မင်္ဂလာဈေး (မန္တလေး)

ဝီကီပီးဒီးယား မှ
မင်္ဂလာဈေး
တည်နေရာ၇၃ လမ်းနှင့် လမ်း ၃၀ထောင့်၊ မန္တလေးမြို့
ကိုဩဒိနိတ်21°58′33″N 96°05′47″E / 21.975913°N 96.096294°E / 21.975913; 96.096294ကိုဩဒိနိတ်: 21°58′33″N 96°05′47″E / 21.975913°N 96.096294°E / 21.975913; 96.096294
ဖွင့်လှစ်ခဲ့သည်ရက်စွဲ၁၉၉၈
ပိုင်ရှင်မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ

မင်္ဂလာဈေးသည် မန္တလေးမြို့ရှိ အဓိကဈေးများအနက်မှ တစ်ခုဖြစ်သည်။၁၉၉၈ခုနှစ် မတ်လ ၂၆ရက်နေ့ ဖွင့်လှစ်ခဲ့သည်။ လေးထပ်အဆောက်အဦးဖြစ်ကာ ဈေးဆိုင်ခန်းများနှင့် လူနေတိုက်ခန်းများပါဝင်သည်။၂၀၁၆ခုနှစ် မတ်လ၂၂ရက်နေ့ ညတွင် မီးလောင်ကျွမ်းခဲ့ပြီး ဆက်လက်သုံးစွဲရန် မသင့်လျော်တော့သဖြင့် ဖြိုချခဲ့သည်။ မီးလောင်မှုကြောင့် ရုံးခန်း ၇ ခန်း၊ အရောင်းပြခန်း ၆ ခန်း၊ ဈေးဆိုင်ခန်း ၄၈၁ ခန်း၊ လူနေတိုက်ခန်း ၅၆ ခန်း စုစုပေါင်း အခန်း ၅၅၀ နှင့် ပျံကျဈေးဆိုင်များ အပါအဝင် အခန်းပေါင်း ၇၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ကျပ်သန်းပေါင်း ၁​​ထောင်ကျော် ဆုံးရှုံးခဲ့သည်။

ယာယီမင်္ဂလာဈေးအား ၃၅လမ်းရှိ ဂေါ်ရာကွင်းတွင် ဖွင့်လှစ်ထားရှိသည်။[၁]မူလဆိုင်ခန်းပိုင်ရှင်များ၊မြို့တော်စည်ပင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ ညှိနှိုင်း၍ မရသဖြင့်[၂] ၂၀၂၁ခုနှစ်အထိ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးပေ။၂၀၂၀ပြည့်နှစ်အတွင်းက တိုင်းအစိုးရအဖွဲ့မှ ထိုနှစ်အတွင်း ၈ထပ်(သို့မဟုတ်)၁၀ထပ်ရှိသော ဈေးကို ပြန်လည်တည်ဆောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သော်လည်း လက်တွေ့တွင် တည်ဆောက်နိုင်ခြင်းမရှိခဲ့ပေ။[၃][၄]

ကိုးကား[ပြင်ဆင်ရန်]