အတွေး

ဝီကီပီးဒီးယား မှ

ဘာထရန်ရပ်ဆဲက လူဟာ တွေးဖို့သိပ်ကြောက်ကြတယ်။ ဉာဏ်ပဋိဆိုတာ လောကကိုကြည့်တတ်ခြင်းအပြင် မိမိရဲ့လောကအမြင်ကို မိမိကိုယ်တိုင်ပြန်လည်ကြည့်မြင်တတ်ခြင်းလို့ဆိုရင် တွေးဖို့သိပ်မကြောက်သင့်ဘူး။

ကျွန်တော်တို့တွေဟာ တွေးဖို့ကြောက်သလား။ တွေးတယ်ဆိုတာဟာ ပြဿနာတစ်ခုဖြေရှင်းဖို့ ဒါမှမဟုတ် သင်္ချာပုစ္ဆာတွက်ဖို့ပဲ သုံးတဲ့အရာလို့ထင်နေကြပါသလား။ ရေခဲမုန့်စားရမလား၊ ဗယာကြော်စားရမလား ဒါလည်းအတွေးပါပဲ။ ပိုးမင်းသား ဘာဖြစ်သွားမလည်းဆိုတာလည်း တွေးရတာပဲ။ ရယ်စရာပြောဖို့အတွက်လည်းတွေးရတာပဲ။ တွေးတယ်ဆိုတာဟာ မိုက်ခရိုစကုဒ် (သို့) မှန်ပြောင်းနဲ့လျှောက်ကြည့်တာ ဒါမှမဟုတ်

ဝက်အူလှည့်နဲ့ရစ်ဖောက်နေတာပဲဖြစ်တယ်။

တွေးခြင်းနှင့်ပက်သက်သော ဒီဘိုနိုး၏အယူအဆများ[ပြင်ဆင်ရန်]

ဒီဘိုနိုး ရဲ့ အတွေးတချို့ကိုမိတ်ဆက်ပါရစေ။ ညာဏ်ရည်(IQ) မြင့်မှတွေးလို့ရတာမဟုတ်ပါဘူး။ အိုင်ကျူ ၈၀ သာရှိသောကလေးတွေလည်းကောင်းကောင်းတွေးတတ်ပါတယ်။ အတွေ့အကြုံရှိသူသည်လည်းအတွေးအခေါ်ကောင်းသူဖြစ်သည်။ ဉာဏ်ရည်မြင့်ကာမျှနှင့်အတွေးအခေါ်ကောင်းသူမဖြစ်သွားနိုင်ပါ။ အိုင်ကျူမြင့်သူ၊ ညာဏ်ရည်မြင့်သူများသည် အမှားအယွင်းလုပ်မိမှာ ကြောက်သောသူများဖြစ်လျှင် ခပ်ညံ့ညံ့အတွေးအခေါ်သမားဖြစ်သွားနိုင်သည်။ ဝေဖန်နိုင်စွမ်းဉာဏ်ကို စာသင်ကျောင်းများတွင် အမြင့်မားဆုံးအသုံးချဟူသည်ဖြစ်သောကြောင့် လေ့ကျင့်ပေးရသည်။

​ဝေဖန်ခြင်းအလုပ်သည် ပညာတတ်တို့အတွက် သိပ်မခက်လှသောအလုပ်ဖြစ်သည်။ ဖန်ဆင်းဉာဏ်မရှိသော၊ မတည်ဆောက်တတ်သော၊ သာမြင်ညောင်ညမျှ ဉာဏ်ရှိသူများသည်လည်းဝေဖန်ခြင်းကိုပြုလုပ်နိုင်သည်။ ပေါင်းပင်မြက်ပင်များကိုနုတ်ပစ်ခြင်းအားဖြင့် ပန်းဥယျာဉ်တစ်ခုခင်ဗျားပြုလုပ်မရနိုင်ပါ။ တကယ်တော့ဥယျာဉ်တစ်ခုဖြစ်ရန် သစ်ပင်ပန်းပင်များစိုက်ပျိုးရန်လိုအပ်ပေသည်။ ပြုစုစောင့်ရှောက်ရအုံးမည်။ အကြံအဉာဏ်တစ်ခုကို ၎င်း၏ဆယ်ပုံတစ်ပုံကိုမကောင်းသောကြောင့်လွင့်ပစ်ရသည်။ ဆယ်ပုံကိုးပုံ ကောင်းသည်ကိုမေ့လျော့နေတတ်ကြသည်။