အောင်ထက်လွင် (ပန်းချီ)

ဝီကီပီးဒီးယား မှ

မြန်မာပန်းချီဆရာတစ်ဦးဖြစ်သူ ပန်းချီအောင်ထက်လွင်ကို (၁၉၉၁)ခုနှစ်တွင် ဧရာဝတီတိုင်းပန်းတနော်မြို့တွင် မွေးဖွားခဲ့သည်။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဝိဇ္ဇာဘွဲ့(ပန်းချီ)၊ ဘွဲ့လွန် ဒီပလိုမာ (ပန်းချီ) နှင့် အနုပညာကွန်ပျူတာဒီပလိုမာတို့ကို ရရှိခဲ့သည်။

ပန်းချီပညာကို ပန်းချီမိုးညိုပန်းချီအောင်သင်းဦးပန်းချီမြင့်နိုင်တို့ထံတွင် သင် ကြားခဲ့သည်။ (၂၀၁၀)ပြည့်နှစ်မှ စတင်၍ အုပ်စုလိုက် ပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့သည်။

ပြည်ပပန်းချီပြပွဲအဖြစ် ဟောင်ကောင်နီပေါအယ်လ်ဘေးနီးယားမက္ကဆီကိုဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံများရှိ ပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့သည်။

တစ်ကိုယ်တော်ပန်းချီပြပွဲလေးပွဲ ပြသခဲ့သည်။ ပထမဆုံးတစ်ကိုယ်တော်ပြပွဲကို (၂၀၁၅)ခုနှစ်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၊ သုဝဏ္ဏဘူမိ ပန်းချီပြခန်းတွင် ပြသခဲ့သည်။ ဒုတိယမြောက်တကိုယ်တော်ပြပွဲဖြစ်သော Yangon Essay ပန်းချီပြပွဲကို (၂၀၁၆)ခုနှစ်တွင် ရန်ကုန်မြို့၊ လောကနတ်ပန်းချီပြခန်းတွင်လည်းကောင်း၊ တတိယ မြောက် တကိုယ်တော်ပြပွဲဖြစ်သော illumination 31 ပန်းချီပြပွဲကို (၂၀၁၇)ခုနှစ်တွင် ရန်ကုန်မြို့၊ Cloud 31 ပန်းချီပြခန်းတွင် လည်းကောင်း၊ စတုတ္ထမြောက် တစ်ကိုယ်တော်ပြပွဲဖြစ်သော Two Hearts of Myanmar ပန်းချီ ပြပွဲကို (၂၀၁၇)ခုနှစ်တွင် ရန်ကုန်မြို့၊ Cloud 31 ပန်းချီပြခန်းတွင်လည်းကောင်း ပြသခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. 8 Watercolour art Exhibition 2018 ပြပွဲကတ်တလောက်