အိချောပို
အိချောပို | |
---|---|
Ei Chaw Po at Art House Gallery in 2018 | |
မွေးဖွား | အိချောပို ဇန်နဝါရီ ၃၊ ၁၉၉၀ ရန်ကုန်၊ မြန်မာနိုင်ငံ |
လူမျိုး | မွန်လူမျိုး |
နိုင်ငံသား | မြန်မာ |
မိခင်ကျောင်း | အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) |
အလုပ်အကိုင် | သရုပ်ဆောင်၊ မော်ဒယ် (လူ) |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၆ – လက်ရှိ |
အရပ် | ၅ ft ၇ in (၁.၇၀ m) |
မိဘ(များ) | ချိုမောင် သီတာစန်း |
အိချောပို (အင်္ဂလိပ်: Ei Chaw Po; ၁၉၉၀၊ ဇန်နဝါရီ ၃ ရက် မွေးဖွား) သည် မြန်မာနိုင်ငံသား မွန်အမျိုးသမီး သရုပ်ဆောင်၊ မော်ဒယ်တစ်ဦး ဖြစ်သည်။ သူမသည် မြန်မာရုပ်ရှင်ဇာတ်ကားများတွင် အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့သည်။[၁][၂][၃]
ဘဝအစောပိုင်းနှင့် ပညာရေး
[ပြင်ဆင်ရန်]အိချောပိုကို ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဦးချိုမောင်၊ ဒေါ်သီတာစန်း တို့ဖြစ်သည်။ မောင်နှမသုံးယောက်ရှိပြီး ဒုတိယမြောက်သမီး ဖြစ်သည်။ သူသည် အထက်တန်းပညာရေးကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း − ကမာရွတ် တွင် တက်ရောက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် သူမသည် ရုပ်ရှင်ရိုက်ကူးရေးပညာ နှင့် ပြဇာတ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဂီတဒီပလိုမာဘွဲ့ ရရှိခဲ့သည်။[၄][၅]
သက်မွေးမှုလုပ်ငန်း
[ပြင်ဆင်ရန်]သရုပ်ဆောင်
[ပြင်ဆင်ရန်]အိချောပိုသည် ကိုးတန်းတက်နေစဉ် ၂၀၀၆ ခုနှစ်တွင် မော်ဒယ်အလုပ်ကို စတင်လုပ်ဆောင်ခဲ့သည်။ သူမသည် မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံများ၊ ကြော်ငြာများစွာတို့တွင် ကြော်ငြာမော်ဒယ်အဖြစ်လည်း လုပ်ဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ် သူမ သရုပ်ဆောင်တစ်ယောက် ဖြစ်လာသည့်အခါ ပိုမိုကျော်ကြားလာခဲ့သည်။ သူမ၏ ပွဲဦးထွက်ရုပ်ရှင်မှာ လှပသောဝဋ် ဇာတ်ကား ဖြစ်သည်။ ထိုဇာတ်ကားတွင် အိချောပိုသည် အဓိကနေရာမှ သရုပ်ဆောင်ခဲ့သည်။ ထို့နောက်တွင် သူမသည် ယောက်ျားကို ရောင်းစားမယ် ဟူသော ဇာတ်ကားတွင်လည်း သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားသည် သရုပ်ဆောင်ပြေတီဦးနှင့်အတူ ပထမဆုံး သရုပ်ဆောင်ခြင်း ဖြစ်ပြီး အဓိကနေရာမှ သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားသည် အိချောပိုဟု လူသိများစေခဲ့သည်။
၂၀၁၄ ခုနှစ်တွင် သရုပ်ဆောင် နေတိုးနှင့် အတူ ရွှေဒင်္ဂါးကို ထွေခင်းကစားမယ် ဇာတ်ကားရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားကို ညီညီထွန်းလွင်က ရိုက်ကူးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ သူမသည် ရုပ်ရှင်ကားကြီးပေါင်း ၉၀ ကျော်၊ ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးခဲ့သည်။ သူမသည် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင် မြန်မာ့အကယ်ဒမီဆုအတွက် အကောင်းဆုံး သရုပ်ဆောင်အဖြစ် ဇကာတင်သတ်မှတ်ခြင်း ခံခဲ့ရသည်။
၂၀၁၇ ခုနှစ်တွင် သူမသည် သရုပ်ဆောင်လွှမ်းပိုင်နှင့် အတူ ကြွေ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြသခဲ့သသည်။[၆][၇][၈]
ကြော်ငြာ
[ပြင်ဆင်ရန်]အိချောပိုသည် မြန်မာ့ဩဘာဓာတ်မြေဩဇာအတွက် သရုပ်ဆောင်နေတိုးနှင့်အတူ ၂၀၁၄ ခုနှစ်တွင် ဗီဒီယိုကြော်ငြာတစ်ခု ရိုက်ကူးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် သူမသည် Ve Ve အချိုရည်၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူမသည် မြန်မာနိုင်ငံရှိ များစွာသော ကြော်ငြာတို့တွင် ကြော်ငြာမော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့သည်။
ရိုက်ကူးခဲ့သည်များ
[ပြင်ဆင်ရန်]ရုပ်ရှင်ကားကြီး
[ပြင်ဆင်ရန်]- ၉၀ ကျော်
ဗီဒီယိုဇာတ်ကား
[ပြင်ဆင်ရန်]- ၂၀၀ ကျော်
ကိုးကား
[ပြင်ဆင်ရန်]- ↑ Khin Swe Thet။ "အချစ်ရေးက အေးဆေးပဲဆိုတဲ့ အိချောပို" (in my)၊ 7Day News၊ 20 May 2018။ 10 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 23 May 2018။
- ↑ Chit Poe။ "“တက္ကသိုလ် ကျောင်းတုန်းက ကောင်လေးတွေကို ပညာပေးတာမျိုး မရှိပါဘူး” ဆိုတဲ့ အိချောပို" (in my)၊ The Irrawaddy၊ 13 July 2018။ 10 August 2018 တွင် ပြန်စစ်ပြီး။
- ↑ Lin Lin Khine။ "သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ-အိချောပို"၊ Weekly Eleven၊ 31 January 2018။ 10 August 2018 တွင် ပြန်စစ်ပြီး။
- ↑ Khin Swe Thet။ "Body Shaming လုပ်သူတွေ ကိုယ်ချင်းစာစိတ်ထားပေးဖို့ ပြောလိုက်တဲ့ အိချောပို"၊ 7Day News၊ 30 October 2017။ 10 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 31 October 2017။
- ↑ Phyu Phway Thant။ "စင်ကာပူမှာ ငြိမ်းချမ်းရေးပြဇာတ်ကမယ့် အိချောပို"၊ 7Day News၊ 13 September 2015။ 10 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 10 August 2018။
- ↑ Mann Thu။ "“လက်ရှိမှာ ဟာသကားတွေပဲ ရိုက်ဖြစ်နေတယ်” ဆိုတဲ့ အိချောပို" (in my)၊ The Irrawaddy၊ 25 June 2018။ 10 August 2018 တွင် ပြန်စစ်ပြီး။
- ↑ Thiha Toe။ "ခေတ်နဲ့ စနစ်ကို သရော်ထားတဲ့ “အော်တိုဘုရင်” ရုပ်ရှင်" (in my)၊ The Irrawaddy၊ 20 October 2017။ 10 August 2018 တွင် ပြန်စစ်ပြီး။
- ↑ Zwe Nyan။ "ပြည့်တန်ဆာဇာတ်ရုပ်ပီပြင်ဖို့ ပြောမထွက်တဲ့ ဒိုင်ယာလော့တွေ ကြိုးစားပြောခဲ့တဲ့ အိချောပို"၊ 7Day News၊ 15 January 2018။ 10 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 18 January 2018။