မာတိကာသို့ ခုန်သွားရန်

စွန်ခေါင်းဖြူ

ဝီကီပီးဒီးယား မှ

စွန်ခေါင်းဖြူသည် အရွယ်အစားအလယ်အလတ်ရှိသော ငှက်ရဲ ဖြစ်သည်။ သိပ္ပံ အမည်မှာ ဟာလီယတ်စတာ အင်းဒတ်စ် ဖြစ်သည်။ အိန္ဒိယတိုက်ငယ်အရှေ့တောင်အာရှနှင့် ဩစတြေးလျတို့တွင် တွေ့ရသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဒေသရှိ စိမ့်တောများတွင် အများဆုံးကျက်စားသည်။ ငါးအသေကောင်များနှင့် အခြားသားကောင်များကို စားသည်။ အရွယ်ရောက်သောစွန်ခေါင်းဖြူများတွင် နီညိုရောင်ကိုယ်ထည်ရှိပြီး ဦးခေါင်းနှင့်ရင်ပတ်တို့ ဖြူသည်။ ထို့အတွက်ကြောင့် အခြားသောငှက်ရဲများမှ ခွဲခြားနိုင်လေသည်။


စွန်ခေါင်းဖြူများသည် ရေအိုင်မြစ် ချောင်းများနှင့် ရေကန်များအနီးအနားတွင် နေထိုင်ကျက်စားပြီး ဖားဂဏန်း နှင့် ပိုးမွှားများကို စားသောက်ကြသည်။ အသိုက်များကို လယ်ကွင်းများတွင် အထီးတည်း ပေါက်နေသော သစ်ပင်ထက်တွင် ပြုလုပ်လေ့ရှိပြီး ဇန်နဝါရီလမှ မတ်လအတွင်း ဥအုကြသည်။ တစ်ကြိမ်လျှင် ဥ ၂-၃လုံး အုသည်။[]

ကိုးကား

  1. ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်