အကူအညီ:Wiki Markup ဖြင့် ကိုးကားထည့်ခြင်း မိတ်ဆက်/၁

ဝီကီပီးဒီးယား မှ

စိစစ်အတည်ပြုခံနိုင်မှု
ကိုးကားတွေက ဘာကြောင့် အရေးကြီးတာလဲ

စာကြောင်းကိုးကားများ
ဘယ်လိုထည့်မလဲ

RefToolbar
ကိုးကားထည့်ခြင်းက လွယ်ကူပါတယ်

ခိုင်လုံသော ရင်းမြစ်များ
ဘယ်ရင်းမြစ်တွေက ကောင်းသလဲ

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



Randall Munroe ရေးဆွဲထားသော "ဝီကီပီးဒီးယန်း ဆန္ဒပြပွဲ" ကာတွန်းပုံ။ အချက်အလက်တွေအတွက် ကိုးကားချက် တောင်းဆိုနေကြသော ဝီကီပီးဒီးယန်းများ

ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ မူဝါဒတစ်ခုက ဆောင်းပါးတွေအားလုံးရဲ့ အကြောင်းအရာတွေဟာ စိစစ်အတည်ပြုခံနိုင်မှု ရှိရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ခိုင်လုံတဲ့ ရင်းမြစ်တွေက အကြောင်းအရာကို မှန်ကန်ကြောင်း ထောက်ပံ့ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ပြောဆိုချက်တွေအပါအဝင် မည်သည့်အကြောင်းအရာမဆို စောဒကတက်ခြင်း ခံရနိုင်ပြီး သက်ရှိပုဂ္ဂိုလ်များရဲ့ အငြင်းပွားဖွယ်ရာ အချက်အလက်တွေ (ကောင်းခြင်း၊ ဆိုးခြင်း သို့မဟုတ် ဘက်မလိုက်သော ဖော်ပြချက်) အတွက် အကြောင်းအရာကို တိုက်ရိုက် ထောက်ပံ့ဖော်ပြပေးနိုင်တဲ့ ရင်းမြစ်တစ်ခုဆီက ကိုးကားချက် တစ်ခု မဖြစ်မနေ ထည့်ပေးဖို့ လိုပါတယ်။ အဲဒီလိုလုပ်ခြင်းက ဝီကီပီးဒီးယားဟာ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ဖြန့်ချိခြင်းမရှိတဲ့ အကြောင်းအရာတွေကို သိမ်းဆည်းတဲ့နေရာ မဟုတ်ဘူးဆိုတာကို ဆိုလိုတာနဲ့ အတူတူပါပဲ။


အကြောင်းအရာသစ်တွေကို သင် ထည့်သွင်းမယ်ဆိုရင် အဲဒီထည့်သွင်းတဲ့ အကြောင်းအရာအတွက် ရင်းမြစ်အချက်အလက်တွေကို ထည့်သွင်းကိုးကားဖို့က သင့်တာဝန်ပဲ ဖြစ်ပါတယ်။ ရင်းမြစ်ကိုးကားထားခြင်းမရှိတဲ့ အကြောင်းအရာတွေဟာ ဆောင်းပါးတစ်ပုဒ်ထဲကနေ ဖယ်ရှားခံရနိုင်ပါတယ်။ ရံဖန်ရံခါမှာ အဲဒီလိုအကြောင်းအရာတွေကို "ကိုးကားချက်လိုသည်" တမ်းပလိတ်နဲ့ ဦးစွာ အမှတ်အသားပြုခြင်းက တည်းဖြတ်သူတွေကို ရင်းမြစ်တွေ ရှာဖွေထည့်သွင်းဖို့ အချိန်ရနိုင်ပါတယ်။ သို့ပေမယ့် တည်းဖြတ်သူများကတော့ ကိုးကားမပါတဲ့ အချက်အလက်တွေကို ဖယ်ရှားပစ်တာ များပါတယ်။


ဒီသင်ခန်းစာက ဆောင်းပါးတွေထဲမှာ ကိုးကားချက်တွေ ဘယ်လိုထည့်မလဲဆိုတာနဲ့ ဘယ်ဟာတွေကို ခိုင်လုံတဲ့ ရင်းမြစ်တွေလို့ ယူဆသလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။