အသုရာနေ့
ပုံပန်းသွင်ပြင်
အသုရာနေ့ (အာရပ်: عَاشُورَاء) သည် အစ္စလာမ္မစ်ပြက္ခဒိန်မှ ပထမဆုံးလဖြစ်သော မူဟာရမ်လ၏ ၁၀ ရက်မြောက်နေ့ ဖြစ်၏။ မူဆလင်တို့အတွက် ဤနေ့သည် ကာဘလစစ်ပွဲစဖြစ်ကာ တမန်တော် မိုဟာမက်၏ မြေး ဟူစိန် ခေါ် အလီနှင့် သူ့နောက်လိုက်များ ကျဆုံးသည့်အတွက် အမှတ်တရ ဖြစ်ကြသည်။ [၁] အသုရာနေ့သည် အရေးကြီးသော ဘာသာရေးအထိမ်းအမှတ်နေ့ဖြစ်ပြီး ရှီယာအစ္စလာမ်တို့က ဘုရားဖူးထွက်လေ့ ရှိပြီး ဆွန္နီအစ္စလာမ်တို့က မပျက်မကွက် ဝါရှောင်သည်။ [၂][၃][၄]
အာဖဂန်နစ္စတန်၊ အယ်ဂျီးရီးယား၊ အီရန်၊ အီရတ်၊ လစ်ဘနွန်၊ ဘာရိန်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ တို့တွင် အသုရာနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Princeton Encyclopedia of Islamic Political Thought. Princeton University Press. 2013. p. 45.
- ↑ Cornell, Vincent J.; Kamran Scot Aghaie (2007). Voices of Islam. Westport, CN: Praeger Publishers. pp. 111–12. ISBN 978-0275987329. Retrieved 4 November 2014.
- ↑ Emmanuel Sivan. "Sunni Radicalism in the Middle East and the Iranian Revolution". International Journal of Middle East Studies, Vol. 21, No. 1. (February 1989), pp. 1–30
- ↑ Javed Ahmad Ghamidi. Mizan, The Fast Archived 30 September 2007 at the Wayback Machine.. 30 September 2007.