မာတိကာသို့ ခုန်သွားရန်

အင်းဒင် (ရခိုင်)ရွာ

ဝီကီပီးဒီးယား မှ
အင်းဒင် (ရခိုင်)
အင်းဒင်ရွာ အထက်တန်းကျောင်းခွဲ
အင်းဒင်ရွာ အထက်တန်းကျောင်းခွဲ
အင်းဒင် (ရခိုင်) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အင်းဒင် (ရခိုင်)
အင်းဒင် (ရခိုင်)
အင်းဒင် (ရခိုင်) တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°30′46″N 92°34′48″E / 20.51278°N 92.58000°E / 20.51278; 92.58000ကိုဩဒိနိတ်: 20°30′46″N 92°34′48″E / 20.51278°N 92.58000°E / 20.51278; 92.58000
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်မောင်တောခရိုင်
မြို့နယ်မောင်တောမြို့နယ်
ကျေးရွာအုပ်စုအင်းဒင်[]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

အင်းဒင် (ရခိုင်) ရွာ သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မောင်တောမြို့နယ်ရှိ ရွာဖြစ်သည်။

လူဦးရေ ၆၀၀၀ ခန့် နေသည်။ အများစုမှာ ရခိုင်လူမျိုးဖြစ်သည်။ []

ပထဝီဝင်

[ပြင်ဆင်ရန်]

ဘင်္ဂလားပင်လယ်အော်သို့ မေယုမြစ်ဝင်ရာအနီး ကုလားတန်မြစ်ဝကျွန်းပေါ်ဒေသတွင် ရှိသည်။ [] အနောက်ဘက်တွင် သံတွဲ၊ မြောက်ဘက်တွင် စစ်တွေမြို့တို့ ရှိပြီး မောင်တောမြို့မှာလည်း ရွာအနီးတွင်ပင် ဖြစ်သည်။

စီးပွားရေး

[ပြင်ဆင်ရန်]

စပါးအဓိက စိုက်သော်လည်း ကွမ်းသီးစိုက်သူ၊ ငါးဖမ်းသူတို့လည်း ရှိသည်။ []

ထင်ရှားသည့် ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံမှ တိုယို အင်ဂျင်နီယာရင်းနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ရန် ပြင်သော်လည်း ဒေသခံများ ကန့်ကွက်သဖြင့် အစီအမံ ပျက်ဖူးသည်။ []

၂၀၁၇ ခု၊ စက်တင်ဘာလ ၁ ရက်၌ နယ်မြေလှည့်နေသော တပ်မတော်မှ လုံခြုံရေးအဖွဲ့ကို ရိုဟင်ဂျာ ၂၀၀ ခန့်က လူအင်အား အားကိုး၍ တိုက်သည်။ ထိုလူအုပ်အနက်မှ ၁၀ ယောက်ကို အရှင် ဖမ်းမိသည်။ ရဲစခန်းတွင်လည်း အခြေအနေ မငြိမ်သက်သည့်အတွက် သုဿာန်သို့ ခေါ်သွားစဉ် (ယခင်က ရွာသား ဦးမောင်နီကို ရိုဟင်ဂျာတို့က သတ်ဖူးသဖြင့်) ဦးမောင်နီ၏ သား ၂ ဦးနှင့် အခြား ၁ ဦးတို့က အဖမ်းဆီးခံ ရိုဟင်ဂျာတို့ကို ဓားနှင့် ခုတ်ကြ၍ ထွက်ပြေးသူတို့ကို တပ်ဖွဲ့ဝင်တို့က အသေပစ်ဖမ်းရကြောင်း တပ်မတော်ဘက်က ဆိုသည်။ []

ရိုက်တာသတင်းကမူ ထိုရွာသားများအကူအညီနှင့် အဆုံးစီရင်သည်ဟု ဖော်ပြသည်။ [] နောင်တွင် အမှုမှန် ပေါ်ပေါက်သဖြင့် တပ်မတော်မှ အရာရှိ ၄ ဦး၊ အခြားအဆင့် ၃ ဦး၊ အရပ်သား ၁ ဦး ထောင်ဒဏ် အပြစ်ပေးခံရသည်။ ထိုကိစ္စကို ဖော်ထုတ်သော ရိုက်တာမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့က ပူလစ်ဇာဆု ရရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. GAD, Feb 2011.
  2. Kipgen, Nehginpao (11 Jan 2018) A Difficult Year for Myanmar. The Hindu.
  3. Arakan Research Center. Trek Thailand
  4. 1 2 Khai, Khen Suan (Oct 2015) "Japan's Official Development Assistance Diplomacy towards Burma in Post 2012", International Conference on Burma/Myanmar Studies. University Academic Service Center (UNISERV), Chiang Mai University.
  5. (၂၀၁၈ ဇန်နဝါရီ ၁၀) "အင်းဒင်က အလောင်းတွေဟာ ဘင်္ဂါလီအလောင်းတွေလို့ စစ်ဆေးတွေ့"။ ဘီဘီစီ။
  6. (၂၀၁၈ စက်တင်ဘာ ၅) "ရိုက်တာသတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင်သတ်ဖြတ်မှု"။ ဘီဘီစီ။