မာတိကာသို့ ခုန်သွားရန်

ဘော့စ်ကို

ဝီကီပီးဒီးယား မှ
၁၁:၄၇၊ ၃ စက်တင်ဘာ ၂၀၂၀ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 5 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.6) တည်းဖြတ်သည့်မူ
ဦးဘော့စ်ကို
ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၆
ကယားပြည်နယ်
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၇ ဧပြီ ၂၀၁၆ (၂၀၁၆-၀၄-၀၇)
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ကယားပြည်နယ် ဝန်ကြီးချုပ် (ယာယီ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ စက်တင်ဘာ ၂၀၂၀ (၂၀၂၀-၀၉-၀၃)
ခန့်အပ်သူဦးဝင်းမြင့်
ယခင်လူဦးအယ်လ်ဖောင်းရှို
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1974-10-14) ၁၄ အောက်တိုဘာ၊ ၁၉၇၄ (အသက် ၅၀)
ပူဖားကျေးရွာ၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဒီးမော့ဆိုမြို့နယ်
ကယားပြည်နယ်
နိုင်ငံသားမြန်မာ
လူမျိုးကယန်း
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်လူစီးယာ
မိဘဦးသောင်း၊ ဒေါ်မူရှိ
အစိုးရအဖွဲ့ကယားပြည်နယ် အစိုးရအဖွဲ့
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

ဦးဘော့စ်ကို (၁၄ အောက်တိုဘာ ၁၉၇၄ မွေးဖွား) သည် ကယားပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။[] ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ရာထူးမှ ရပ်စဲလိုက်ပြီးနောက် ဦးဘော့စ်ကိုအား ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ်ခဲ့သည်။[][]

အစောပိုင်းဘဝ

ဦးဘော့စ်ကို ကို ၁၉၇၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကယားပြည်နယ်ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာတွင် ဖခင် ဦးသောင်းနှင့် မိခင် ဒေါ်မူရှိတို့က မွေးဖွားခဲ့ပြီး ကယန်းလူမျိုးတစ်ဦး ဖြစ်သည်။[] အထကခွဲ (သေးဆူလဲ)၊ အထက(နန်းမယ်ခုံ)၊ အထက(၂) လွိုင်ကော်မြို့တို့တွင် တယ်တန်းအထိ ပညာသင်ကြားခဲ့သည်။[]

နိုင်ငံရေး

ဦးဘော့စ်ကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာကို ဒီးမော့ဆိုမဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။[]


ကိုးကား

  1. ကယားပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၂၃/၂၀၁၆)။ နိုင်ငံတော် သမ္မတရုံး (၆ ဧပြီ ၂၀၁၆)။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. နော်နိုရင်း (၃ စက်တင်ဘာ ၂၀၂၀)။ ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဘော့စ်ကို ခတ္တဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဒီဗွီဘီ။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. စိုးစိုးထက်၊ ခေမဏီဝင်း (၃ စက်တင်ဘာ ၂၀၂၀)။ ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ။ RFA။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ဦးဘော့စ်ကို ကိုယ်ရေးရာဇဝင်။ ကယားပြည်နယ် လွှတ်တော်။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  5. ကိုယ်စားလှယ် အကြောင်း။ ပွင့်လင်းလွှတ်တော်။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။