အရုဏ်ကျောင်းတော်
Wat Arun Ratchawararam | |
---|---|
Temple of Dawn | |
၂၀၁၇ ခုနှစ်၊ ပြင်ဆင်မွမ်းမံပြီးနောက် အာရန်ကျောင်းတော်ကို ညအချိန်တွေ့မြင်ရပုံ | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 13°44′37″N 100°29′20″E / 13.74361°N 100.48889°Eကိုဩဒိနိတ်: 13°44′37″N 100°29′20″E / 13.74361°N 100.48889°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | Thailand |
ဝက်ဘ်ဆိုဒ် | watarun.org |
ဗိသုကာ | |
ပြီးစီး | ၁၆၅၆ခုနှစ် မတိုင်မီက |
အရုဏ်ကျောင်းတော် (မြန်မာ: အရုဏရာဇဝရာရာမ ရာဇဝရမဟာဝိဟာရ, ပါဠိ: Aruṇarājavarārāma Rājavaramahāvihāra) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ ဘန်ကောက်ယယ်အရပ်တွင် ရှိသည်။ ကျော့ဗြးယာမြစ်၏ အနောက်ဘက်ကမ်းရှိ သွန်ဘူရီ တွင် တည်ရှိသည်။ ကျောင်းတော်၏ အမည်သည် ဟိန္ဒူနတ်ဘုရား Aruna (အရုဏ) မှ ဆင်းသက်ဖြစ်ပေါ်လာသည်။[၁] တက်နေ၏ အလင်းဖြာခြင်းဟု ခိုင်းနှိုင်းတင်စားသည့် စကားလုံး ဖြစ်သည်။ အရုဏ်ကျောင်းတော်သည် ထိုင်းနိုင်ငံ၏ အထင်ကရနေရာများတွင် အထူးကျော်ကြားသည်။ မနက်ခင်း၏ လင်းရောင်ခြည်တို့သည် ကျောင်းတော်၏ မျက်နှာပြင်များကို အလင်းပြန်ကြသည်။[၂] ကျောင်းတော်သည် အနည်းဆုံး (၁၇) ရာစုကာလကတည်းကတည်ရှိခဲ့သော်လည်း ကျောင်းတော်၏ ခေါင်သည် (၁၉) ရာစုအစောပိုင်းကာလ ရာမဘုရင် (၂) လက်ထက်တွင် တည်ဆောက်ခဲ့သည်။
ခရီးသွားခြင်း
[ပြင်ဆင်ရန်]ကျော့ဗြးယာ မြစ်မှ ကျောင်းတော်သို့ အလွယ်တကူ သွားရောက်နိုင်သည်။ ဖယ်ရီရေယာဉ်တို့ဖြင့် မြစ်ကို ဖြတ်သန်း၍ မဟာရဂျ်ဆိပ်ကမ်း (Maharaj) သို့ သွားနိုင်သည်။ နိုင်ငံခြားမှလာရောက်သူများအတွက် ကျောင်းတော်သို့ ဝင်ကြေးသည် ၁၀၀ ဘတ် ကျသင့်သည် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလက ကျသင့်ငွေ ဖြစ်သည်)။
ရုပ်ပုံများ
[ပြင်ဆင်ရန်]-
ကျော့ဗြးယာ မြစ်ဖက်မှ လှမ်းကြည့်စဉ် မြင်ရသော အရုဏ်ကျောင်းတော်
-
အရုဏ်ကျောင်းတော် ညဘက် မီးအလှ
ကိုးကား
[ပြင်ဆင်ရန်]- ↑ Angova၊ Aneta။ Wat Arun - The Temple of Dawn။ watarun.net။ 22 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 December 2017 တွင် ပြန်စစ်ပြီး။
- ↑ Liedtke 2011, p. 57