မာဇဒါဂျစ်

ဝီကီပီးဒီးယား မှ
မာဇဒါဂျစ်
Mazda Pathfinder XV-1
မာဇဒါဂျစ်
အမျိုးအစား4×4 utility truck
မူလထုတ်လုပ်ရာမြန်မာ
သုံးစွဲမှု မှတ်တမ်း
တာဝန်ထမ်းချိန်၁၉၇၀ - လက်ရှိ
အသုံးပြုသူတပ်မတော်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အစိုးရဌာနဆိုင်ရာများ
ထုတ်လုပ်မှု မှတ်တမ်း
ထုတ်လုပ်သူအကြီးစားစက်ရုံ (ထုံးဘို)
စတင်ထုတ်လုပ်သည့်နေ့1970–1972, possibly mid-1990s
မျိုးကွဲများအမိုးမာ၊ အမိုးပျော့ စတေရှင်ဝက်ဂွန်
အသေးစိတ်အချက်အလက်

အင်ဂျင်Inline 4 Mazda 2 liter, optional diesel
၉၀ hp (၆၇ kW; ၉၁ PS)
ပါဝါ/အလေးချိန်၄၉ hp/ST (၅၄.၀ hp/t)
ပို့လွှတ်မှု3 speed x 2 range transfer case
ဆိုင်းငံ့Live axles on leaf springs front and rear

မာဇဒါဂျစ်(အင်္ဂလိပ်: Mazda Pathfinder XV-1) သည် ၁၉၇၀ မှ ၁၉၉၀ ထိ မာဇဒါကားကုမ္ပဏီနှင့် စက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်လုပ်ခဲ့သော လေးဘီးယက်မော်တော်ယာဉ် အမျိုးအစားဖြစ်သည်။ [၁] မြန်မာနိုင်ငံအတွက် သီးသန့်ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လန်ရိုဗာကားအပေါ် အခြေခံထားခြင်းဖြစ်သည်။ မာဇဒါဂျစ်ကို အများအားဖြင့် တပ်မတော်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အစိုးရအရာရှိများ အသုံးပြုခဲ့ကြသည်။ [၂]

မူကွဲများ[ပြင်ဆင်ရန်]

မာဇဒါဂျစ်သည် အမိုးပျော့ သို့မဟုတ် အမိုးမာ ပုံစံဖြင့်လာပြီး နောက်ခန်းတွင် လူ ၉ ယောက်အထိ ထိုင်နိုင်သော ခုံတန်းရှည်များ ပါရှိသည်။[၁] [၃] မာဇဒါဂျစ်သည် ကိုယ်ထည်ရှည် သို့မဟုတ် ကိုယ်ထည်တိုပုံစံများ ဖြစ်ပြီး ပတ္တူအမိုးများပါရှိသည်။

ကိုယ်ထည်တို အမိုးမာပုံစံနှင့် တံခါးလေးပေါက်၊ ကိုယ်ထည်ရှည်အမိုးမာပုံစံ များကိုလည်း ထုတ်လုပ်ခဲ့သည်။ ကိုယ်ထည်ရှည်၊ အမိုးပျော့ (ပတ္တူမိုး)ပုံစံမှာ တံခါးနှစ်ပေါက်ဖြင့်သာ ထုတ်လုပ်ခဲ့သည်။[၄]

ကိုးကားချက်များ[ပြင်ဆင်ရန်]

 

  1. ၁.၀ ၁.၁ Burma's Mazda Pathfinder XV-1 Is The Most Obscure Off-Roader I've Ever Seen
  2. "Mazda Jeep": The 1960s 4x4 Used by the Myanmar Military
  3. Top 10 Coolest (and Strangest) Cars at Mazda’s Museum in Germany » AutoGuide.com News။ 2 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2021 တွင် ပြန်စစ်ပြီး။
  4. CC Global: 198x Mazda XV-1 (MJ-1) Pathfinder – Burma’s Only Claim To Automotive Fame