မာတိကာသို့ ခုန်သွားရန်

အညိုရောင်

ဝီကီပီးဒီးယား မှ
အညိုရောင်
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#993300
sRGBB (r, g, b)(153, 51, 0)
HSV (h, s, v)(20°, 100%, 60%)
CIELChuv (L, C, h)(36, 87, 20°)
ရင်းမြစ်ColorXS[]
B: Normalized to [0–255] (byte)
H: Normalized to [0–100] (hundred)

အညိုရောင်သည် ပေါင်းစပ်ရောင်အဖြစ် ယူဆနိုင်သော်လည်း အဓိကအားဖြင့် လိမ္မော်ရင့်ရောင် ဖြစ်သည်။ ခေတ်ပေါ် အရောင်ပေါင်းစပ်ခြင်းနှင့် စာရိုက်ခြင်း၊ ပုံနှိပ်လုပ်ငန်းတို့တွင် အညိုရောင်အား လိမ္မော်ရောင်နှင့် အနက်ရောင်တို့ကို ပေါင်းစပ်ခြင်းမှ ပြုလုပ်လေ့ရှိသည်။[][][] ရုပ်မြင်သံကြားနှင့် ကွန်ပျူတာ မျက်နှာပြင်များရှိ အညိုရောင်အား ပုံဖော်ရာတွင် အနီရောင်နှင့် အစိမ်းရောင်တို့ကို ပေါင်းစပ်ခြင်းမှ ထွက်လာသည်။

အညိုရောင်အား သဘာဝလောကတွင် ကျယ်ပြန့်စွာ မြင်တွေ့နိုင်သည်။ ဥပမာ သစ်သား၊ ဆံပင်အရောင်၊ မျက်လုံးအရောင် စသည်တို့ဖြစ်သည်။ အညိုရောင်သည် သစ်သားမည်းအရောင် သို့မဟုတ် မြေဆီကောင်းသောအရောင် ဖြစ်သည်။[]

ဥရောပနှင့် အမေရိကရှိ စစ်တမ်းများအရ အညိုရောင်သည် လူကြိုက်အနည်းဆုံး အရောင်တခုဖြစ်သည်။ တခါတရံတွင် အညိုရောင်သည် ရိုးရှင်းမှု၊ ဆင်းရဲမွဲတေမှု စသည်တို့နှင့်လည်း ဆက်စပ်လေ့ရှိသည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. HEX #964B00 color name, color code and palettes 14 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 September 2023 တွင် ပြန်စစ်ပြီး။
  2. Shorter Oxford English Dictionary, (2002), Oxford University Press.
  3. Webster's New World Dictionary of the American Language: "A combination of red, blue, and yellow."
  4. Oxford English Dictionaries On-Line: "Of a colour produced by mixing red, yellow, and blue, as of dark wood or rich soil"
  5. Shorter Oxford English Dictionary; "of a colour produced by mixing red, yellow, and blue, as of dark wood or rich soil"
  6. Heller, Eva, Psychologie de la couleur' -effets et symboliiques, (2009), pp. 212–223.