ဝီကီပီးဒီးယား:ကိုးကားချက် ဆောင်ရန် ရှောင်ရန်များ

ဝီကီပီးဒီးယား မှ

မှီငြမ်းကိုးကားခြင်းသည် ဝီကီပီးဒီးယားအား ယုံကြည်စိတ်ချနိုင်စေရန်နှင့် အားကိုးအားထားပြုနိုင်စေရန်တို့အတွက် အဓိက သော့ချက်တစ်ခု ဖြစ်သည်။

မှီငြမ်းကိုးကားမှု ပြုလုပ်ရာတွင်
ဆောင်ရန်
စာကြောင်းလိုက် ကိုးကားခြင်းကို အသုံးပြုပါ။ (<ref></ref> စာတွဲ သို့မဟုတ် ဝိုက်ကွင်းအသုံးပြု ကိုးကားခြင်း)။
ကိုးကားချက်များကို ယင်းတို့ ထောက်ပံ့ပေးသည့် အချက်အလက်များအတိုင်း သုံးပါ။
သတင်းအချက်အလက်အား ရင်းမြစ်၏ မည်သည့်နေရာမှ ရရှိသည်ကို ဖော်ပြပါ။
ဆောင်းပါးတစ်ခုခြင်းစီတွင် ကိုးကားမှုပုံစံကို တသမတ်တည်း အသုံးပြုပါ။
ကိုးကားမှုပုံစံ တသမတ်တည်း ဖြစ်စေရန် ကိုးကား တမ်းပလိတ်ပုံစံများကို သုံးစွဲပါ။
လုံလောက်စွာ ကိုးကားမှု မရှိသည်များအား သင့်လျော်သည့် စာတွဲများသုံး၍ အမှတ်အသားပြုပါ။
လုံလောက်စွာ ကိုးကားမှု မရှိသည့် ဆောင်းပါးများအား သင့်လျော်သည့် ခေါင်းစီးစာတွဲများဖြင့် အမှတ်အသားပြုပါ။
ရှောင်ရန်
ခိုင်မာမှု မရှိသော ရင်းမြစ်များအား ကိုးကားခြင်း မပြုရ
သင်ကိုယ်တိုင် မမြင်တွေ့ရသေးသည့် ရင်းမြစ်ကို ကိုးကားခြင်း မပြုရ
ရင်းမြစ်များတွင် မပါဝင်သည့်အရာများ ထည့်သွင်းခြင်း မပြုရ
ဆောင်းပါးစာကိုယ်ထဲတွင် ပြင်ပလင့်ခ်များအား ထည့်သွင်းခြင်း မပြုရ
သိသာထင်ရှားသည့် အချက်အလက်များအတွက် ကိုးကားချက်များ မထည့်သွင်းရ။.
YYYY-MM-DD မှလွဲ၍ နံပါတ်ရက်စွဲများ အားလုံးကို အသုံးမပြုရ
ရှိနှင့်ပြီး ကိုးကားမှုပုံစံအား အများဆန္ဒမပါဘဲ ပြောင်းလဲခြင်း မပြုရ

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

တမ်းပလိတ်:ဝီကီပီးဒီးယား ဆောင်ရန် ရှောင်ရန်များ