အကူအညီ:Wiki Markup ဖြင့် ကိုးကားထည့်ခြင်း မိတ်ဆက်/၅
ပုံပန်းသွင်ပြင်
စိစစ်အတည်ပြုခံနိုင်မှု
ကိုးကားတွေက ဘာကြောင့် အရေးကြီးတာလဲ
စာကြောင်းကိုးကားများ
ဘယ်လိုထည့်မလဲ
RefToolbar
ကိုးကားထည့်ခြင်းက လွယ်ကူပါတယ်
ခိုင်လုံသော ရင်းမြစ်များ
ဘယ်ရင်းမြစ်တွေက ကောင်းသလဲ
အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ
အနှစ်ချုပ်
- ဆောင်းပါးတွေ အားလုံးဟာ စိစစ်အတည်ပြုခံနိုင်မှု ရှိရမှာဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့၊ ထုတ်ဝေဖြန့်ချိပြီး ရင်းမြစ်တွေကနေ ထောက်ပံ့ပေးထားရမှာ ဖြစ်တယ်။
- အဆိုအမိန့်တွေအားလုံး၊ မည့်သည့်အကြောင်းအရာမဆို စိစစ်အတည်ပြုခံနိုင်မှုအပေါ် စောဒကတက်ခြင်းခံရနိုင်ပြီး၊ သက်ရှိပုဂ္ဂိုလ်အကြောင်း ကောင်းခြင်း၊ ဆိုးခြင်း သို့မဟုတ် ဘက်မလိုက်တဲ့ ဖော်ပြချက်တွေအပါအဝင် အငြင်းပွားဖွယ်ရာအကြောင်းအရာတွေမှာ ကိုးကားမှုတစ်ခု ပါရှိရမှာ ဖြစ်တယ်။
- ကိုးကားတွေကို သူတို့ထောက်ပံ့တဲ့ အချက်အလက်တွေရဲ့ နောက်မှာ
<ref>...</ref>
ကုဒ်အကြားမှာ ထည့်ရမှာပါ။ {{Reflist}}
တမ်းပလိတ်ကို ဆောင်းပါးရဲ့ အောက်ဆုံး "ကိုးကား"အပိုင်းမှာ ထားသင့်ပါတယ်။- RefToolbar ကို ကိုးကားထည့်ရာမှာ လွယ်ကူစေဖို့ အသုံးပြုနိုင်ပြီး တည်းဖြတ်အကွက်ရဲ့ အပေါ်ဖက်က ကိရိယာဘားက "ကိုးကားခြင်း" ကိုနှိပ်ပြီး အသုံးပြုနိုင်ပါတယ်။
- မှန်ကန်မှုနဲ့ အချက်အလက်စိစစ်နိုင်ဖို့အတွက် ဝီကီပီးဒီးယားဆောင်းပါးတွေမှာ ယုံကြည်စိတ်ချရတဲ့၊ ထုတ်ဝေဖြန့်ချိပြီး ရင်းမြစ်တွေကို ကိုးကားထားဖို့ လိုပါတယ်။
အသေးစိတ် အချက်အလက်များ
- ဝီကီပီးဒီးယား:စိစစ်အတည်ပြုခံနိုင်မှု
- ရင်းမြစ်များကို ကိုးကားခြင်း
- ဝီကီပီးဒီးယား:ကိုးကားချက် ဆောင်ရန် ရှောင်ရန်များ
- Help:Citations quick reference
- Help:References and page numbers
လေ့လာခဲ့တာတွေကို အသုံးချမယ်
လတ်တလောမှာ ကိုးကားချက်လိုအပ်နေတဲ့ ဆောင်းပါးပေါင်း ၃၆၉ ပုဒ်ရှိနေပါတယ်။ သင့်ရဲ့ စွမ်းရည်အသစ်ကို အသုံးချပြီး ကျွန်ုပ်တို့ရဲ့ "ကိုးကားလိုအပ်နေတဲ့" ပြဿနာကို ကူညီဖြေရှင်းပေးပါ။