အမရာဘို
| အမရာဘို | |
|---|---|
| မွေးဖွား | ၂၄ ဒီဇင်ဘာ၊ ၁၉၉၉ မန္တလေးမြို့, မြန်မာ |
| အလုပ်အကိုင် |
|
| အရပ် | ၅ ft ၁၁ in (၁.၈၀ m) |
| ဘွဲ့ | Miss Universe Myanmar 2023 |
| အလှမယ်ဘွဲ့ ရရှိသူ | |
| ဆံပင်အရောင် | အမည်းရောင် |
| မျက်လုံးအရောင် | အညိုရောင် |
| အဓိက ပြိုင်ပွဲ(များ) | Miss Universe Myanmar 2019 (1st Runners-Up) Miss Universe Myanmar 2022 (Top 10 Finalist) Miss Universe Myanmar 2023 (Winner) Miss Universe 2023 (Unplaced) |
အမာရာဘို (အင်္ဂလိပ်: Amara Bo; ၂၄ ဒီဇင်ဘာ ၁၉၉၉) မွေးဖွား သည် မြန်မာနိုင်ငံမှ မော်ဒယ်နှင့် အလှမယ်တစ်ဦးဖြစ်သည်။ သူမသည် Miss Universe Myanmar 2023 ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး၊[၁][၂][၃][၄] အယ်ဆာဗေဒိုနိုင်ငံ၊ ဆန်ဆာလဗဒိုးမြို့၌ ကျင်းပသည့် Miss Universe 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပါဝင်ခဲ့သည်။[၅][၆]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]အမာရာဘို သည် မန္တလေးမြို့၊ အမရပူရတွင် မွေးဖွားခဲ့သည်။ သူမသည် မန္တလေးကွန်ပျူတာတက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး၊ ကွန်ပျူတာသိပ္ပံ ဘွဲ့ရရှိထားသည်။[၇]
၂၀၁၉ ခုနှစ်တွင် သူမသည် မြန်မာနိုင်ငံရှိ မော်ဒယ်ပြိုင်ပွဲတစ်ခုဖြစ်သော The Model Academy season 3 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top 5 အတွင်းသို့ဝင်ရောက်နိုင်ခဲ့သည်။
အလှမယ်
[ပြင်ဆင်ရန်]Miss World Myanmar 2019
[ပြင်ဆင်ရန်]အမရာဘို သည် ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့ရှိ Myanmar Convention Center တွင် ကျင်းပသော Miss World Myanmar 2019 ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ပထမဆုအဖြစ် ကိုကလစ်လင်းလတ်ယွန်းက အနိုင်ရရှိခဲ့သည်။ အမရာဘို အတွက် ၎င်းသည် ပထမဆုံးအလှမယ်ပြိုင်ပွဲဝင်ခြင်းဖြစ်သည်။
Miss Universe Myanmar 2022
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် အမရာဘို သည် မန္တလေးကိုယ်စားပြုပြီး Miss Universe Myanmar 2022 ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel Grand Ballroom တွင် ကျင်းပခဲ့ပြီး သူမသည် နောက်ဆုံးအဆင့် ဆန်ကာတင် ၁၄ ဦးထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် Miss Universe Myanmar 2022 အဖြစ် ဇာလီမိုးသည် အနိုင်ရရှိခဲ့သည်။[၈][၉]
Miss Universe Myanmar 2023
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် အမရာဘို သည် ကျိုင်းတုံမြို့ကိုယ်စားပြုပြီး Miss Universe Myanmar 2023 ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။[၁၀] ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ Novotel Max Yangon Hotel တွင် ကျင်းပခဲ့ပြီး ကိုယ်စားလှယ်လောင်း ၃၁ ဦးအနက်မှ သူမသည် အနိုင်ရရှိခဲ့သည်။ Miss Universe Myanmar 2022 ဖြစ်သူ ဇာလီမိုးက ဆုကို ဆက်လက်ပေးအပ်ခဲ့သည်။[၁၁][၁၂]
Miss Universe 2023
[ပြင်ဆင်ရန်]Miss Universe Myanmar 2023 အဖြစ်အနိုင်ရရှိပြီးနောက်၊ အမရာဘို သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အယ်လ်ဆာဗေဒိုနိုင်ငံ၊ San Salvador မြို့၌ ကျင်းပသော Miss Universe 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့သည်။[၁၃][၁၄][၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Beauty from Eastern Myanmar, Amara Bo, wins Miss Universe Myanmar 2023 (in en) (15 September 2023)။ 24 January 2025 တွင် ပြန်စစ်ပြီး။
- ↑ Miss Universe Myanmar2023အဖြစ်ကျိုင်းတုံကိုယ်စားပြုအလှမယ်"အမရာဘို"ရွေးချယ်ခံရ (in my) (15 September 2023)။ 24 January 2025 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၃ ခုနှစ် မယ်စကြဝဠာ မြန်မာ (Miss Universe Myanmar 2023 ) သရဖူအား အလှမယ် အမရာဘို ဆွတ်ခူးရရှိ (in my) (14 September 2023)။
- ↑ "၂၀၂၃ ခုနှစ် မယ်စကြဝဠာမြန်မာ အလှမယ်သရဖူ အမရာဘို ဆွတ်ခူး" (in my)၊ Democratic Voice of Burma၊ 15 September 2023။
- ↑ Miss Myanmar to compete in National Costume Contest of Miss Universe 2023 (in en) (14 November 2023)။ 24 January 2025 တွင် ပြန်စစ်ပြီး။
- ↑ Thandar (7 November 2023)။ El Salvador မှာ ကျင်းပမယ့် Miss Universe 2023 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ အမရာဗိုလ် အဆင်ပြေချောမွေ့စွာ ယနေ့ ရောက်ရှိ (in my)။ 30 January 2025 တွင် ပြန်စစ်ပြီး။
- ↑ ရေဘေး အတွက် သိန်း (၁,၅၀၀) ကျော် လှူဒါန်းခဲ့တဲ့ ဇွဲထက် ရဲ့ ကံထူးရှင်ရွေးချယ်ပွဲ မှ အမရာဗိုလ် (18 September 2024)။
- ↑ "Miss Universe Myanmar Grand Final ပြိုင်ပွဲ ရန်ကုန် မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အလှမယ် ဇာလီမိုး Winner ဆု ဆွတ်ခူး" (in my)၊ Eleven Media Group၊ 1 October 2022။
- ↑ အမရာဘို က ကိုယ့်ကိုယ်ကို ပြောင်းလဲ ဖို့ ကြိုး စားတဲ့နေရာ မှာ အရမ်းတော်တယ်. (19 October 2023)။
- ↑ "Miss Universe Myanmar 2023 ၏ Winner အဖြစ် ကျိုင်းတုံကိုယ်စားပြုအလှမယ် “အမရာဘို”ရရှိ" (in my)၊ Popular Journal၊ 14 September 2023။
- ↑ အကောင်းဆုံးဖြစ်အောင် နေနေတယ် ဆိုတဲ့ အမရာဘို(Miss Universe myanmar 2023) (9 October 2023)။ 30 January 2025 တွင် ပြန်စစ်ပြီး။
- ↑ Miss Universe 2023 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအလှမယ် အမရာဗိုလ် ရဲ့ ဝတ်စုံ (in my) (13 November 2023)။
- ↑ Thandar (1 November 2023)။ El Salvador နိုင်ငံမှာ ကျင်းပမယ့် Miss Universe 2023 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ကဝင် ရောက်ယှဉ်ပြိုင်ဖို့ မြန်မာပြည်မှ စတင်ထွက်ခွာ (in my)။ 30 January 2025 တွင် ပြန်စစ်ပြီး။
- ↑ အမရာဗိုလ်အတွက် သိန်းခုနှစ်ကျော်ဖိုး မဲ ပေးထားကြ (in my) (17 November 2024)။ 30 January 2025 တွင် ပြန်စစ်ပြီး။
- ↑ "ပုဂံခေတ်ဝတ်စားဆင်ယင်မှု Evening Gown ကို Miss Universe ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခဲ့သော မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ဝတ်ဆင်ယှဉ်ပြိုင်"၊ Daily Brief News၊ 16 November 2023။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 22 February 2025။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
အင်စတာဂရမ် ပေါ်ရှိ အမရာဘို- တစ်တော့ ပေါ်ရှိ အမရာဘို
| အောင်မြင်မှု | ||
|---|---|---|
| ယခင်က ဇာလီမိုး |
Miss Universe Myanmar 2023 |
ဆက်ခံသူ သက်စံအန်ဒါဆန် |