အထက်မြန်မာပြည်
အထက်မြန်မာပြည်မှာ မြန်မာနိုင်ငံ၏ အထက်ပိုင်းဒေသများဖြစ်သည်။ မန္တလေးနှင့် သူ၏အဆက်အစပ် အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်း၊ အရှေ့ပိုင်း တောင်တန်းဒေသများစွာ ဖြစ်သည်။
ဗမာစကားတွင် အထက်မြန်မာပြည်မှလူကို အညာသားနှင့် အောက်မြန်မာပြည်မှလူကို အောက်သားဟု ခေါ်သည်။
ထိုအခေါ်ကို အင်္ဂလိပ်များမှ စတင်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်များက သိမ်းယူထားပြီး အထက်မြန်မာပြည်ကို မြန်မာမင်းက အုပ်ချုပ်နေသည်။ သမိုင်းအရ အဓိကအားဖြင့် ဗမာများဖြစ်ပြီး အောက်မြန်မာပြည်မှာ ၁၉ ရာစုမတိုင်ခင်အထိ မွန်စကားပြောရာဒေသ ဖြစ်သည်။ ကိုလိုနီခေတ်တွင် တောင်တန်းဒေသနှင့်ပေါင်းကာ အုပ်ချုပ်ရေးနယ်ပယ်တစ်ခုအဖြစ် ထားခဲ့သည်။
အထက်နှင့် အောက်ကို အချို့သောအစိုးရနယ်ပယ်တွင် တွင်ကျယ်စွာအသုံးပြုသေးသည်။ ဥပမာ- ပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)နှင့် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တို့ ဖြစ်သည်။
ပါဝင်သောဒေသများ
- မန္တလေးတိုင်းဒေသကြီး
- ကချင်ပြည်နယ်
- ကယားပြည်နယ် (တစ်ခါတစ်ရံတွင် အောက်မြန်မာပြည်၌ပါတတ်သည်။)
- ချင်းပြည်နယ်
- ရှမ်းပြည်နယ်
- စစ်ကိုင်းတိုင်းဒေသကြီး
- မကွေးတိုင်းဒေသကြီး
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |