၇၃ လမ်း

ဝီကီပီးဒီးယား မှ

၇၃ လမ်းသည် မန္တလေးမြို့၏ အဓိကလမ်းမကြီးများအနက်မှ တစ်လမ်းဖြစ်သည်။ ထိုလမ်းသည် မြို့၏ တောင်နှင့်မြောက်အတိုင်း ဖောက်လုပ်ထားသည်။ မြောက်ဘက်ပိုင်း၏အစသည် မန္တလေးတောင်ခြေရှိ မန္တလေး-မိုးကုတ်-မြစ်ကြီးနားလမ်းမှ စတင်သည်။ တောင်ဘက်ပိုင်း၏အစသည် ရန်ကုန်-မန္တလေး လမ်းပေါ်တွင် အဆုံးသတ်သည်။ ၇၃ လမ်းသည် ၁၂ လမ်းမှ ၂၆ ဘီလမ်းအတွင်း နန်းမြို့ရိုးကို ဖြတ်၍ လည်းကောင်း၊ ၄၂ လမ်းမှ သိပ္ပံလမ်းအတွင်း မန္တလေးတက္ကသိုလ်အားလည်းကောင်း ဖြတ်သန်းသွားသည်။ ၂၆ ဘီလမ်းမှ မန္တလေးတက္ကသိုလ်အထိ သိပ္ပံလမ်းအရောက်အတွင်းတွင် အဓိပတိလမ်းဟုလည်း ခေါ်ကြသည်။[၁]အရှင်နှစ်ပါး ပါတော်မူစဉ်က နန်းမြို့အတွင်းမှ ကျော်မိုးတံခါးမှထွက်၍ ဤလမ်းအတိုင်း ၃၅ လမ်းမှတစ်ဆင့် ဂေါဝိန်ဆိပ်သို့ သွားခဲ့ကြသည်။

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

ထင်ရှားသော လမ်းဆုံများ[ပြင်ဆင်ရန်]

  • မန္တလေး-မိုးကုတ်-မြစ်ကြီးနားလမ်း
  • ၁၂ လမ်း
  • ၂၆ ဘီလမ်း
  • လမ်း ၃၀
  • သိပ္ပံလမ်း

ကိုးကား[ပြင်ဆင်ရန်]