အရန်တပ်ဖွဲ့ဥပဒေ

ဝီကီပီးဒီးယား မှ

အရန်တပ်ဖွဲ့ဥပဒေ (အင်္ဂလိပ်: The Reserve Forces Law) သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ထိုးပြဋ္ဌာန်းခဲ့သော ဥပဒေ ဖြစ်သည်။ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရှိသည့် တပ်မတော်သားများကို နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူပြီးနောက် အရန်တပ်ဖွဲ့တွင် နောက်ထပ် (၅)နှစ် ထပ်မံ စစ်မှုထမ်းခိုင်းခြင်း ဖြစ်သည်။[၁][၂]

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၈/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး The Myanmar Reserve Forces Act ကို ရုပ်သိမ်းခဲ့သည့် အရန်တပ်ဖွဲ့ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်လိုက်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ကြေညာစာအမှတ် ၃၂/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]