ပါဒစက်တော်ရာဘုရား
ပါဒစက်တော်ရာဘုရား | |
---|---|
အချက်အလက်များ | |
တည်နေရာ | စက်တော်ရာတောင်တော်၊ ပုလောမြို့၊ မြန်မာနိုင်ငံ |
ကိုဩဒိနိတ် | 12°49′20″N 98°44′17″E / 12.82229°N 98.738175°Eကိုဩဒိနိတ်: 12°49′20″N 98°44′17″E / 12.82229°N 98.738175°E |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
Sect | ထေရဝါဒ ဗုဒ္ဓဘာသာ |
အုပ်ချုပ်မှု | ပါဒစက်တော်ရာဂေါပကအဖွဲ့ |
အသေးစိတ် | |
ပင်လယ်ရေ အမြင့် | ၄,၂၈၀ ft (၁,၃၀၅ m) |
ပါဒစက်တော်ရာဘုရားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ စက်တော်ရာကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး နံဘေးတွင်တည်ရှိကာ ပလစက်တော်ရာဟု လူသိများခဲ့သော ကမ္ဘာလှတောင် စက်တော်ရာဘုရားသည် ပလမြို့အနောက်ဘက် (၂)မိုင်ခန့်ကွာဝေးပြီး ပုလောမြို့နယ် တောင် ဘက် (၁၆)မိုင်ခွဲခန့် ကွာဝေး၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၂၈၀)ခန့်ရှိတည်ရှိသည်။
ဒေသသမိုင်းအကျဉ်း
[ပြင်ဆင်ရန်]သမိုင်းမှတ်တမ်းများအရ ကမ္ဘာလှတောင်ကို ရသေ့တောင်ဟု အမည်တွင်ခဲ့ရာမှ မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို စတင်တွေရှိခဲ့သည့်အချိန်မှစ၍ ဒေသခံများက စက်တော်ရာတောင်ဟူ၍လည်းကောင်း၊ ဘုရားတောင် ဟူ၍ လည်းကောင်း ခေါ်တွင်လာကြရာမှ တောင်ခြေအနီး၌ နေထိုင်ကြသော ကရင်လူမျိုးများက ကမ္ဗလတောင်ဟု ခေါ်ဆိုကြသည်။ တောင်နှင့်မြောက် စီးဆင်းနေသော ချောင်းကိုအစွဲပြု၍ ကမ္ဗလတောင်ဟုခေါ်တွင်လာရာမှ ယခုအခါ ကမ္ဘာလှတောင်ဟူ၍ အဆင့်ဆင့် အမည်ခေါ်တွင်လာခဲ့သည်။