မာတိကာသို့ ခုန်သွားရန်

အောင်မျိုးမြင့်

ဝီကီပီးဒီးယား မှ
H.E.

အောင်မျိုးမြင့်
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၃ မတ် ၂၀၂၀
ယခင်လူဦးမင်းလွင် []
မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၀၁၉  ၂၀၂၀
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (ဂျီနီဗာမြို့)
တာဝန်သက်တမ်း
၂၀၁၈  ၂၀၁၉
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1964-07-26) ၂၆ ဇူလိုင်၊ ၁၉၆၄ (အသက် ၆၁)
ဧရာဝတီတိုင်းဒေသကြီးဇလွန်မြို့နယ်
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကျွမ်းကျင်မှုသံတမန်

ဦးအောင်မျိုးမြင့်(၂၆ ဇွန် ၁၉၆၄ ဖွား) သည် လက်ရှိတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။[] ၎င်းသည် ထိုရာထူးနေရာတွင် မခန့်အပ်ခံရမှီ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် မွေးဖွားခဲ့သည်။ငယ်စဉ်က ဇလွန်မြို့နယ်တွင်ပင် ပညာသင်ကြားသည်။ယင်းနောက် ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးသည်။ ၁၉၈၄ ခုနှစ်တွင် အင်္ဂလိပ်စာဘာသာအထူးပြုဖြင့် ဘွဲ့ရရှိသည်။ ဂျပန်နိုင်ငံ Tsubuka တက္ကသိုလ်မှ နေ၍လည်း အရှေ့တောင်အာရှလေ့လာမှုဆိုင်ရာမစ္စတာဘွဲ့အား ၂၀၀၅ခုနှစ်တွင် ရရှိထားသည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ဦးအောင်မျိုးမြင့်သည် ၁၉၈၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံတမန်အဖြစ် စတင်လုပ်ကိုင်ခြင်းဖြင့် ဝန်ထမ်းဘဝကို စတင်သည်။

တာဝန်ထမ်းဆောင်ခဲ့မှုများ

[ပြင်ဆင်ရန်]

၁၉၉၁ - ၉၃ ကာလ၌ အိန္ဒိယနိုင်ငံ နယူးဒေလီ ရှိ မြန်မာသံရုံးတွင် တတိယအတွင်းဝန်အဖြစ် အမှုထမ်းသည်။

၁၉၉၃ - ၂၀၀၃ အချိန်များကို နီပေါနိုင်ငံ ခတ္တမန္ဒူရှိ မြန်မာသံရုံးတွင် ဒုတိယအတွင်းဝန်နှင့် ပထမအတွင်းဝန်အဖြစ် တာဝန်ယူသည်။

၂၀၀၅ - ၂၀၀၈ အတွင်း တရုတ်နိုင်ငံ ပေကျင်းရှိ မြန်မာသံရုံးတွင် ပထမအတွင်းဝန်နှင့် ကောင်စစ်ဝန်အဖြစ် လုပ်ကိုင်သည်။

၂၀၁၁-၂၀၁၃ တွင် ဘရာဇီးရှိ မြန်မာသံရုံးတွင် ကောင်စစ်ဝန်နှင့်သံရုံးတာဝန်ခံအဖြစ် ဆောင်ရွက်သည်။

၂၀၁၈-၂၀၁၉ တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်(ဂျီနီဗာမြို့) အဖြစ် တာဝန်ပေးခံရသည်။

ထိုသို့တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီး ဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး(၂၀၀၃-၂၀၀၅) တာဝန်အားလည်းကောင်း၊ အာဆီယံရေးရာရာဦးစီးဌာန တွင် ဒုတိယညွှန်ကြားရေးမှူး (၂၀၀၈-၂၀၁၁)တာဝန်အားလည်းကောင်း ယင်းနောက် အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး (၂၀၁၄-၂၀၁၆)အဖြစ်လည်းကောင်း တာဝန်များအသီးသီးပေးအပ်ခံရသည်။[]

ဆက်လက်၍ အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်[] ခန့်အပ်ခြင်းခံရကာ ၂၀၁၉ နောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသည်။[]

၂၀၂၀ ဖေဖော်ဝါရီတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် []က ခန့်အပ်ခဲ့ကာ ဦးအောင်မျိုးမြင့်က ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဂျကာတာမြို့အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်ထံ ပေးအပ်သည်။[]

ရရှိခဲ့သောဆု

[ပြင်ဆင်ရန်]

တရားဥပဒေစိုးမိုးရေးဆု (၁၉၉၄)၊ ဝန်ထမ်းကောင်းဆု (၂၀၀၆)၊ နှင့် ထူးချွန်ဝန်ထမ်းဆု (၂၀၁၉)တို့ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ဦးဆောင်သော မြန်မာပါလီမန်ကိုယ်စားလှယ်အဖွဲ့ အကြိမ်(၄၀)မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့တက်ရောက် Myanmar Digital News (၃၁ ဩဂုတ် ၂၀၁၉)။ 25 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. China, ASEAN hold award ceremony for 2nd 'Friendship and Cooperation' short video contest winners CHINA INTERNATIONAL COMMUNICATIONS GROUP (12 November 2021)။ 6 March 2023 တွင် ပြန်စစ်ပြီး။
  3. U Aung Myo Myint ASEAN Institute for Peace and Reconciliation 26 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2023 တွင် ပြန်စစ်ပြီး။
  4. ဝါရှင်တန်မှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး ဒေါ်စု မတက်ရောက်နိုင် VOA Burmese (၂၅ ဧပြီ၂၀၁၇)။ ၆ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ Myanmar Digital News (၁ ဖေဖော်ဝါရီ ၂၀၂၀)။ 6 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်သမ္မတဦးဝင်းမြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် ဦးအောင်မျိုးမြင့်အား လမ်းညွှန်မှာကြား Myanmar Digital News (၂၁ ဖေဖော်ဝါရီ ၂၀၂၀)။ 6 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. Presentation of Letter of Credentials by Ambassador of Myanmar, H.E. Ambassador Aung Myo Myint ASSOCIATIONOF SOUTHEAST (13 March 2020)။ 6 March 2023 တွင် ပြန်စစ်ပြီး။