အဲလစ်အုန်း

ဝီကီပီးဒီးယား မှ
Alice Ong
ဇာတိ အမည်အဲလစ်အုန်း
မွေးဖွားချို ချို
(1994-08-08) ဩဂုတ် ၈၊ ၁၉၉၄ (အသက် ၂၉)
တောင်ကြီး, မြန်မာ
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းVictoria University College
University of Wolverhampton
အလုပ်အကိုင်သရုပ်ဆောင်, မော်ဒယ်, အလှအပကျွမ်းကျင်သူ
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၃ – လက်ရှိ
အရပ်၁.၆၅ m (၅ ft ၅ in)

အဲလစ်အုန်း (အင်္ဂလိပ်:Alice Ong , ၁၉၉၄ ဩဂုတ်လ ၈ တွင်မွေးဖွား) သည် မြန်မာအမျိုးသမီး သရုပ်ဆောင် တစ်ဦးဖြစ်ပြီး အလှအပရေးရာကျွမ်းကျင်သူ နှင့် မော်ဒယ် တစ်ဦး လည်းဖြစ်သည်။ မျက်နှာပြင်များ(၂၀၁၈) နှင့် ဘယ်လာနှင့်ကျွန်တော် (၂၀၁၇) ရုပ်ရှင်များတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် လူသိများ ထင်ရှားလာခဲ့သည်။ [၁][၂][၃]

ငယ်ဘဝ နှင့် ပညာရေး[ပြင်ဆင်ရန်]

အဲလစ်အုန်း သည် ၁၉၉၄ခုနှစ် ဩဂုတ်လ ၈ရက်နေ့ တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ၌ မွေးဖွားခဲ့သည်။ သူမသည် ရှမ်း-တရုတ် ကပြားတစ်ဦး လည်းဖြစ်သည်။ မွေးချင်းလေးယောက် ရှိသည့် အနက်မှ အကြီးဆုံး သမီးဖြစ်သည်။ HND ဒီပလိုမာ ကို Victoria University College မှ ၂၀၁၅ခုနှစ် တွင် ဘွဲ့ရခဲ့ ပြီး BA honors အား University of Wolverhampton မှ ၂၀၁၈ခုနှစ် တွင် ရခဲ့သည်။ အဲလစ် သည် တောင်ကြီးမြို့ မှ ရန်ကုန်မြို့ သို့ မိဘများ ကွာရှင်းပြီးနောက်ပိုင်းတွင် သူမ၏မိခင်နှင့်အတူ ပြောင်းရွေ့လာခဲ့သည်။[၄]

မော်ဒယ်အဖြစ်လှုပ်ရှားမှု[ပြင်ဆင်ရန်]

ပြည်တွင်းအလှမယ်အဖြစ်[ပြင်ဆင်ရန်]

အဲလစ် သည် ပြည်တွင်း၌ ကျင်းပခဲ့သော Miss Suko အလှမယ်ပြိုင်ပွဲ တွင် အနိုင်ရသူတစ်ဦးဖြစ်သည်။ ဒါအပြင် Shwe Kann Tharyar နှင့် Miss PH Care ပြိုင်ပွဲတို့တွင်လည်း အနိုင်ရရှိခဲ့သည်။ [၅]

အနုပညာလှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၁၃ခုနှစ် တွင် အလှမယ်မော်ဒယ် အဖြစ်စတင်လှုပ်ရှားခဲ့ပြီး မဂ္ဂဇင်း မျက်နှာဖုံး အတွက်လည်း မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့သည်။[၆] မင်းသမီး အဖြစ် Miss Asia Yangon Myanmar (2015) ပြိုင်ပွဲ ပြီးနောက်ပိုင်းတွင် လုပ်ကိုင်ခဲ့သည်။ အဲလစ် ၏ပထမဆုံး ရုံတင် ရုပ်ရှင်ကား မှာ မျက်နှာပြင်များ (Dimensions) ဖြစ်ပြီး ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင် ခါရာ နဲ့အတူ သရုပ်ဆောင်ခဲ့သည်။ အဆိုပါ ရုပ်ရှင်အား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့ တွင် ပြည်တွင်း၌ ရုံတင်ခဲ့ပြီးနောက်ပိုင်း စင်ကာပူနိုင်ငံတွင်လည်း ရုံတင်ခဲ့သည်။[၇][၈] အဲလစ်၏ ဒုတိယမြောက် ရုပ်ရှင်မှာ ဘယ်လာနှင့် ကျွန်တော် ဖြစ်ပြီး ၂၀၁၇ မေလ တွင် ဖြန့်ချိခဲ့သည်။ [၉][၁၀]

အရောင်းသံတမန်[ပြင်ဆင်ရန်]

၂၀၁၇ခုနှစ် တွင် CANAL+မြန်မာချာတိတ် နှင့် ပူတူတူး ရုပ်သံလိုင်းများ၏ အရောင်းသံတမန် ( brand ambassador) အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၂၀၁၈ခုနှစ်တွင် လည်း Vivo လက်ကိုင်ဖုန်း ၏ အရောင်းသံတမန် ( brand ambassador) အဖြစ် ခန့်အပ်ခြင်း ခံရသည်။ [၁၁][၁၂]

ရုပ်ရှင်[ပြင်ဆင်ရန်]

ခုနှစ် မြန်မာနာမည် အင်္ဂလိပ်နာမည် နေရာ မှတ်ချက်
၂၀၁၉ လေဆန်ကကြိုး Wind Up Dancer[၁၃] စင်သီယာ ခေါင်းဆောင်ပိုင်း
၂၀၁၈ မျက်နှာပြင်များ Dimensions အခါရာ ခေါင်းဆောင်ပိုင်း
၂၀၁၇ ဘယ်လာနှင့်ကျွန်တော် Bella and Me ဘယ်လာ ခေါင်းဆောင်ပိုင်း

ကိုးကား[ပြင်ဆင်ရန်]

  1. Dimensions (မျက်နှာပြင်များ) (in my)။ The Voice Weekly (8 February 2018)။ 11 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 June 2018 တွင် ပြန်စစ်ပြီး။
  2. Yu Phyu Han (2 March 2018)။ "ပရိသတျအတှကျ အစားထိုးလို့ မရတဲ့ ကာရိုကျတာမြိုး ဖွဈခငြျတယျ"ဆိုတဲ့ Alice Ong (in my)။ The Irrawaddy။ 9 March 2018 တွင် ပြန်စစ်ပြီး။
  3. 亚洲小姐ALlCE ONG:我要把多彩贵州风带回缅甸 (in zh)။ Toutiao။ 12 June 2018 တွင် ပြန်စစ်ပြီး။
  4. Alice Ong Learnt About Many Life Lessons When She Was Young (in en)။ Myanmar Celebrities။ 24 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 June 2018 တွင် ပြန်စစ်ပြီး။
  5. ချစ်စရာကောင်းတဲ့ အမူအရာနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ မော်ဒယ်/သရုပ်ဆောင် အဲလစ်အုန်း
  6. BARBIE & CUTTIE (in en)။ People Magazine။ 23 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. "စင်ကာပူမှာ ရုံတင်ဖို့စီစဉ်နေတဲ့ မျက်နှာပြင်များ"၊ 7Day News၊ 12 July 2018။ Archived from the original on 14 July 2018။ 
  8. "ဦးထုပ်ဆောင်းပြီးလမ်းဘေးဆိုင်လေးတွေမှာ တစ်ယောက်တည်းလျှောက်စားဖြစ်တယ်ဆိုတဲ့ Alice Ong"၊ Sunday Journal၊ 17 March 2018။ Archived from the original on 12 July 2018။ 
  9. "သရုပ်ဆောင်တွေထဲမှာ ကိုယ့်ကိုကိုယ်ကံကောင်းတယ်ထင်တယ့် အဲလစ်အုန်း"၊ Popular Myanmar။ Archived from the original on 12 April 2019။ 
  10. "သဘာဝကျတဲ့ ဇာတ်ကောင်မျိုးတွေ သရုပ်ဆောင်ချင်ပေမယ့် Cute ဖြစ်တဲ့ ကာရိုက်တာတွေမှာ သရုပ်ဆောင်ဖို့ ကမ်လှမ်းတာတွေများတယ်ဆိုတဲ့ သရုပ်ဆောင် အဲလစ်အုန်း"၊ Weekly Eleven။ Archived from the original on 12 July 2018။ 
  11. ကလေးတွေနဲ့ဆိုင်တဲ့ရုပ်သံလိုင်းကိုတာဝန်ယူထားရတဲ့ အဲလစ်အုန်း။ 12 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 November 2018 တွင် ပြန်စစ်ပြီး။
  12. "Smartphoneအသုံးများလာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးကိုဘယ်လိုကာကွယ်မလဲ Alice Ong"၊ Popular Myanmar။ Archived from the original on 6 February 2020။ 
  13. မော်ကွန်းတင်ပြီးမိတ္တူ။ 15 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2019 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]