အယ်လက်ဇန္ဒြီးယားမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အယ်လက်ဇန္ဒြီးယားမြို့[ပြင်ဆင်ရန်]

အယ်လက်ဇန္ဒြီးယားမြို့သည် အီဂျစ်နိုင်ငံ နိုင်းမြစ်ဝကျွန်းပေါ် အနောက်မြောက် ထောင့်စွန်းတွင် မြေထဲပင်လယ်နှင့် မယ်ရီအိုးတစ်ရေအိုင်တို့အကြားရှိ ကုန်းမြင့် ကြောပေါ်၌တည်ရှိသည်။ အယ်လက်ဇန္ဒာ-သ-ဂရိတ်ဘုရင်က ထိုမြို့ကို ဘီစီ ၃၃၂ ခုနှစ်တွင် တည်ခဲ့၍ နှစ်ပေါင်းများစွာ ကပင် ဂရိယဉ်ကျေးမှုထွန်းကားရာ အချက်အချာဌာနအဖြစ် ထင်ရှားခဲ့ပေသည်။ ထိုမျှမက အရှေ့နှင့်အနောက် ကုန်သွယ်ရေး ဗဟိုဌာနလည်း ဖြစ်ခဲ့လေသည်။

အယ်လက်ဇန္ဒြီးယားမြို့ ကောင်းစားစဉ်က လူဦးရေ တစ်သန်းမျှနေထိုင်သော မြို့ကြီးဖြစ်မည်ဟု မှန်းဆရသည်။ အထူးသဖြင့် အီဂျစ်ပြည်တွင် အုပ်စိုးခဲ့သော တော်လမီဘုရင်များလက်ထက်က ထီးနန်းစိုက်ရာမြို့တော် ဖြစ်ခဲ့သည်။ ရောမ အင်ပိုင်ယာခေတ်၌လည်း ဒုတိယမြို့တော်အဖြစ်ထင်ရှားခဲ့သည်။ ကွန်စတန်တီနိုပယ်မြို့သည် အရှေ့ရောမနိုင်ငံမြို့တော်ဖြစ် လာသောအခါ အယ်လက်ဇန္ဒြီးယားမြို့သည် ကုန်သွယ်ရေးဌာန အဖြစ် ဆက်လက်တည်ရှိခဲ့လေသည်။ သို့ရာတွင် အေဒီ ၆၄၁ ခုနှစ်သို့ရောက်သော် အာရပ်ဗိုလ်ချုပ်အမ်ရူက မြို့ကို တိုက်ခိုက် သိမ်းပိုက်လေသည်။ ထို့နောက် မြို့သည် တဖြည်းဖြည်းဆုတ် ယုတ်လာခဲ့လေသည်။ ထို့နောက် ၁၇၉၈ ခုနှစ်တွင် နပိုလီယန် တပ်များက မြို့ကိုတိုက်ခိုက်သိမ်းပိုက်သည်။ တစ်ဖန် ၁၈ဝ၁ ခုနှစ်တွင် ဗြိတိသျှတပ်များက မြို့ကို ပြင်သစ်တို့လက်မှ ပြန်၍ သိမ်းယူခဲ့သည်။ အီဂျစ်ဘုရင်ခံချုပ် မဟာမက်အလီ လက်ထက် ၁၉ ရာစုနှစ်ဦးပိုင်းတွင် မြို့သည် ပြန်၍စည်ကားတိုးတက်လာ သည်။

ပထမတော်လမီဘုရင်လက်ထက်က အယ်လက်ဇန္ဒြီး ယားမြို့တွင် စာကြည့်တိုက်ကြီးတစ်ခုကို တည်ထောင်ခဲ့ရာ ထို ခေတ်ပညာရှင်တို့ ရေးသားခဲ့သည့် စာမူပေါင်း လေးသိန်းကျော် မျှရှိ၏။ နောင်အုပ်ချုပ်သော မင်းတို့ကလည်း စာကြည့်တိုက်ကို တိုးပွားအောင်ဆက်လက်ပြုစုခဲ့ကြသည်။ သို့ရာတွင် နောင်အခါ ၌ ထိုကမ္ဘာကျော် စာကြည့်တိုက်ကြီးသည် မြို့ကိုလာရောက် တိုက်ခိုက်သူတို့၏ လက်ချက်ကြောင့် ယိုယွင်းပျက်စီးခဲ့ရသည်။ အယ်လက်ဇန္ဒြီးယားမြို့တွင် ဆီဇာဘုရင်များ၏ တန် ဆောင်းအနီးရှိ ကလီယိုပါးထရား ဇာထိုးအပ်များ ခေါ် လေး မြေ|ာင့်ကျောက်တိုင်ကြီး နှစ်တိုင်ရှိခဲ့ရာ ယခုအခါ ကျောက်တိုင် တစ်ခုကို လန်ဒန်မြို့၌ စိုက်ထူထားရှိ၍ ကျန်တစ်ခုကို နယူးယော့မြို့၌ စိုက်ထူထားရှိသည်။ ကလီယိုပါးထရားကျောက်တိုင်

အခြားထင်ရှားကျန်ရှိနေသော အဆောက်အဦများမှာ ဖေးရော့မီးပြတိုက်ကြီးနှင့် ပွန်ပီကျောက်တိုင်တို့ ဖြစ်သည်။ ထို မီးပြတိုက်ကို ဘီစီ ၃ဝဝခန့်က ဖေးရော့ကျွန်းပေါ်တွင် ဆောက် လုပ်ခဲ့သည်။ ကမ္ဘာ့အံ့ဖွယ်ခုနှစ်သွယ်


ပွန်ပီကျောက်တိုင်ကို အေဒီ ၃ဝ၂ ခုနှစ်က စိုက်ထူခဲ့သည်။ အမြင့်ပေ ၉ဝ ရှိ သည်။ ယခုအခါ ဖေးရော့ကျွန်းဟူ၍ မရှိတော့ချေ။ ကျွန်းနှင့် ကုန်းမအကြားတွင် မြေပြည့်လာပြီဖြစ်သောကြောင့် ဖေးရော့ ကျွန်းဆွယ်ဟူ၍ ကုန်းဆက်ဖြစ်ပေါ်လျက်ရှိသည်။ ထိုကျွန်းဆွယ် နှင့် အယ်လက်ဇန္ဒြီးယားမြို့ဟောင်း အနောက်ပိုင်းသည် မွတ်စ လင်ရပ်ကွက်ဖြစ်သည်။ အယ်လက်ဇန္ဒြီးယားမြို့သည် သင်္ဘော ဆိပ်နှစ်ခုရှိ၍ နိုင်းမြစ်နှင့်လည်းကောင်း၊ ကိုင်ရိုမြို့တော်နှင့် လည်းကောင်း၊ တူးမြောင်းဖြင့် ဆက်သွယ်လျက်ရှိသဖြင့် မြေထဲ ပင်လယ်ကမ်းခြေတွင် ထင်ရှားသော ဆိပ်ကမ်းမြို့ကြီးတစ်မြို့ ဖြစ်သည်။ အီဂျစ်နိုင်ငံရှိ အခြားမြို့များနှင့် မီးရထားလမ်းမော်တော်ကားလမ်းတို့ဖြင့်လည်း ဆက်သွယ်လျက်ရှိသည်။ ဝါဆန်ဂျုံနှင့်သကြားကို နိုင်ငံခြားသို့တင်ပို့၍ သွင်းကုန်မှာ အများ အားဖြင့် ကုန်ချောဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက အယ်လက်ဇန္ဒြီးယားမြို့သည် ဗြိတိသျှတို့၏ အရေးကြီးသော ရေတပ်စခန်း ဖြစ်ခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်တွင် ထိုစခန်းကို အီဂျစ်တို့လက်သို့ ပြန်အပ်ခဲ့လေ သည်။ လူဦးရေမှာ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေအရ ၄၉၆၁ဝဝဝ ယောက်ရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)