်လျားရွာတို့တည်ရှိသည်။ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ဒေါင့်ကြီး၊ ညောင်ကုန်း၊ ဇီးဖြူကုန်း၊ တမည်းတော ကျေးရွာ (၄) ခုရှိသည်။ ကင်းတပ် လက်ယာမြောင်းမတော် အနောက်ဖက်တွင် တည်ရှိသည်။ ကျေးရွာအုပ်စုတစ်ခုလုံး အိမ်ခြေ ၈၀၀ ခန့် ရှိသည်။ အဓိက စီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါသည်။စပါး၊ မြေပဲ၊ ပြောင်း နှင့် အခြားပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာ့သမိုင်းတွင် မထင်ရှားခဲ့သော နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင်များ ပေါ်ထွက်ခဲ့သည်။ သူ့အမည်မှာ ဗိုလ်မြ ဖြစ်ပါသည်။ တပ်မတော် တွင် သူရ/သီဟသူရဘွဲ့ (၂) ခု ရရှိခဲ့သော ဗိုလ်ချုပ် သူရ သီဟသူရ စစ်မောင် သည်လည်း ဒေါင့်ကြီးရွာ ဇာတိဖြစ်သည်။
ကိုးကား
- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |