မာတိကာသို့ ခုန်သွားရန်

စဉ်းစားခြင်း

ဝီကီပီးဒီးယား မှ
ပန်းပုဆရာကြီး ရော်ဘင် (1840–1917) ၏ "စဉ်းစားနေသူ" အမည်ရ ရုပ်တု

အရပ်သုံး ဘာသာစကားအားဖြင့် စဉ်းစားခြင်း (သို့) တွေးတောခြင်း (အင်္ဂလိပ်: thinking) ဟူသည့် စိတ်အစဉ်စု၏ တပိုင်းတပိုင်းတို့ မှာ - ခန္ဓာကိုယ်ပြင်ပမှ လာသော လှုံ့ဆော်ချက်များ၏ သိတွေးအုံ ကို တိုက်ရိုက် (လက်ရှိ) သက်ရောက်မှုကြောင့် မဟုတ်ဘဲ အခြင်းအရာ၊ အခြေအနေများကို သက်ရှိက သတိကပ်စိတ်နှင့် ပုံဖော်ယူငင်ခြင်းမျိုး ဖြစ်၏။ ဤစဉ်းစားတွေးတောခြင်းအသွင်ကွဲများအဖြစ် တွက်ချက်ခြင်း၊ ပြဿနာ အဖြေရှာခြင်း၊ သုံးသပ်ခြင်း စသည့် စိတ်လုပ်ငန်းများကို တွေ့နိုင်၏။