အသုံးပြုသူ ဆွေးနွေးချက်:Connor romax
အကြောင်းအရာအသစ် ထပ်ထည့်ရန်ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် Connor romax !
[ပြင်ဆင်ရန်]|
ဝီကီပီးဒီးယားရဲ့ လမ်းစဉ်ငါးရပ်ကို ဦးစွာဖတ်ကြည့်ဖို့ အကြံပြုပါတယ်။ အကောင့်ကို မှတ်ပုံတင်ပြုလုပ်ပြီးတဲ့နောက် မိတ်ဆက်ခြင်း နှင့် မေးလေ့ရှိသော မေးခွန်းများ က သင့်ကို အများကြီး အကူအညီပေးပါလိမ့်မယ်။ သူတို့တွေက ဝီကီပီးဒီးယားမှာ တည်းဖြတ်နည်းနဲ့ ရေးသားဟန်တွေ၊ အခြား သိသင့်တာတွေကို ပြောပြပေးသွားပါလိမ့်မယ်။ ဝီကီပီးဒီးယားမှာ ပါဝင်ဖို့ သင့်မှာ နည်းပညာဆိုင်ရာတွေ တတ်ကျွမ်းနေဖို့ မလိုပါဘူး။ ပါဝင်ဆောင်ရွက်တဲ့နေရာမှာ သတ္တိရှိပါ။ ပြီးတော့ တခြားသူတွေအပေါ်မှာ ရိုးရိုးသားသား ပြုမူဆက်ဆံပါ။ ဒီနေရာဟာ ဝီကီ ဖြစ်ပြီး အလွန့်အလွန် လွယ်ကူပါတယ်။
|
|
Unicode
[ပြင်ဆင်ရန်]အစ်ကိုရေ Myanmar Wikipedia မှာ ကျနော်တို့ မြေပြန့်ကလူတွေ သိပ်မသိတဲ့ တောင်ပေါ်သားတွေ အကြောင်းရေးပေးထာ ကျေးဇူးတင်ပါတယ်ဗျ။ ဒါပေမယ့် အစ်ကို ပိုးကရင်လူမျိုး မှာရေးခဲ့သလို မျိုး ZAGYI FONT နဲ့ရေးတာမျိုး မဟုတ်ဖို့ မေတ္တာရပ်ခံပါတယ်။ ရှေ့လျှေက် ပြင်ဆင်မှုတွေမှာ မွန်လူမျိုး မှာ အစ်ကို ပြင်ခဲ့သလို UNICODE FONT နဲ့ ကျေးဇူးပြုပြီး ပြင်ပါ။
ဝင်ရောက်ရေးသားတဲ့အတွက်ကျေးဇူးတင်ပါတယ် အစ်ကို။
Editor in Myanmar (ဆွေးနွေး) ၀၃:၂၅၊ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ (UTC)
ဇွန် ၂၀၂၂
[ပြင်ဆင်ရန်]
မင်္ဂလာပါ။ ကျွန်ုပ်ကတော့ Ninjastrikers ဖြစ်ပါတယ်။ ဆောင်းပါးတစ်ခု (ပြည်သူ့ကာကွယ်ရေးတပ်မတော်)မှာ သင် ပြင်ဆင်မှု တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ပြုလုပ်ခဲ့တာကို ကျွန်ုပ် သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စိတ်ချယုံကြည်ရတဲ့ ရင်းမြစ်ကိုတော့ သင်မထည့်ခဲ့ပါဘူး။ အခုလောလောဆယ်မှာ အဲဒါကို စာမျက်နှာထဲက ဖယ်ရှားလိုက်ပြီးတော့ စာမျက်နှာ ရာဇဝင်မှာ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အကိုးအကားနဲ့တကွ ပြန်လည်ထည့်သွင်းမယ်ဆိုရင် ကျေးဇူးပြုပြီး ဆက်လက်လုပ်ဆောင်ပါ။ အကိုးအကားပြုခြင်းနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်တွေ လိုအပ်နေရင်တော့ ကျေးဇူးပြုပြီး လူသစ်များအတွက် အကိုးအကားပြုခြင်း သင်ခန်းစာကို ကြည့်ရှုပေးပါ။ ဒါမှမဟုတ် ကျွန်ုပ်ဖက်က မှားယွင်းဆောင်ရွက်ခဲ့တယ်လို့ သင်ထင်မြင်ပါက ကျွန်ုပ်ရဲ့ ဆွေးနွေးချက် စာမျက်နှာမှာ စာလွှာချန်ခဲ့နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Ninja✮Strikers «☎» ၁၇:၅၅၊ ၂ ဇွန် ၂၀၂၂ (UTC)
ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တစ်ခုကို အကိုးအကားမပြုဘဲ အကြောင်းအရာ ထည့်သွင်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို ကျေးဇူးပြု၍ မပြုလုပ်ပါနှင့်။ ရင်းမြစ်များကို အကိုးအကားပြုခြင်းရှိ လမ်းညွှန်ချက်များကို ကျေးဇူးပြု၍ ဖတ်ရှုပေးပါ။ ပြီးနောက် ဆောင်းပါးသို့ အကိုးအကားများ ထည့်သွင်းပါ။ ကျေးဇူးတင်ပါတယ်။ Ninja✮Strikers «☎» ၀၈:၃၇၊ ၄ ဇွန် ၂၀၂၂ (UTC)
