အကူအညီ:Wiki Markup ဖြင့် ကိုးကားထည့်ခြင်း မိတ်ဆက်/၂
စိစစ်အတည်ပြုခံနိုင်မှု
ကိုးကားတွေက ဘာကြောင့် အရေးကြီးတာလဲ
စာကြောင်းကိုးကားများ
ဘယ်လိုထည့်မလဲ
RefToolbar
ကိုးကားထည့်ခြင်းက လွယ်ကူပါတယ်
ခိုင်လုံသော ရင်းမြစ်များ
ဘယ်ရင်းမြစ်တွေက ကောင်းသလဲ
အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ
ကိုးကားစာကြောင်းတွေက ပုံမှန်စာလုံးတွေထက် အနည်းငယ် အရွယ်သေးလေ့ရှိပြီး အောက်ခြေမှတ်စုအနေနဲ့ နံပါတ်စဉ်ထိုးထားလေ့ ရှိပါတယ်။ ဒီလိုပုံစံမျိုးပါ[၁] အဲဒီကိုးကားတွေဟာ သူတို့ ထောက်ပံ့တဲ့ အချက်အလက်နောက်မှာ တိုက်ရိုက် ဒါမှမဟုတ် ထောက်ပံ့ပေးတဲ့ အချက်အလက် စာကြောင်း အဆုံးမှာ ထည့်သွင်းလေ့ရှိပါတယ်။ နှိပ်ကြည့်လိုက်မယ်ဆိုရင် ဆောင်းပါးရဲ့ အောက်ဆုံးအပိုင်းမှာရှိတဲ့ ကိုးကားအပိုင်းထဲက ကိုကားထားတဲ့ ရင်းမြစ်ဆီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
အများဆုံးသုံးလေ့ရှိတဲ့ အောက်ခြေမှတ်စုပုံစံကို သုံးထားတဲ့ စာမျက်နှာကို တည်းဖြတ်ကြည့်မယ်ဆိုရင် ကိုးကားပုံစံကို အောက်ပါအတိုင်း <ref>...</ref>
ကုဒ်အကြားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
စာမျက်နှာအသစ်တစ်ခုကို ဖန်တီးခဲ့တာ၊ ဒါမှမဟုတ် အရင်က ကိုးကားမရှိတဲ့ စာမျက်နှာကို ကိုးကားထည့်တာတို့ဆိုရင် အောက်ဆုံးမှာ အောက်ပါ ကိုးကားအပိုင်းကို ထည့်သွင်းပေးဖို့ မမေ့ပါနဲ့။
== ကိုးကား == {{reflist}}
မှတ်ချက်။ ဒါကတော့ အများဆုံးသုံးလေ့ရှိတဲ့ စာကြောင်းကိုးကားပုံစံဖြစ်ပြီး ရံဖန်ရံခါမှာ အခြားပုံစံတွေကို ဆောင်းပါးတွေထဲမှာ သုံးထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ ကိုးကားစာကြောင်း အသစ်ထည့်ဖို့အတွက် ရှိနှင့်ပြီးသားကိုးကားကို ကော်ပီပွားကာ ပြင်ဆင်နိုင်ပါတယ်။
- ↑ Wales၊ J (၂၀၂၄)။ What is an inline citation?။ Wikipublisher။ p. 6။