အသုံးပြုသူ ဆွေးနွေးချက်:Minn Htutkyaw

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် Minn Htutkyaw ![ပြင်ဆင်ရန်]

--Welcome-Bot (ဆွေးနွေး) ၂၀:၀၀၊ ၁၄ မတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

Interwiki Links (link to English Wikipedia and other Wikipedias)[ပြင်ဆင်ရန်]

Thank you so much for creating new articles. There is a way to link articles from here to other Wikipedias. Languages at left lower corner⇒Add links⇒ Language:English (enwiki)⇒Page:xxxxx⇒link with page⇒Comfirm. This is how we link pages between Myanmar and other Wikis. Let me know if you need any assistant. Cheer! NinjaStrikers «» ၁၂:၃၀၊ ၈ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

ကိုးကားစာအုပ်များ[ပြင်ဆင်ရန်]

အလင်းဆောင်းပါးမှာ ဋ၏ "အောက်သက်ကျေ ရူပဗေဒ", အရသာနဲ့ အနံ့ ဆောင်းပါးမှာ ဋ၏ "အဘိဓမ္မာနှင့် နျူရိုစိုင်းယန့်စ်" ဆိုတဲ့ ကိုးကားတွေ ထည့်လိုက်တာ တွေ့ရပါတယ်။ Google သုံးပြီး ရှာကြည့်လိုက်တော့ ရလဒ်ပြန်မရပါဘူး။ ဝီကီပီးဒီးယားမှာ ခိုင်လုံတဲ့၊ စိစစ်အတည်ပြုနိုင်တဲ့ ကိုးကားတွေကို အသုံးပြုပါပြီး ကိုယ်တိုင်ထုတ်ဖော်ထားတဲ့ အချက်အလက်တွေကို အသုံးမပြုရပါဘူး။ စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး အတည်ပြုလေ့လာဖို့ ကိုးကားတွေကို ကြည့်တဲ့အခါ ခိုင်လုံတဲ့ စိစစ်အတည်ပြုနိုင်တဲ့ ကိုးကားတွေ ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် အတည်ပြုနိုင်တဲ့ အဆိုပါ ကိုးကားတွေကို ဖယ်ရှားလိုက်တဲ့အကြောင်း အသိပေးတာပါ။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၁၃:၃၅၊ ၈ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

အဲဒါတွေ ဖြုတ်လိုက်တာကို လက်ခံသဘောတူပါတယ်။ Minn Htutkyaw (ဆွေးနွေး) ၂၂:၃၀၊ ၉ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

ဩဂုတ် ၂၀၂၃[ပြင်ဆင်ရန်]

Information icon ဝီကီပီးဒီးယားမှ ကြိုဆိုပါတယ်။ မကြာမီက သင်ဖန်တီးလိုက်သော စာမျက်နှာယူးနဗှာ့စ် ဟာ စာမျက်နှာသစ်များအတွက် ဝီကီပီးဒီးယားရဲ့ လမ်းညွှန်ချက်အချို့နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် (မဖယ်ရှားရသေးပါက) မကြာမီအတွင်း ဖယ်ရှားခြင်း ခံရမှာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီးတော့ စမ်းသပ်မှုများကို sandbox မှာ ပြုလုပ်ပေးပါ။ ဆောင်းပါးများ ဖန်တီးခြင်းနဲ့ပတ်သက်တဲ့ နောက်ထပ် အချက်အလက်များအတွက် သင်၏ ပထမဆုံး ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။ တည်းဖြတ်ရေးသားခြင်းနဲ့ ပတ်သက်ပြီး လေ့လာနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ မိတ်ဆက် စာမျက်နှာကိုလည်း ဖတ်ရှုပေးပါ။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၁၅:၀၀၊ ၁၀ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

Universe ကို စကြဝဠာလို့ ဘာသာပြန်စွဲ မှားလျက်နဲ့ မချွတ်နိုင်ကြလို့ ကျွန်တော်ပြင်ပေးတာတွေကို "စကြဝဠာ" page မှာ ဖြုတ်လိုက်တယ်။ ဒါကြောင့် ကျမ်းအကိုးအကားနဲ့ ထပ်ပြပြီးတော့ ဘာသာပြန်အမှန်နဲ့ Universe=လောက ဖြစ်ကြောင်းကို သီးသန့် (ပိုမှန်မှန်) ရေးတာကို "လမ်းညွှန်ချက်နဲ့ မကိုက်ညီ"ဆိုတာ မမှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အကိုးအကား အတိအကျနဲ့ ဘာသာပြန် အသုံးအနှုန်း လမ်းကြောင်းတည့်မတ်ပေးတာကို လက်မခံနိုင်တဲ့ အကျင့်နဲ့ မြန်မာဝီကီပီးဒီးယားကို ကိုင်တွယ်နေကြသရွေ့ မြန်မာတွေရဲ့ အသိသုတ တိုးတက်ရေးက ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။ Minn Htutkyaw (ဆွေးနွေး) ၁၅:၁၅၊ ၁၀ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
အမှားဟာ လူသိစွဲများနေလည်း ကျမ်းအကိုးအကား ခိုင်ခိုင်မာမာနဲ့ ဖြစ်လာတဲ့အခါ ပြုပြင်ပေးတာက မြန်မာဝီကီပီးဒီးယား ကိုင်တွယ်သူတွေမှာ ရှိသင့်တဲ့အချက် ဖြစ်တယ်။ ဒါကို လက်ခံမခံ အကြောင်းပြန်ကြည့်ပါ။ Minn Htutkyaw (ဆွေးနွေး) ၁၅:၁၇၊ ၁၀ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
ဝီကီပီးဒီးယားဆိုတာ လူတိုင်းဝင်ရောက်ပြင်ဆင်ရေးသားနိုင်တဲ့နေရာပါ။ ဒါပေမယ့် လူတိုင်းက ကိုယ်ထင်ရာကိုယ်ရေးချင်ရာ ကိုယ့်ယုံကြည်ရာအတိုင်း ရေးခွင့်တော့မရှိပါဘူး။ အများကလက်ခံသဘောတူထားတဲ့ ဘက်မလိုက်တဲ့ အမြင်တွေနဲ့ ရေးသားရပါတယ်။ ဝီကီပီးဒီးယားဟာ အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အတွေးအမြင်တွေ၊ ကိုယ့်အတွေးအခေါ်တွေ၊ စကားလုံးအသစ်တွေ ထုတ်ဖော်ရေးသားခွင့်ရှိတဲ့ နေရာတစ်ခု မဟုတ်ပါဘူး။ စိစစ်အတည်ပြုနိုင်တဲ့၊ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်ကိုးကားတွေကနေ ဖော်ပြထားတာတွေကို မိမိသဘောနဲ့ ပြင်ဆင်ပြောင်းလဲတာမျိုး လုပ်ဖို့ဆိုရင် အများရဲ့ ဆန္ဒသဘောထားမရှိဘဲ လုပ်လို့မရပါဘူး။ ဒါကြောင့် မူလရှိနှင့်လက်ခံထားကြတဲ့ အကြောင်းအရာ၊ အသုံးအနှုန်းတွေကို ပြင်ဆင်ချင်တယ်ဆိုရင် ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင်က သက်ဆိုင်ရာ အခန်းတွေမှာ အားလုံးဝိုင်းဝန်းဆွေးနွေးပြီး ကန့်ကွက်မှုမရှိမှ ဆက်လက်ဆောင်ရွက်တာမျိုးက ဝီကီအသိုင်းအဝိုင်းရဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ မြန်မာဝေါဟာရမရှိသေးတဲ့၊ မြန်မာအသုံးမရှိသေးတဲ့ စကားလုံးတွေ၊ မွေးစားစကားလုံးမရှိတဲ့ ဝေါဟာရတွေကို ဆီလျော်သလို ဘာသာပြန်အသစ်ရေးတာမျိုးကို လက်ခံလို့ရပေမယ့် ရှိနှင့်ပြီး၊ အများ အသုံးပြုရင်းနှီးနေပြီးသား ဝေါဟာရတွေဖြစ်တဲ့ အမှုန် ကို ပါတစ်ကယ်၊ အီလက်ထရွန် ကို အစ်လတ်ထြွန် စတဲ့ ပြောင်းလဲမှုမျိုးတွေ၊ ယူးနဗှာ့စ် စကားလုံးအသစ်ထွင်တာမျိုးတွေက ဝီကီရဲ့ မူဝါဒလမ်းညွှန်ချက်တွေနဲ့ သွေဖယ်နေတဲ့ အချက်တွေပါ။ ရှိနှင့်ပြီးတဲ့ ဆောင်းပါးအမည်ကို လက်မခံတာနဲ့ တခြားစာမျက်နှာသစ်ဖွင့်ရေးတာမျိုးထက် သက်ဆိုင်ရာဆောင်းပါးရဲ့ ဆွေးနွေးချက် စာမျက်နှာမှာ ဦးစွာဆွေးနွေးပြောဆိုတာမျိုးကို လုပ်သင့်ပါတယ်။ Universe ကို စကြဝဠာ အသုံး၊ လောက ဆိုတာထက် မြန်မာအဘိဓာန်/မြန်မာ-အင်္ဂလိပ်အဘိဓာန် တို့က ဖော်ပြတဲ့ လောကဓာတ် ဆိုတဲ့အသုံးအနှုန်းမျိုးပြင်ဆင်ရေးသားတာမျိုးက ထောက်ပြစရာမဟုတ်ပေမယ့် ယူးနဗှာ့စ် လို့ ဝေါဟာရအသစ်ထွင်တာကတော့ အဆင်မပြေလှပါ။ NinjaStrikers «» ၀၂:၅၄၊ ၁၁ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
ခေတ်အဆက်ဆက် မြန်မာအဘိဓာန်တွေ မှားခဲ့ရင်တော့ ပြင်သင့်ပါတယ်။ ပြင်တဲ့အခါ စာလုံးအသစ်အဆန်းကြီး ထွင်ရင်တော့ လူအများအတွက် အဆင်မပြေပါ။ ဒါကြောင့် မသစ်ဆန်းလွန်းတဲ့အထဲက နည်းတွေကို ကျွန်တော်ရွေးပြီး တင်ပြတာ ဖြစ်တယ်။
(၁) ယူးနဗှာ့စ်လို့ တိုက်ရိုက်ပြန်တာက "တယ်လီဖုန်း"၊ "ကွမ်တမ် မက္ကင်းနစ်" တို့လို့ တိုက်ရိုက်မွေးစားတာ ဖြစ်လို့ ပြဿနာနည်းနိုင်ပါတယ်။
(၂) ဒါမှမဟုတ် "Universe = လောက" လို့ ဘာသာပြန်တာဟာ စာဖတ်သူအများရဲ့ intuition ကို မှန်မှန် ဝင်နိုင်ပါတယ်။
ဒါမျိုးနည်းတွေကိုပဲ တင်ပြနေတာ ဖြစ်ပါတယ်။
("လောကဓာတ်"ဆိုတာကတော့ သက္ကတဝေါဟာရ "လောကဓာတု"က လာတာဖြစ်ပြီးတော့ Universe (ခမ်းသိမ်းလောက) ရဲ့ တစ်စိတ်တပိုင်းပဲ ဖြစ်နေတာမို့ ရှေးခေတ်ကအမှားမှန်း သိသာပါတယ်။)
စာမျက်နှာ အသစ်မလုပ်ဘဲ ရှိပြီးသား စာမျက်နှာမှာ ကျမ်းနာမည်ပါ ထောက်ပြပြီး ပြင်ရေးပြတာကိုတော့ မဖြတ်သင့်ဘူးလို့ ထင်ပါသလား? Minn Htutkyaw (ဆွေးနွေး) ၁၉:၅၃၊ ၁၁ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
@Ninjastrikers
citation တွေ၊ အကိုးအကားတွေ နေရာတကျ တပ်ပြီး “စကြဝဠာ” နဲ့ “Universe(ယူးနဗှာ့စ်) မတူကြောင်း ပြင်ဆင်ပေးထားလိုက်ပါပြီ။ ဒါကိုမှ နဂိုအမှားတွေဆီ ပြန်ပြောင်းမယ် ဆိုရင် အစကတည်းက “မှားနေလည်း ရေးပြီးသားကို ဘယ်လို အထောက်အထား အမှန်ပြပြ မပြင်ချင်လို့၊ ယခင် နှစ်ရှည်လများ အမှားအတိုင်းပဲ မြန်မာဝီကီပီးဒီးယား ကို ဆက်ထားချင်လို့”လို့ အကြောင်းပြသင့်ပါတယ်။ 103.217.156.158 ၁၂:၄၀၊ ၁၂ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
Universe = ခပ်သိမ်းလောက ဆိုရင် လက်ရှိ “စကြဝဠာ” ဆောင်းပါးကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားပါသလဲ။ NinjaStrikers «» ၁၂:၅၂၊ ၁၂ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
@Ninjastrikers
ကျွန်တော့ edition အဟောင်းမှာ Cakkacala အကြောင်းကို အသင်ပြောသလို citation နဲ့ သေချာ ပြင်ပေးခဲ့ပါတယ်။ အဲဒါက စကြဝဠာအတွက် ဖြစ်သင့်တဲ့ အကြောင်းပါ။
အင်္ဂလိပ်တွေ သုံးနှုန်းနဲ့ Universe ကသာ psace, time and their content ခပ်သိမ်း ဆိုတာလည်း အကိုးအကားကို code တက်ပြီး ပြင်ပြခဲ့ပါတယ်။
အဲဒီ့ အထောက်အထား ကျနမှုကို လက်မခံဘဲ ကျွန်တော့် edition တွေကို ပြန်ဖျက်ကြတဲ့အတွက် မြန်မာဝီကီပီးဒီးယားက သုတ archive ကောင်း ထွန်းကားရာ မဟုတ်လို့ ကျွန်တော် ယူဆသွားပါပြီ။ အခြားမှာပဲ ကျွန်တော့်အချိန်တချို့ ခွဲဝေသုံးသင့်ပါပြီ။
အမှားအတိုင်း ဆက်သိမ်းကြပါတော့။ 103.217.156.158 ၁၇:၄၈၊ ၁၂ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
2023 August 13 | 12:47 a.m မှာ နောက်ဆုံး အကြိမ် ပြင်ပေးခဲ့လိုက်ပါတယ်။ Cakkavala (စကြဝဠာ) အကြောင်း အကိုးအကား အမှန်နဲ့။
Universe အတွက်တော့ ခပ်သိမ်းလောက ဆိုတဲ့ page အမှန်ကို ဆက်ထားပါ။ ဖော်ပြလိုက်တဲ့ အကိုးအကားတွေ လုံးဝမှားနေရင်တော့ page အမှား အဖြစ် ဖျက်လိုက်ပါ။ မှန်လျက်သားနဲ့ "နှစ်ရှည်လများ ကိုယ့်ဘာသာပြန်အစွဲမှားသာ မှတ်ယူရေး" လုပ်မယ် ဆိုရင်လည်း ကျွန်တော့် တားနိုင်မယ် မဟုတ်ပါ။ နောက်ဆုံး အသုတ် အစပျိုးပြင်ပေးခြင်း ဖြစ်ပါတယ်။ မြန်မာဝီကီပီးဒီးယားကို သင် ဘယ်လို သဘောထားချင်လဲ ဒီမှာ ဆုံးဖြတ်နိုင်ပါတယ်။ Minn Htutkyaw (ဆွေးနွေး) ၁၈:၁၉၊ ၁၂ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
အပေါ်က အိုင်ပီလိပ်စာနဲ့ရေးထားတာနဲ့ အကောင့်နဲ့ရေးတာနဲ့က တယောက်တည်းလို့ပဲ ထင်ပါတယ်။ ဒီမှာပဲ ပေါင်းပြောလိုက်ပါမယ်။
  • ကျမ်းဂန်လာ စကြဝဠာ ဝေါဟာရဟာ ရူပဗေဒ ရှုထောင့်ကကြည့်ရင် မပြည့်စုံ/မှားနေတယ်လို့ ဆိုပြီး universe ကို ရူပဗေဒအချက်အလက်တွေနဲ့ ခပ်သိမ်းလောက လို့ ရှင်းခဲ့တာကို ကျနော့အနေနဲ့ သဘောကျပါတယ်။ ဒါကြောင့်လက်ရှိမှာ စကြာဝဠာ ဆောင်းပါးကို ရှေးကျမ်းဂန်မှာ ပါတဲ့အချက်တွေနဲ့ ရေးထားတဲ့ ဆောင်းပါးအနေနဲ့ထားပြီး ခပ်သိမ်းလောက ဆောင်းပါးကို en:Universe လို သိပ္ပံအချက်အလက်တွေနဲ့ ရေးထားတဲ့အတိုင်း ထားပါမယ်။ တစ်ခုရှိတာက နောင်ကျရင် တခြားသော ဖတ်ရှုတည်းဖြတ်သူတွေဖက်က ထောက်ပြဆွေးနွေးပြောဆိုတာမျိုး ရှိလာတဲ့အခါ တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်ပါသေးတယ်။
  • မြန်မာဝီကီပီးဒီးယားရဲ့ ဆောင်းပါးခေါင်းစဉ် မူဝါဒမှာ ခေါင်းစဉ်တစ်ခုဟာ မှတ်မိလွယ်ရမယ်၊ စာဖတ်သူတွေ ရင်းနှီးထားပြီး ရှာလေ့ရှိတဲ့ အမည် ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ခပ်သိမ်းလောက၊ အီလက်ထရွန်၊ အမှုန် စတဲ့ မြန်မာစာဖတ်သူတွေ ကြားဖူး၊ ရင်းနှီးဖူးတဲ့ အမည်တွေ ရှိနှင့်ပြီး အသုံးပြုပြီး ဖြစ်တဲ့အတွက် ယူးနဗှာ့စ်၊ အစ်လတ်ထြွန်၊ ပါတစ်ကယ် စတဲ့ စာလုံးပေါင်းအသစ် ထွင်ရေးတာကိုတော့ သဘောမတူပါဘူး။ ဒီစကားလုံးအသစ်တွေကို ဂုဏ်သိက္ခာရှိပြီး ယုံကြည်စိတ်ချရတဲ့ ခိုင်လုံတဲ့ ကိုးကားရင်းမြစ်အများအပြား (မီဒီယာ၊ သတင်းစာဂျာနယ်၊ ပညာရပ်ဂျာနယ် စသည်) တို့မှာ ရေးသားသုံးစွဲတာမျိုး ရှိလာခဲ့ရင် မြန်မာဝီကီကနေ လက်ခံသုံးစွဲပါလိမ့်မယ်။ ကိုယ်တစ်ဦးထဲက ထွင်ပြီးရေးထားတဲ့ ဝေါဟာရသစ်ကို လွတ်လပ်ပြီး ယုံကြည်စိတ်ချနိုင်သော ဒုတိယရင်းမြစ်အများအပြားမှာ မဖော်ပြသေးသရွေ့ ဝီကီမှာ သုံးစွဲမှာမဟုတ်ပါဘူး။
- မြန်မာဝီကီအတွက် သိပ္ပံဆိုင်ရာ တည်းဖြတ်သူကောင်းတစ်ယောက်ဖြစ်လာစေဖို့ မျှော်လင့်ပါတယ်။ ဝင်ရောက်ရေးသားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၀၈:၃၈၊ ၁၃ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
@Ninjastrikers
တကယ်လည်း ထပ်တူမညီတဲ့ စကြဝဠာ နဲ့ Universe ကို အထောက်အထားတွေက ညွှန်းတဲ့အတိုင်း ဆောင်းပါး၂ခု ခွဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောက်ထပ် ပြင်လာတဲ့သူတွေ ရှိရင် သူတို့သုံးတဲ့ အကိုးအကား အထောက်အထားတွေက အခု တင်ပြထားတာတွေကို ချေပယ်လောက်နိုင်မှ ပြန်လည် ပြင်ဆင်မယ် မျှော်လင့်ပါတယ်။
...
အစ်လတ်ထြွန်၊ ယူးနဗှာ့စ်လို့ စာလုံးပေါင်းတွေနဲ့ ပတ်သက်ပြီး မြန်မာစာရေးထုံးနဲ့ အင်္ဂလိပ် အသံထွက်မှန်တွေကို အခြေခံတဲ့ အကြောင်းပြချက်တွေ ရှိပေမယ့် အဲဒီ့ရေးနည်းစနစ်အတိုင်း အားထားစရာ source တွေက မဖော်ပြေသေးလို့ (အခုနေ) မသုံးဘူး ဆိုတာကိုလည်း နားလည်လက်ခံပါတယ်။ အခုနေ မတွင်ကျယ်နေတဲ့ ရေးစနစ်တွေလို့ လက်ခံလို့ပါ။ 103.217.156.170 ၀၃:၄၅၊ ၁၄ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

You can use {{lang-en|En term}} while mentioning English translation word instead of using "[[အင်္ဂလိပ်]]:term" since အင်္ဂလိပ် is a disambiguation page. NinjaStrikers «» ၁၃:၃၀၊ ၁၂ ဩဂုတ် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]