ဝလုံး

ဝီကီပီးဒီးယား မှ
ဝလုံး
မွေးဖွားသက်ဦးမောင်
ကင်းပစ်ရွာ၊ ရွှေဘိုမြို့နယ်
အိမ်ထောင်ဖက်(များ)ပန်အိမွန်

ဝလုံး (၁၉၈၆-) သည် မြန်မာလူမျိုး သတင်းထောက် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၈၆ ခုတွင် ရွှေဘိုမြို့နယ်၊ ကင်ပစ်ရွာနေ လယ်သမားမိဘတို့မှ မွေးသည်။ အမည်ရင်းမှာ သက်ဦးမောင် ဖြစ်သည်။

၂၀၀၄ ခုတွင် မော်လမြိုင်ရှိ ဦးကြီးတော်သူ ဘုန်းတော်ကြီး၏ ကျောင်းတွင် ကပ္ပိယလုပ်သည်။

၂၀၁၀ ခုတွင် ညီအစ်ကိုတစ်ယောက်နှင့်အတူ ရန်ကုန်သို့ တက်လာသည်။ ဓာတ်ပုံရိုက်သည့် အလုပ်ကို လုပ်သည်။ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။

သတင်းထောက်ဘဝ[ပြင်ဆင်ရန်]

ပြည်သူ့ခေတ် အပတ်စဉ်ထုတ် သတင်းစာတွင် သတင်းထောက် လုပ်သည်။ ၂၀၁၄ ခုတွင် မြန်မာတိုင်းမ်သို့ အလုပ်ဝင်သည်။ ရိုက်တာ သတင်းဌာနနှင့် လက်တွဲသည်မှာ ၂၀၁၆ ခုတွင် ဖြစ်သည်။

အင်းဒင် အရေးအခင်း[ပြင်ဆင်ရန်]

၂၀၁၇ ခုတွင် သတင်းထောက် ကျော်စိုးဦးနှင့်တွဲကာ စစ်ရေးစစ်ရာကြောင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာတို့ မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ကူးနေကြောင်း ဖော်ထုတ်သည်။

မီးရှို့ခံရသော အင်းဒင်ရွာ၌ အသတ်ခံရပြီး မြေမြုပ်ထားသော ရိုဟင်ဂျာ ၁၀ ဦး၏ အလောင်းများအကြောင်းကို ရွာခံများနှင့် လုံခြုံရေးယူသော စစ်သားတို့ထံမှ စုံစမ်းသည်။ ၂၀၁၇ ခု၊ ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အဖမ်းခံရသည်။ ရိုက်တာက အင်းဒင်ကိစ္စနှင့် ပတ်သက်၍ အကွက်ဆင်ဖမ်းကြောင်း စွပ်စွဲပြီး ပြန်လွှတ်ရန် တောင်းဆိုသည်။ ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ၎င်းတို့ စုံစမ်းရသမျှ သတင်းအားလုံးကို အများသိရန် ချပြသည်။

၂၀၁၈ ခု၊ ဧပြီလ ၂၀ ရက် ရုံးချိန်းတွင် သူ့အထက်အရာရှိများက ထိုသို့ထောင်ဖမ်းရန် စီမံစေကြောင်း စာရွက်စာတမ်းများ ပေးသည့် ရဲအုပ် မိုးရန်နိုင်က ထွက်ဆိုသည်။ သူသည်လည်း သတင်းထောက်နှစ်ယောက်နှင့်အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စည်းမျဉ်းဥပဒေအတိုင်း ထောင်ဒဏ် ၁ နှစ် ကျသည်။ သတင်းထောက်နှစ်ယောက်ကို ရဲတပ်ဖွဲ့မှ တာဝန်ရှိသူနှင့် တွေ့ကာ လျှို့ဝှက်အချက်အလက်များ တောင်းသောကြောင့် ၁၉၆၂ မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ အက်ဥပဒေအရ မသက်ဆိုင်ဘဲ အစိုးရစာရွက်စာတမ်းများ ရယူမှုနှင့် ဖမ်းသည်။ ၂၀၁၈ ခု၊ ဇူလိုင်လ ၉ ရက်တွင် အမိန့်ချရာ ထောင်ဒဏ် ၇ နှစ် ကျခံရသည်။ အယူခံဝင်သော်လည်း ၂၀၁၈ ခု၊ စက်တင်ဘာလ ၃ ရက်တွင် အပြစ်ထင်ရှားကြောင်း ပေါ်လွင်၍ အပယ်ခံရသည်။

တိုင်းမ် မဂ္ဂဇင်း၏ ၂၀၁၈ တနှစ်တာ ပြောင်မြောက်လူသားများ အဖြစ် ပါလာသည်။[၁]

၂၀၁၉ ခု၊ ဧပြီလ ၁၀ ရက်တွင် ၎င်းတို့နှစ်ယောက်အား ယူနက်စကိုက ၂၀၁၉ ခုအတွက် ဂွီလာမို ကာနို သတင်းလွတ်လပ်ခွင့်ဆု (UNESCO/Guillermo Cano Freedom Press Prize) ချီးမြှင့်ကြောင်း ကြေညာသည်။ [၂][၃]

၂၀၁၉ ခု၊ ဧပြီလ ၁၆ ရက်တွင် နိုင်ငံတကာ သတင်းပူလစ်ဇာဆု ရသည်။[၄][၅]

၂၀၁၉ ခု၊ မေလ ၇ ရက်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်လာသည်။[၆][၇][၈] ဧပြီလက ရထားသော ပူလစ်ဇာဆုကို မေလ ၂၈ ရက်တွင် နယူးယောက်၌ သွားယူရသည်။ [၉]

မိသားစုဘဝ[ပြင်ဆင်ရန်]

၂၀၁၈ ခု၊ ဩဂုတ်လတွင် ဇနီးဖြစ်သူ ပန်အိမွန်က ပထမဆုံးကလေးကို မွေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ TIME မဂ္ဂဇင်းရဲ့ Person of the Year ရွေးချယ်ခံရ https://www.bbc.com/burmese/burma-46532133 2018|12|11
  2. ကုလသမဂ္ဂ သတင်းလွတ်လပ်ခွင့်ဆုကို ရိုက်တာသတင်းထောက်နှစ်ဦး ရရှိ | ရဲမွန် |https://frontiermyanmar.net/mm/news/13980 2019|4|11
  3. "Reuters Journalists Jailed in Myanmar to Receive U.N. Press Freedom Prize" (in en)၊ Time၊ 11 April 2019။ 14 April 2019 တွင် ပြန်စစ်ပြီး 
  4. "Imprisoned Myanmar journalists awarded Pulitzer prize"၊ CNN၊ 16 April 2019။ 16 April 2019 တွင် ပြန်စစ်ပြီး 
  5. "Jailed Reuters reporters, U.S. border photographers win Pulitzer..." (in en)၊ Reuters၊ 16 April 2019။ 16 April 2019 တွင် ပြန်စစ်ပြီး 
  6. Goldman၊ Russell။ "Myanmar Releases Reuters Journalists Jailed for Reporting on Rohingya Crackdown" (in en-US)၊ The New York Times၊ 2019-05-06။ 
  7. "Wa Lone and Kyaw Soe Oo: Reuters journalists freed in Myanmar"၊ BBC News၊ 7 May 2019။ 2019-05-07 တွင် ပြန်စစ်ပြီး 
  8. ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက် https://www.rfa.org/burmese/news/two-reuters-reporters-free-05072019073450.html 2019|5|7
  9. ပူလစ်ဇာဆုကို ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လက်ခံရယူ https://www.bnionline.net/mm/news-65802 2019|5|30