အာဘွိုင်း

ဝီကီပီးဒီးယား မှ
အာဘွိုင်း
အင်္ဂလိပ်:  Ah Boy
ဖြူ့ကလပ်တွင် တွေ့ရသော အာဘွိုင်း
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းကျော်ဖြိုးထွန်း
မွေးဖွား (1986-01-13) ၁၃ ဇန်နဝါရီ၊ ၁၉၈၆ (အသက် ၃၈)
မြိတ်မြို့
ဂီတဟန်ဟစ်ဟော့
အလုပ်အကိုင်တေးရေး၊ တေးဆို၊ စီးပွားရေးသမား
တက်ကြွသည့်နှစ်များ၂၀၀၂ – ယခုထိ
ပူးတွဲ ပါဝင်မှုရော့စတား အဆိုအဖွဲ့

အာဘွိုင်း (အင်္ဂလိပ်: Ah Boy) သည် မြန်မာနိုင်ငံသား ဟစ်ဟော့အဆိုတော်၊ တေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။ မြန်မာဟစ်ဟော့ အဆိုအဖွဲ့ တစ်ခုဖြစ်သော ရော့စတား တွင် အဆိုရှင်အဖြစ် ပါဝင်ထားသည်။ [၁][၂]

ငယ်ဘဝ[ပြင်ဆင်ရန်]

အာဘွိုင်းကို မြိတ်မြို့တွင် ၁၉၈၆ ခု၊ ဇန်နဝါရီလ ၁၃ ရက်တွင် ဦးစိန်ဝမ်နှင့် ဒေါ်မဉ္ဇူထွန်း တို့မှမွေးဖွားသည်။[၃] မွန်နှင့်တရုတ်စပ်သော လူမျိုးဖြစ်သည်။ အမည်ရင်းမှာ ကျော်ဖြိုးထွန်း ဖြစ်သည်။ ဖခင်ဦးစိန်ဝမ်မှာ ထင်ရှားသော မော်လမြိုင်သား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ညီမတစ်ယောက်၊ ညီတစ်ယောက် ရှိသည်။ အာဘွိုင်းသည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လွင်မိုး၏ တူ တော်စပ်သူလည်း ဖြစ်သည်။

မြန်မာ နိုင်ငံတကာကျောင်း (International School of Myanmar) မှ အထက်တန်း အောင်သည်။

အနုပညာ လှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၀၂ ခု၊ ကျောင်းသားဘဝ၌ပင် အနုပညာလှုပ်ရှားမှု စသည်။ ရော့စတားအဖွဲ့တွင် ပါဝင်ကာ တစ်ကိုယ်တော်တေးစီးရီးထုတ်ရန် စိုင်းပြင်းသည်။ ၂၀၀၇ ခုတွင် တရုတ်တန်း အမည်ရှိ တေးစီးရီးကို ထုတ်ဝေနိုင်ခဲ့သည်။ ထို့နောက်တွင်မူ စီးပွားရေးဘက်ကို အလေးပါကာ ဂီတလှုပ်ရှားမှု နည်းသွားသည်။

စီးပွားရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

မိသားစုမှာ လုပ်ငန်းအများအပြား ပိုင်ဆိုင်ရာ မြန်မာလိုက်တင် အိုင်ပီပီ (Myanmar Lighting IPP) ကုမ္ပဏီနှင့် ဘီးဒေါ့ (Bedok) ဆောက်လုပ်ရေးတို့တွင် မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူ လုပ်ကိုင်လျက် ရှိသည်။ [၄][၅]

ဖြူ့ (FUSE) ကလပ်ကိုလည်း စပ်တူပိုင်သည်။ [၆]

တေးစီးရီးများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
တရုတ်တန်း ၂၀၀၇

မိသားစု ဘဝ[ပြင်ဆင်ရန်]

၂၀၀၆ ခုတွင် အဆိုတော် စင်ဒီနှင့် လက်ထပ်ရာ သမီး ၂ ယောက်ရသည်။ ထို့နောက် ကွာရှင်းကြသည်။

၂၀၁၂ ခု၊ ဇွန်လ ၂၃ ရက်တွင် စံရတီမိုးမြင့်နှင့် တတွဲတွဲ ဖြစ်လာသည်။ သို့သော်လည်း မကြာမီပင် ပတ်သက်မှု မရှိတော့ပေ။ [၇]

၂၀၁၆ ခုတွင် မြန်မာ မော်ဒယ်နှင့် သရုပ်ဆောင် မြတ်ရတနာကျော်နှင့် စုံတွဲခုတ်သည်။ ၂၀၁၇ ခု၊ ဒီဇင်ဘာလ ၂၁ ရက်တွင် လက်ထပ်ရာ [၈] သမီးဦး စကားလက်ဖြိုးထွန်း ကို ၂၀၁၈ ခုတွင် မွေးဖွားသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Rock Star အဖွဲ့က Ah.boy ကို ပရိသတ်တွေ မှတ်မိနေကြဦးမှာပါ (in my)။ Yatanarpon News။ 12 October 2017 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. သူ့ရဲ့တာဝန်မကျေခဲ့မှုနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ Ah boy (in my)။ Myanmar Hip Hop Channel (18 February 2013)။ 12 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2017 တွင် ပြန်စစ်ပြီး။
  3. https://news-eleven.com/article/119811
  4. အာဘွိုင်း … စီးပွားရေးပဲ လုပ်တော့မယ်The Irrawaddy (25 July 2013)။ 12 October 2017 တွင် ပြန်စစ်ပြီး။
  5. အိမ်ထောင်ကွဲဖူးတဲ့ လူတစ်ယောက်မှာ အချစ်သစ် မတွေ့ရဖူးလို့ ဘယ်ဥပဒေမှာမှ ပြဋ္ဌာန်းမထားပါဘူး အာဘွိုင်း (in my)။ Yatanarpon။ 12 October 2017 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. အိမ်ထောင်သစ်ထူ ဖြစ်မလား Ah Boy (in my)။ KMT News။ 12 October 2017 တွင် ပြန်စစ်ပြီး။
  7. San Yati Moe Myint Falls in Love with Ah Boy (in en)။ Myanmar Celebrity News (24 June 2012)။ 12 October 2017 တွင် ပြန်စစ်ပြီး။
  8. ထိုင်းမှာ Pre wedding ရိုက်ကူးနေတဲ့ Ah-boy တို့စုံတွဲ (in my)။ Shwe Mon (26 September 2017)။ 29 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2017 တွင် ပြန်စစ်ပြီး။