အာရပ်အဖွဲ့ချုပ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အာရပ် ကမ္ဘာ သို့မဟုတ် မူဆလင် ကမ္ဘာ  နှင့် မရောထွေးပါနှင့်။
League of Arab States
جامعة الدول العربية
Jāmiʻat ad-Duwal al-ʻArabiyya
League of Arab Statesجامعة الدول العربيةJāmiʻat ad-Duwal al-ʻArabiyya၏ Flag
Flag
League of Arab Statesجامعة الدول العربيةJāmiʻat ad-Duwal al-ʻArabiyya ၏ တည်နေရာ
Secretariat ကိုင်ရိုမြို့အီဂျစ်နိုင်ငံ
အဖွဲ့ဝင် 34 states,
20 founder states (1961)
ဦးဆောင်သူများ
• Secretary General
Nabil el-Araby
• Speaker of the Arab Parliament
Nabih Berri
တည်ထောင်
• Founded
22 March 1945
ဝက်ဘ်ဆိုဒ်
http://arableagueonline.org

အာရပ်အဖွဲ့ချုပ် သည် အာဖရိက မြောက်ပိုင်းနိုင်ငံများ နှင့် အနောက်တောင် အာရှ နိုင်ငံများ တို့ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံ အများစု က အာရဗီဘာသာ စကားကို ရုံးသုံး ဘာသာစကား အဖြစ်အသုံးပြုသည်။ ရည်မှန်းချက်မှာ သွေးစည်းမှုရှိရန် နှင့် ပြဿနာများကို ပူးပေါင်းအဖြေရှာရန် တို့ ဖြစ်သည်။

အဖွဲ့ချုပ် က တရားဝင် မဖော်ပြထားသော်လည်း ၎င်းတို့၏ ရုံးသုံး စာရွက်စာတမ်းများ တွင် အာရဗီ ဘာသာစကားကိုသာ အသုံးပြုကြသည်။ ၁၉၄၅ ခုတွင် အီဂျစ်၊ လက်ဘနွန်၊ ဆော်ဒီအာရေးဗီးယား၊ ဆီးရီးယား၊ အီရတ်၊ ရီမင်၊ ထရန်စ် − ဂျော်ဒန် (ဂျော်ဒန်)စသည့် အာရပ် ၇ နိုင်ငံမှ အလက်ဇန္ဒားသဘောတူညီမှု အရ အဖွဲချုပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တွင် နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်ပြီး အစ္စရေးအီရီထရီယာချဒ် နိုင်ငံများမှအပ အာရဗီ ဘာသာစကားကို တရားဝင် ရုံးသုံးအဖြစ် အသုံးပြုသော နိုင်ငံများ အားလုံးသည် အဖွဲ့ဝင် ဖြစ်ကြသည်။

အာရပ်အမျိုးသားအဖွဲ့ချုပ်ဆိုသည်မှာ အာရေဗျဘာသာစကားကိုအမျိုးသားဘာသာ စကားဖြစ် ပြောဆိုသုံးစွဲကြသည့် အာရပ်နိုင်ငံများကို စုစည်းထား သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ် သည်။ အင်္ဂလိပ်ဘာသာဖြင့် အာရပ်လိဂ်ဟုခေါ်သည်။ အာရပ်မျိုးသားအဖွဲ့ချုပ်ကို ၁၉၄၅ ခုနှစ်မေလ ၁ဝရက် နေ့တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ စတင်ဖွဲ့စည်း ခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က ပါဝင်သော နိုင်ငံများမှာ အီဂျစ်၊ အီရက်၊ ဂျော်ဒန်၊ လက်ဗနွန်၊ ဆအူးဒီ အာရေဗျ၊ ဆီးရီးယားနှင့် ယေမင်နိုင်ငံတို့ဖြစ်၏။ထိုမှနောက်ပိုင်းတွင် အဖွဲ့ဝင်သစ်များ တိုးပွားလာခဲ့ရာ ယခုအခါ အာရပ်အဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံရှိပေသည်။


ယင်း ၂၁ နိုင်ငံမှာ ကော့တာ၊ ကူဝိတ်၊ ဆီးရီးယား၊ ဆူဒန်၊ ဆအူးဒီအာရေဗျ၊ ဆိုမားလီးယား၊တျူး နီးဇီးယား၊ တောင်ယေမင်၊ ဗာရိန်း၊ မော်ရီတေးနီးယား၊ မိုရော့ကို၊ မြောက်ယေမင်၊ လစ်ဗျ၊ လက်ဗနွန်၊ အာ ရပ်စောဘွား နယ်ပေါင်းစုနိုင်ငံ၊ အီဂျစ်၊ အီရက်၊ အိုမန်၊ အယ်လဂျီးရီးယားနှင့် ပယ်လက်စတိုင်လွတ်မြောက် ရေး အဖွဲ့တို့ ဖြစ်၏။ ပယ်လက်စတိုင်လွတ်မြောက်ရေးအဖွဲ့သည် အာရပ်အဖွဲ့ချုပ်၏ နောက်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး ၁၉၇၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အဖွဲ့ဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ အာရပ်အဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင် သည့် ကောင်စီက အဖွဲ့ချုပ်၏လုပ် ငန်းများကို တာဝန်ယူဆောင် ရွက်သည်။ ယင်းကောင်စီ၏ အောက်တွင် နိုင်ငံရေးကော်မတီ အပါအဝင်အခြား ကော်မတီများရှိ၏။ ဌာနချုပ်ရုံးကို ကိုင်ရိုမြို့တွင် ထားရှိသည်။ အာရပ်အဖွဲ့ချုပ်၏ အဓိကလုပ်ငန်းမှာ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စရပ်များတွင် အဖွဲ့ဝင် နိုင်ငံများပူးပေါင်း ဆောင်ရွက်ရေးပင်ဖြစ်၏။ အာရပ်အဖွဲ့ချုပ်၏ မျက်မှောက်နိုင်ငံ ရေးပြသနာမှာ ၁၉၆၇ခုနှစ် စစ်ပွဲအတွင်းကအဇ္ဇရီယယ်တို့ဝင် ရာက်သိမ်းပိုက်ခဲ့သော အာရပ်နယ်မြေများကို ပြန်လည်ရရှိရေး ပင်ဖြစ်သည်။ အာရပ်အဖွဲ့ချုပ်ဝင် နိုင်ငံများသည် အခြားပြသနာ များတွင် သဘောကွဲလွဲမှုများ မကြာခဏ ပေါ်ပေါက်ခဲ့သော် လည်း အဇ္ဇရီယယ်နှင့် ဖြစ်ပွားသည့် စစ်ပွဲများတွင်မူ ညီညွတ်စွာ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ [၁]

အာရပ်အမျိုးသားအဖွဲ့ချုပ်သည် အာရပ်ဘာသာစကားကို အမျိုးသား ဘာသာစကားအဖြစ် ပြောဆိုသုံးစွဲကြသော အာရပ် နိုင်ငံများ စုပေါင်းထားသည့် အဖွဲ့အစည်း ဖြစ်သည်။

အာရပ်နိုင်ငံများတွင် နေထိုင်ကြသော အာရပ်လူမျိုး သန်းပေါင်း ၁ဝဝ ကျော်သည် မျိုးနွယ်တစ်ခုတည်းမှ ဆင်း သက်လာကြသူများ ဖြစ်ကြသည်။ တူညီသော အာရပ်ဘာသာ စကားကိုလည်း ပြောဆိုကြသည်။ လက်ဗနွန်နိုင်ငံမှအပ ကျန် အာရပ်နိုင်ငံ အားလုံးသည် အစ္စလာမ်ဘာသာကို အဓိက ကိုး ကွယ်ကြသည်။ ထို့ပြင် အာရ်နိုင်ငံများသည် ကိုလိုနီဘဝမှ လွတ်မြောက်လာကြသော ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြသည်။ ဤ ကဲ့သို့ တူညီသောလူမျိုးရေး၊ ဘာသာရေးနှင့် ဘာသာစကား အခြေခံတို့ဖြင့် အာရပ်နိုင်ငံများအကြား ညီနောင်စိတ်ထား ရှိစေမည့် ညီညွတ်ရေးကို ဖန်တီးပေးထားခြင်း ဖြစ်သည်။

ဤကဲ့သို့ ညီညွတ်ရေးအတွက် တူညီသော အခြေခံများ ရှိနေသလို သွေးကွဲစေမည့် အခြေအနေများလည်း ရှိနေကြသည့် အာရပ်နိုင်ငံများသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး လုပ်ငန်း များတွင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန်အတွက် အာရပ်အမျိုးသား အဖွဲ့ချုပ်ကို ၁၉၄၅ ခုနှစ် မတ်လ ၂၂ ရက် တွင် စတင် ဖွဲ့စည်းခဲ့သည်။

စတင်ဖွဲ့စည်းချိန်တွင် အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊လက်ဗနွန်၊ ဆအူးဒီအာရေဗျ၊ ဆီးရီးယားနှင့် ယေမင်နိုင်ငံတို့ ပါဝင်ခဲ့ကြ သည်။ နောက်ပိုင်းတွင် အယ်ဂျီးရီးယား၊ ဗာရိန်း၊ ကူဝိတ်၊ လစ်ဗျ၊ မိုရော့ကို၊ အိုမန်၊ ကော့တာ၊ တောင်ယေမင်၊ မြောက် ယေမင်၊ ဆိုမာလီ၊ ဆူဒန်၊ တျူနစ်ဇီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ မောရီတေးနီးယားစသည့် နိုင်ငံများလည်း ပါဝင် လာခဲ့ကြသည်။ ပါလက်စတိုင် လွတ်မြောက်ရေး အဖွဲ့ကိုလည်း အဖွဲ့ဝင်အဖြစ် ၁၉၇၆ ခုနှစ် စက်တင်ဘာလတွင် လက်ခံခဲ့ လေသည်။

အဖွဲ့ချုပ်၏ လုပ်ငန်းတာဝန်များကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သော ကောင်စီက တာဝန်ယူ ဆောင် ရွက်ပေးသည်။ ထို့ပြင် ကောင်စီအောက်တွင် ကော်မတီ အသီး သီးကိုလည်း ဖွဲ့စည်းထားခဲ့ လေသည်။

၁၉၇၉ ခုနှစ် မတ်လ ၂၆ ရက်တွင် အီဂျစ်သမ္မတဒတ်နှင့် အစ္စရေးဝန်ကြီးချုပ် ဗယ်ဂင်တို့သည် အမေရိကန်သမ္မတ ကာတာနှင့်အတူ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေးစာချုပ်ကို ဝါရှင်တန်မြို့၌ လက်မှတ်ရေးထိုး လိုက်ကြလေသည်။ ဤသို့ အီဂျစ်နိုင်ငံသည် အာရပ်ကမ္ဘာမှ ဖယ်ခွာကာ အရှေ့အလယ်ပိုင်းအတွက် ကိုယ်ပိုင်လမ်းစဉ်ဖြင့် ဆောင်ရွက် ခြင်းကို အာရပ်နိုင်ငံအများစုက မကျေမနပ် ဖြစ်ခဲ့ကြသည်။ အီဂျစ်နိုင်ငံကို နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးနှင့် အာရပ် အဖွဲ့အစည်းအသီးသီးမှ ထုတ်ပယ်ရန် ကြိုးစားကြသည်။

အီဂျစ်-အစ္စရေးငြိမ်းချမ်းရေး စာချုပ်အတွက် ဝါရှင်တန် မြို့၌ ဆွေးနွေးနေကြစဉ် အာရပ်အမျိုးသားအဖွဲ့ချုပ်၏ ကိုးကြိမ် မြောက် ထိပ်သီးညီလာခံကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် ကျင်းပကာ အီဂျစ်နိုင်ငံကို ညီလာခံသို့ မဖိတ်ပဲ ချန်ထားခဲ့သည်။

ထို့ပြင် အီဂျစ်နိုင်ငံ၏ လမ်းစဉ်ကို ဆန့်ကျင်ရာတွင် အယူအဆ ပြင်းထန်သော အယ်ဂျီးရီးယား၊ လစ်ဗျ၊ တောင် ယေမင်၊ ဆီးရီးယားနှင့် ပါလက်စတိုင် လွတ်မြောက်ရေး အဖွဲ့တို့က ကြံ့ကြံ့ခံတပ်ဦးတစ်ခုကို ဖွဲ့စည်းကာ အီဂျစ်နိုင်ငံ နှင့် နိုင်ငံရေး၊ စီးပွားရေးနှင့်ဆက်သွယ်မှုအားလုံး ဖြတ်တောက် ကြကြောင်း ၁၉၇၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ကြေညာခဲ့ လေသည်။

ထို့နောက် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ကျင်းပသော အာရပ် နိုင်ငံခြားရေးနှင့်စီးပွားရေးဝန်ကြီးများ ညီလာခံက အီဂျစ်နိုင်ငံမှ အာရပ်သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူရန် အီဂျစ်နိုင်ငံကို စီးပွားရေးအရ ဝိုင်းပယ်ရန် ဆုံးဖြတ်ကြသည်။အာရပ်အမျိုးသား အဖွဲ့ချုပ်၏ ဌာနချုပ်ကိုလည်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ တျူနစ် ဇီးယားနိုင်ငံ တျူနစ်မြို့သို့ ပြောင်းရွှေ့ခဲ့လေသည်။

ဤကဲ့သို့ အီဂျစ်နိုင်ငံ ဆန့်ကျင်ရေး လုပ်ငန်းများတွင် အာရပ်နိုင်ငံများသည် တစုံတရာသော အတိုင်း အတာအထိ စုပေါင်း ဆောင်ရွက်နိုင်ကြသော်လည်း မိမိတို့အချင်းချင်း အတွင်း၌လည်း ညီညွှတ်ရေး ပျက်ပြားမှုများ ရှိလာခဲ့ပြန်သည်။ အထူးသဖြင့် အီရန်-အီရတ်စစ်ပွဲတွင် ဆီးရီးယားခေါင်းဆောင် သော အာရပ်နိုင်ငံအချို့က အာရပ်နိုင်ငံဖြစ်သည့် အီရတ်ကို မထောက်ခံပဲ အီရန်ဘက် ယိမ်းခြင်းအတွက် အာရပ်နိုင်ငံများ သွေးကွဲစရာ ဖြစ်ရသည်။

အာရပ်ပြဿနာများကို အဖြေရှာရန်အတွက် အာရပ် အမျိုးသားအဖွဲ့ချုပ်၏ ၁၁ ကြိမ်မြောက် ထိပ်သီးညီလာခံကို ဂျော်ဒန်နိုင်ငံ အမ္မန်မြို့တွင် ၁၉၈ဝ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည်။ ယင်းညီလာခံကို ရွှေ့ဆိုင်းပေးရန် ဆီးရီးယားက တောင်းဆိုပြီး တောင်းဆိုချက် မအောင်မြင်သောအခါ ဆီးရီးယား၊ အယ်ဂျီးရီးယား၊ တောင် ယေမင်၊ လစ်ဗျ၊ လက်ဗနွန်နှင့် ပါလက်စတိုင် လွတ်မြောက် ရေး အဖွဲ့တို့က ညီလာခံကို သပိတ်မှောက်ကြသည်။

ယင်းကဲ့သို့ အာရပ်နိုင်ငံများအကြား ညီညွတ်ရေး ပျက် ပြားကာ ပဋိပက္ခ ပိုမိုနက်ရှိုင်းလာခြင်းအတွက် အဖွဲ့ချုပ်အတွင်း ရေးမှူးချုပ် ချတ်ဒလီကလီဘီက ဝမ်းနည်းစကားပြောကြားပြီး ချစ်ကြည်ရေးနှင့် ညီညွတ်ရေး တည်ဆောက်ရန် ပန်ကြားခဲ့ လေသည်။[၂]


အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

Arab League History.svg

အဖွဲ့ဝင် နိုင်ငံများမှာ −

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၈)
  2. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၁)