မာတိကာသို့ ခုန်သွားရန်

ပါဒစက်တော်ရာဘုရား

ဝီကီပီးဒီးယား မှ
၀၆:၅၂၊ ၁၈ ဩဂုတ် ၂၀၂၀ နေ့က CommonsDelinker (ဆွေးနွေး | ပံ့ပိုး) (Removing ပါဒစက်တော်ရာဘုရား.jpg, it has been deleted from Commons by Gbawden because: per c:Commons:Deletion requests/Files uploaded by Myatkrub.) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ပါဒစက်တော်ရာဘုရား
ပါဒစက်တော်ရာဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပါဒစက်တော်ရာဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာစက်တော်ရာတောင်တော်၊ ပုလောမြို့မြန်မာနိုင်ငံ
ကိုဩဒိနိတ်12°49′20″N 98°44′17″E / 12.82229°N 98.738175°E / 12.82229; 98.738175ကိုဩဒိနိတ်: 12°49′20″N 98°44′17″E / 12.82229°N 98.738175°E / 12.82229; 98.738175
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
အုပ်ချုပ်မှုပါဒစက်တော်ရာဂေါပကအဖွဲ့
အသေးစိတ်
ပင်လယ်ရေ အမြင့်၄,၂၈၀ ft (၁,၃၀၅ m)

ပါဒစက်တော်ရာဘုရားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ပုလောမြို့နယ်ပလမြို့၊  စက်တော်ရာကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး နံဘေးတွင်တည်ရှိကာ ပလစက်တော်ရာဟု လူသိများခဲ့သော ကမ္ဘာလှတောင် စက်တော်ရာဘုရားသည် ပလမြို့အနောက်ဘက် (၂)မိုင်ခန့်ကွာဝေးပြီး ပုလောမြို့နယ် တောင် ဘက် (၁၆)မိုင်ခွဲခန့် ကွာဝေး၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၂၈၀)ခန့်ရှိတည်ရှိသည်။

ဒေသသမိုင်းအကျဉ်း

[ပြင်ဆင်ရန်]

သမိုင်းမှတ်တမ်းများအရ ကမ္ဘာလှတောင်ကို ရသေ့တောင်ဟု အမည်တွင်ခဲ့ရာမှ မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို စတင်တွေရှိခဲ့သည့်အချိန်မှစ၍  ဒေသခံများက စက်တော်ရာတောင်ဟူ၍လည်းကောင်း၊ ဘုရားတောင် ဟူ၍ လည်းကောင်း ခေါ်တွင်လာကြရာမှ တောင်ခြေအနီး၌ နေထိုင်ကြသော ကရင်လူမျိုးများက ကမ္ဗလတောင်ဟု ခေါ်ဆိုကြသည်။ တောင်နှင့်မြောက် စီးဆင်းနေသော ချောင်းကိုအစွဲပြု၍ ကမ္ဗလတောင်ဟုခေါ်တွင်လာရာမှ ယခုအခါ ကမ္ဘာလှတောင်ဟူ၍ အဆင့်ဆင့် အမည်ခေါ်တွင်လာခဲ့သည်။