ဝပ်ဖိုဘုရားကျောင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Wat Pho
วัดโพธิ์
Bangkok Wat Pho reclining Buddha.jpg
လျောင်းတော်မူနေသည့် ဗုဒ္ဓကို ဖူးမြင်ရပုံ
ဝပ်ဖိုဘုရားကျောင်း သည် ဘန်ကောက်မြို့ တွင် တည်ရှိသည်
ဝပ်ဖိုဘုရားကျောင်း
ဘန်ကောက်မြို့ရှိ တည်နေရာ
အချက်အလက်များ
ကိုဩဒိနိတ် 13°44′47″N 100°29′37″E / 13.74639°N 100.49361°E / 13.74639; 100.49361ကိုဩဒိနိတ်: 13°44′47″N 100°29′37″E / 13.74639°N 100.49361°E / 13.74639; 100.49361
ဘာသာရေး နှီးနွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံ ထိုင်းနိုင်ငံ
ဝက်ဘ်ဆိုဒ် www.watpho.com
ဗိသုကာ
တည်ထောင်သူ မသိရှိရ
King Rama I (ပြန်လည်တည်ဆောက်)
ပြီးစီး ၁၆ ရာစု
၁၇၈၈ (ပြန်လည်တည်ဆောက်)[၁]

ဝပ်ဖိုဘုရားကျောင်း (ထိုင်း: วัดโพธิ์, IPA: [wát pʰoː]) သည် ထိုင်းနိုင်ငံ၊ Phra Nakhon ခရိုင်၊ ဘန်ကောက်မြို့တွင် တည်ရှိသည်။ ၎င်းသည် Rattanakosin ကျွန်းတွင် တည်ရှိသည်။ Grand Palace ၏ တောင်ဘက်တွင် ဖြစ်သည်။ [၂] လျောင်းတော်မူဗုဒ္ဓဘုရားကျောင်းဟုလည်း လူသိများသည်။ တရားဝင်အမည်မှာ Wat Phra Chetuphon Vimolmangklararm Rajwaramahaviharn[၁] (ထိုင်း: วัดพระเชตุพนวิมลมังคลารามราชวรมหาวิหาร; Template:Rtgs; IPA: [wát pʰráʔ tɕʰê:t.tù.pʰon wíʔ.mon.maŋ.kʰlaː.raːm râːt.tɕʰá.wɔː.ráʔ.má.hǎː.wíʔ.hǎːn])[၃] ဖြစ်သည်။ လူသိပိုများသည့်အမည်ဖြစ်သည့် ဝပ်ဖိုသည် ဝပ်ဖိုတာရမ် (ထိုင်း: วัดโพธาราม; Template:Rtgs) မှ ချုံ့ယူထားခြင်း ဖြစ်သည်။[၄]

ဤဘုရားကျောင်းသည် ထိုင်းနိုင်ငံရှိ ပထမတန်းဘုရားကျောင်းခြောက်ခုထဲမှ ပထမဆုံးတစ်ခု ဖြစ်သည်။ [၅] ထိုကျောင်းကို ရာမဘုရင် (၁) က ပြန်လည်တည်ဆောက်ခဲ့သည်။ သူ၏ အရိုးပြာများကိုလည်း ဌာပနာခဲ့သည်။ နောက်ပိုင်းတွင် ရာမဘုရင် (၃) ကကျောင်းတော်ကို တိုးချဲ့ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ကျောင်းတော်ရှိ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်၏ အရှည်သည် ၄၆ မီတာ ရှိသည်။ ထိုကျောင်းတော်တွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်များ တည်ရှိသည်။ ထို့ပြင် ကျောင်းတော်သည် ပညာရေးအတွက် အစောဆုံးနေရာဌာနတစ်ခု ဖြစ်ခဲ့မည်ဟုလည်း ခန့်မှန်းကြသည်။ ကျောင်းတော်ရှိ ကျောက်စာများ၊ စကျင်ကျောက်ပေါ်တွင် ရေးဆွဲမှုများကို ယူနက်စကိုက ကမ္ဘာ့မှတ်တမ်းအမွေအနှစ် တွင် အသိအမှတ်ပြုခဲ့သည်။ ထိုနေရာတွင် ထိုင်းဆေးပညာကျောင်း တစ်ခုကိုလည်း တည်ဆောက်သည်။ ထိုနေရာကို ထိုင်းရိုးရာအနှိပ်ပညာ မွေးဖွားဖြစ်တည်ရာ နေရာဟုလည်း သိကြသည်။ ယခုထက်ထက် သင်ကြားလေ့ကျင့်ခြင်းတို့ကို ကျောင်းတော်တွင် တွေ့နိုင်သည်။ [၆]

သမိုင်း[ပြင်ဆင်ရန်]

Phra Maha Chedi Si Ratchakan

ဝပ်ဖိုကျောင်းတော်သည် ဘန်ကောက်မြို့ရှိ သက်တမ်းအကြာရှည်ဆုံး ကျောင်းတော်တစ်ခု ဖြစ်သည်။ ထိုကျောင်းတော်သည် ရာမဘုရင် (၁) က ဘန်ကောက်မြို့အဖြစ် မတည်ထောင်မီကပင် တည်ရှိခဲ့သည်။ ၎င်း၏ မူလအမည်သည် ဝပ်ဖိုတာရမ် သို့မဟုတ် ပေါ့ဒါရမ် ဖြစ်သည်။ [၄][၇] ထိုအမည်၏ အဓိပ္ပါယ်သည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိကျောင်းတော်ကို ရည်ညွှန်းသည်။ [၈] ယခင်က ကျောင်းတော်ကို ဘုရင် Phetracha (16881703) က တည်ဆောက်ခဲ့ခြင်း သို့မဟုတ် တိုးချဲ့မှုများ ပြုလုပ်ခဲ့သည်ဟု ထင်ရသော်လည်း နေ့စွဲ၊ တည်ဆောက်သူတို့ကိုမူ မသိရသေးပေ။ [၉] ကျောင်းတော်၏ တောင်ဘက်အပိုင်းကို ပြင်သစ်လူမျိုးတစ်ဦးက 1688 Star fort ကို ဘန်ကောက်၏ ဘုရင် Phetracha Siege က ဖြိုဖျက်ပြီးနောက် ပိုင်ဆိုင်ခဲ့သည်။ [၁၀]

အယုဒ္ဓယသည် မြန်မာတို့၏ လက်အောက်သို့ ကျရောက်ပြီးနောက် ဘုရင် Taksin သည် မြို့တော်ကို Wat Arun သို့ ရွှေ့ပြောင်းခဲ့သည်။ Wat Arun သည် ဝပ်ဖိုကျောင်းတော် တည်နေရာ၏ ဆန့်ကျင်ဘက် မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ ဝပ်ဖိုကျောင်းတော်ကို တော်ဝင်နန်းတော်အဖြစ်သို့ မြှင့်တင်ခဲ့သည်။

၁၇၈၂ ခုနှစ်တွင် ရာမဘုရင် (၁) သည် မြို့တော်ကို Thonburi မှ ဘန်ကောက်တော်ဝင်နန်းတော်သို့ မြစ်ကြောင်းအတိုင်း ရွှေ့ပြောင်းခဲ့သည်။ ဘန်ကောက်တော်ဝင်နန်းတော်သည် ဝပ်ဖိုနှင့် အနီးအနားတွင် တည်ရှိသည်။ ၁၇၈၈ ခုနှစ်တွင် ရာမဘုရင် (၁) သည် ပျက်စီးနေသော ကျောင်းတော်ကို ပြင်ဆင်တည်ဆောက်မှုများ ဆောင်ရွက်ခဲ့သည်။ [၁] ဆောက်ရွက်ရမည့်နေရာသည် မြေပြင်မညီညာခြင်း၊ ရွှံ့များထူထပ်ခြင်း စသည်တို့ရှိနေသည့်အတွက် ရေများဖောက်ထုတ်ခြင်း၊ မြေများကို ဖြည့်ကာညှိခြင်း စသည်တို့ကို တည်ဆောက်မှုများ မစတင်ခင် လုပ်ဆောင်ခဲ့သည်။ တည်ဆောက်မှုများ လုပ်နေစဉ်အတွင်းရာမဘုရင် (၁) သည် Sukhothai ရှိ ပစ်ထားသည့် ကျောင်းတော်များ၊ ထိုင်းနိုင်ငံရှိ ထိုကဲ့သို့သော နေရာများမှ ဗုဒ္ဓရုပ်ပွားတော်များကို ဖယ်ရှားယူဆောင်ကာ ဝပ်ဖိုကျောင်းတော်တွင် ထားရှိစေခဲ့သည်။ [၁၁] ထိုကျောင်းတော်တွင် ၁၇၆၇ ခုနှစ်တွင် မြန်မာတို့က ဖျက်ဆီးခဲ့သည့် အယုဒ္ဓယ၏ Wat Phra Si Sanphet ရှိ များစွာသော ဗုဒ္ဓရုပ်ပွားတော်များ၏ အစအနများလည်း ထားရှိခဲ့သည်။ ထိုအစအနများကို စေတီတော်တည်ရာတွင် ထည့်သွင်းခဲ့ပေသည်။ [၁၂] ပြန်လည်တည်ဆောက်မှုများသည် ပြီးစီးသည်အထိ ခုနစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။ တည်ဆောက်မှုများ စတင်ပြီး ၁၂ နှစ်အကြာ ၁၈၀၁ ခုနှစ်တွင် အသစ်ဆောက်ခဲ့သည့် ကျောင်းတော်ကို Phra Chetuphon Vimolmangklavas ဟု အမည်ပေးခဲ့သည်။ ရာမဘုရင် (၁) တည်ဆောက်ခဲ့သည့် အဓိက ကျောင်းတော်လည်း ဖြစ်သည်။ [၁၃]

Arrival of the King of Siam at Wat Pho, c. 1865

နောင်အနှစ် ၂၆၀ ကြာသည့်အခါတွင် သိသာသည့် ပြောင်းလဲမှုတို့ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ရာမဘုရင် (၃) (1824-1851 CE) လက်ထက်တွင် ဖြစ်သည်။ ၁၈၃၂ ခုနှစ်တွင် ရာမဘုရင် (၃) သည် ကျောင်းတော်ကို ပြုပြင်တိုးချဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြီးစီးသည်အထိ ၁၆ နှစ် ၇ လ ကြာမြင့်ခဲ့သည်။ ကျောင်းတော်၏ ရင်ပြင်ကို ၂၂ ဧက တိုးချဲ့ခဲ့သည်။ ယခုအချိန် မြင်တွေ့နေရသည့် လက်ရာအများစုသည် ထိုအခါက တည်ဆောက်ခဲ့သည့် လက်ရာများနှင့် ပြင်ဆင်မွမ်းမံခဲ့သည့် လက်ရာများ ပါဝင်သည်။ [၇] ထိုနေများတွင် လျောင်းတော်မူဗုဒ္ဓအား ရှိခိုးဝတ်ပြုရန် နေရာလည်း အပါအဝင် ဖြစ်၏။ အဆောက်အဦးများ၏ နံရံများကို အလှပြုပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဖဝါရီလ ၂၁ ရက်နေ့တွင် စကျင်ကျောက်ပေါ် ရေးဆွဲထားသည့်လက်ရာများကို ယူနက်စကို၏ Memory of the World Programme တွင် မှတ်တမ်းတင်ခဲ့သည်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအဖြစ် ရှုမြင်သည်အထိ ပျံ့နှံ့သွားခဲ့သည်။ [၁၄][၁၅] ဝပ်ဖိုကို ထိုင်းနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ်အဖြစ် သတ်မှတ်ကြပြီး ထိုင်းရိုးရာအနှိပ်ပညာဌာနတစ်ခုလည်း ဖြစ်ပေသည်။ ခေတ်မီဆေးပညာများ မထွန်းကားမီ ၁၉ ရာစုအလယ်ပိုင်းတွင် ဆေးပညာများသင်ကြားပို့ချရာဌာန ဖြစ်ခဲ့သည်။ ယနေ့အချိန်အထိ ကျောင်းတော်သည် တိုင်းရင်းဆေးပညာများ သင်ကြားပို့ချနေသည့် နေရာအဖြစ် ရှိနေတုန်း ဖြစ်သည်။ ၁၉၅၇ တွင် ထိုင်းဆေးပညာများအတွက် ကိုယ်ပိုင်ကျောင်းတစ်ခုကို တည်ထောင်ခဲ့သည်။ [၁၆][၁၇]

ရာမဘုရင် IV လက်ထက်တွင် ကျောင်းတော်၏ အမည်သည် Wat Phra Chetuphon Vimolmangklararm သို့ ပြောင်းလဲခဲ့သည်။ [၁] လေးခုမြောက်စေတီတော်ကြီးကို တည်ဆောက်သည်ကလွဲ၍ ကျန်သော အသေးစားပြုပြင်မွမ်းမံမှုတို့ကို ရာမဘုရင် IV က လုပ်ဆောင်ခဲ့သည်။ ထိုကတည်းက ကျောင်းတော်သည် သိသာသည့် ပြောင်းလဲမှုများ မရှိတော့ပေ။ ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် ဘုရားဖူးများက အလှူငွေများ လှူဒါန်းကြသည်။ ဘန်ကောက်မြို့ နှစ် (၂၀၀) ပြည့်အခမ်းအနား မတိုင်ခင် ၁၉၈၂ ခုနှစ်တွင် ကျောင်းတော်ကို ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ခဲ့သည်။ [၁၈]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ History of Wat PhoWat Pho official site
  2. Liedtke, Marcel (2011). Thailand- The East (English Edition). Norderstedt: Books on Demand GmbH, 56. ISBN 978-3-8423-7029-6. 
  3. พระนอนวัดโพธิ์Royal Institute of Thailand (2012-12-27)။ Archived from the original on 2013-10-17။ 2013-01-13 တွင် ပြန်စစ်ပြီး။ “วัดพระเชตุพนวิมลมังคลาราม (อ่านว่า พฺระ-เชด-ตุ-พน-วิ-มน-มัง-คฺลา-ราม) ["วัดพระเชตุพนวิมลมังคลาราม (pronounced: wat-phra-chet-tu-phon-wi-mon-mang-khla-ram)"]”
  4. ၄.၀ ၄.၁ Gregory Byrne Bracken (December 1, 2010). A Walking Tour Bangkok: Sketches of the city’s architectural treasures. Marshall Cavendish Corp. ISBN 978-9814302227. 
  5. About the Royal Buddhist Temples (25 Jul 2008)။
  6. ၆.၀ ၆.၁ Emmons, Ron (2010). Frommer's Thailand. NJ: Wiley Publishing Inc., 126–127. ISBN 978-0-470-53766-4. 
  7. ၇.၀ ၇.၁ (2012) The Rough Guide to Thailand. Rough Guide. ISBN 978-1405390101. 
  8. ၈.၀ ၈.၁ O'Neil 2008, pp. 116-118
  9. Thailand celebrates Wat Pho as UNESCO Memory of the WorldUNESCO (5 January 2012)။
  10. Jean Vollant des Verquains History of the revolution in Siam in the year 1688, in Smithies 2002, p.95-96
  11. Wat Pho: The temple of the Reclining BuddhaRenown Travel
  12. Beek, Steve Van (2001). The arts of Thailand, 26. 
  13. Stone Inscription: Documentary HeritageWat Pho official site
  14. Global Recognition of Wat Pho in Thailand as a "Memory of the World"Thailand's Government Public Relations Department။ Archived from the original on 13 April 2008။
  15. IntroductionJarukwatpho.com
  16. ၁၆.၀ ၁၆.၁ Brockman, Norbert C. (2011). Encyclopedia of Sacred Places. California: ABC-CLIO, LLC, 302–304. ISBN 978-1-59884-655-3. 
  17. ၁၇.၀ ၁၇.၁ Committee for the Rattanakosin Bicentennial Celebration (1982). The Sights of Rattanakosin, 145. 
  18. Wat Pho, Sanam Chai Road, Bangkok, ThailandThailand Delights