မော်ဒယ်

ဝီကီပီးဒီးယား မှ

မော်ဒယ် ဆိုသည်မှာ ဒြပ်ဝတ္ထု သို့မဟုတ် စိတ်ကူးပုံဖော်ထားသည့် အရာတစ်ခု၊ ၎င်းကို လေ့လာမှုလုပ်ငန်းစဉ် တစ်ခုတွင် မူလ အရာဝတ္ထုအစား အစားထိုးအသုံးပြုသည်၊ သုံးသည့်အချိန်တွင် မူလအရာဝတ္ထု၏ အရေးကြီးသော စရိုက်လက္ခဏာများ၊ အရည်အသွေးများကို မော်ဒယ်တွင် ထည့်သွင်းထားသည်။ မူလအရာဝတ္ထု object ဆိုသည်မှာ Reality ဖြစ်သော အရာဝတ္ထု၊ အကြောင်းအရာ၊ အဖြစ်အပျက်တို့ကို ဆိုလိုသည်။ Modeling ဆိုသည်မှာ Reality များ၏ လက္ခဏာများကို တွက်ချက်ရာတွင် နားလည်ရလွယ်ကူအောင် ကူညီပေးသောနည်းလမ်းများထဲက တစ်ခုပင်ဖြစ်သည်။ အရှိတရားအစစ်ကို ထင်ဟပ်စေမည့် ပုံစံ တစ်ခုကို တည်ဆောက်ခြင်းဖြစ်သည်။ Reality များ၏ စရိုက်လက္ခဏာများ (characteristics)၊ အရည်အသွေးများ (properties) ကို မော်ဒယ်တွင် ရုပ်ပုံများ၊ သင်္ချာညီမျခြင်းများ၊ ပရိုဂရမ်များ၊ algorithms များဖြင့် ကိုယ်စားပြုပြီး ဖော်ပြခြင်းဖြစ်သည်။