အင်းလေးဂျစ်

ဝီကီပီးဒီးယား မှ
အင်းလေးဂျစ်
ထုတ်လုပ်သူတပ်မတော်
ထုတ်လုပ်သည့်ခုနှစ်၂၀၁၆ - လက်ရှိ
တပ်ဆင်သည့်နေရာတပ်မတော်အကြီးစားစက်ရုံ (ထုံးဘို)
ဘော်ဒီစတိုင်လ်တံခါး ၃ ပေါက်၊ စတေရှင်ဝက်ဂွန်
ပလက်ဖောင်းရှေ့အင်ဂျင်၊ နောက်ဘီးယက်
အင်ဂျင်၃.၂ လီတာ ဒီစီဒီအင်ဂျင်
ဂီယာ၅ ချက်၊ မန်နူရယ်

အင်းလေးနည်းဗျူဟာဂျစ် ခေါ် အင်းလေးဂျစ်သည် တပ်မတော် အကြီးစားစက်မှုလုပ်ငန်းက ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်သော လေးဘီးယက်မော်တော်ယာဉ်အမျိုးအစား ဖြစ်သည်။ လက်ရှိထုတ်လုပ်နိုင်စွမ်းသည် တစ်နှစ်လျှင် အစီးရေ ၂၀၀ ဖြစ်သည်။ နောက်ပိုင်းတွင် တစ်နှစ်လျှင် အစီးရေ ၁၀၀၀ အထိတိုးမြှင့်မည်ဖြစ်သည်။ [၁] အင်းလေးဂျစ်ကို လက်ရှိတွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့အတွက်သာ ထုတ်ပေးသည်။

အင်း​လေးဂျစ်

သမိုင်း[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်တွင် တပ်မတော်သည် စက်မှုဝန်ကြီးဌာနမှ မော်တော်ယာဉ်လုပ်ငန်းများကို လွှဲပြောင်း ရယူခဲ့သည်။ ထိုစက်ရုံများသည် တပ်မတော်သို့ မလွှဲပြောင်းမီတွင် အကြောင်းပြချက် အမျိုးမျိုးကြောင့် လုပ်ငန်းရပ်ဆိုင်းနေခဲ့သည်။ [၁]

အင်းလေးအတွက် ဝင်ရိုးများကို တပ်မတော်အကြီးစားစက်မှုလုပ်ငန်း (မြင်းခြံ) မှထုတ်လုပ်ပြီး ဂီယာအုံများမှာ တပ်မတော်အကြီးစားစက်မှုလုပ်ငန်း (မကွေး) မှဖြစ်သည်။ [၂] တပ်မတော်အကြီးစားစက်မှုလုပ်ငန်း(ထုံးဘို)တွင် အပြီးသတ် တပ်ဆင်ထုတ်လုပ်သည်။ ထုံးဘိုစက်ရုံသည် ၁၉၇၀ မှစ၍ မာဇဒါဂျစ်(Mazda Pathfinder XV-1) များကို တပ်ဆင်ထုတ်လုပ်ခဲ့သည်။

အင်ဂျင်သည် စက်မှုလက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ် ၁၄ အကြီးစားစက်ရုံ (သာဂရ)မှ ထုတ်လုပ်သော DCD(CY 499 Ti) နှင့် ပုံစံတူသည်။[၃] သို့သော် ထိုစက်ရုံသည် ဘဏ္ဍာရေးဆုံးရှုံးမှုများကြောင့် အစိုးရက ၂၀၁၇ ခုနှစ်တွင် လည်ပတ်မှု ဆိုင်းငံ့ထားခဲ့သည်။ ထို့ကြောင့် တပ်မတော်သည် တရုတ်နိုင်ငံမှ အင်ဂျင်များကို တင်သွင်းခဲ့သည်။

မူကွဲများ[ပြင်ဆင်ရန်]

အင်းလေးဂျစ်သည် ကိုယ်ထည်တိုပုံစံဖြစ်ပြီး ပတ္တူခေါင်မိုးနှင့် နောက်ခန်းတွင် ခုံတန်းရှည်များပါရှိသည်။ ဤမူကွဲကို အဓိကအားဖြင့် အဆင့်မြင့်အရာရှိများအား ထုတ်ပေးသည်။

အသစ်တီထွင်ထားသော Type 63 ဒုံးကျည်ပစ်လွှတ်စင် တပ်ဆင်ထားသည့်ပုံစံနှင့် ဒုံးကျည်အိမ် တပ်ဆင်ထားသည့်ပုံစံကို ၇၆ နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြပွဲတွင် တွေ့မြင်ခဲ့သည်။

ကိုးကားချက်များ[ပြင်ဆင်ရန်]