အကူအညီ:လူသစ်များအတွက် ကိုးကားခြင်း

ဝီကီပီးဒီးယား မှ

ကိုးကားများ လိုအပ်ခြင်း[ပြင်ဆင်ရန်]

Randall Munroe ရေးဆွဲထားသော "ဝီကီပီးဒီးယန်း ဆန္ဒပြပွဲ" ကာတွန်းပုံ။ အချက်အလက်တွေအတွက် ကိုးကားချက် တောင်းဆိုနေကြသော ဝီကီပီးဒီးယန်းများ

ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ မူဝါဒတစ်ခုက ဆောင်းပါးတွေအားလုံးရဲ့ အကြောင်းအရာတွေဟာ စိစစ်အတည်ပြုခံနိုင်မှု ရှိရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ခိုင်လုံတဲ့ ရင်းမြစ်တွေက အကြောင်းအရာကို မှန်ကန်ကြောင်း ထောက်ပံ့ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ပြောဆိုချက်တွေအပါအဝင် မည်သည့်အကြောင်းအရာမဆို စောဒကတက်ခြင်း ခံရနိုင်ပြီး သက်ရှိပုဂ္ဂိုလ်များရဲ့ အငြင်းပွားဖွယ်ရာ အချက်အလက်တွေ (ကောင်းခြင်း၊ ဆိုးခြင်း သို့မဟုတ် ဘက်မလိုက်သော ဖော်ပြချက်) အတွက် အကြောင်းအရာကို တိုက်ရိုက် ထောက်ပံ့ဖော်ပြပေးနိုင်တဲ့ ရင်းမြစ်တစ်ခုဆီက ကိုးကားချက် တစ်ခု မဖြစ်မနေ ထည့်ပေးဖို့ လိုပါတယ်။ အဲဒီလိုလုပ်ခြင်းက ဝီကီပီးဒီးယားဟာ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ဖြန့်ချိခြင်းမရှိတဲ့ အကြောင်းအရာတွေကို သိမ်းဆည်းတဲ့နေရာ မဟုတ်ဘူးဆိုတာကို ဆိုလိုတာနဲ့ အတူတူပါပဲ။


အကြောင်းအရာသစ်တွေကို သင် ထည့်သွင်းမယ်ဆိုရင် အဲဒီထည့်သွင်းတဲ့ အကြောင်းအရာအတွက် ရင်းမြစ်အချက်အလက်တွေကို ထည့်သွင်းကိုးကားဖို့က သင့်တာဝန်ပဲ ဖြစ်ပါတယ်။ ရင်းမြစ်ကိုးကားထားခြင်းမရှိတဲ့ အကြောင်းအရာတွေဟာ ဆောင်းပါးတစ်ပုဒ်ထဲကနေ ဖယ်ရှားခံရနိုင်ပါတယ်။ ရံဖန်ရံခါမှာ အဲဒီလိုအကြောင်းအရာတွေကို "ကိုးကားချက်လိုသည်" တမ်းပလိတ်နဲ့ ဦးစွာ အမှတ်အသားပြုခြင်းက တည်းဖြတ်သူတွေကို ရင်းမြစ်တွေ ရှာဖွေထည့်သွင်းဖို့ အချိန်ရနိုင်ပါတယ်။ သို့ပေမယ့် တည်းဖြတ်သူများကတော့ ကိုးကားမပါတဲ့ အချက်အလက်တွေကို ဖယ်ရှားပစ်တာ များပါတယ်။


ဒီသင်ခန်းစာက ဆောင်းပါးတွေထဲမှာ ကိုးကားချက်တွေ ဘယ်လိုထည့်မလဲဆိုတာနဲ့ ဘယ်ဟာတွေကို ခိုင်လုံတဲ့ ရင်းမြစ်တွေလို့ ယူဆသလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုးကားထည့်ခြင်း[ပြင်ဆင်ရန်]

ကိုးကားစာကြောင်းတွေက ပုံမှန်စာလုံးတွေထက် အနည်းငယ် အရွယ်သေးလေ့ရှိပြီး အောက်ခြေမှတ်စုအနေနဲ့ နံပါတ်စဉ်ထိုးထားလေ့ ရှိပါတယ်။ ဒီလိုပုံစံမျိုးပါ[၁] အဲဒီကိုးကားတွေဟာ သူတို့ ထောက်ပံ့တဲ့ အချက်အလက်နောက်မှာ တိုက်ရိုက် ဒါမှမဟုတ် ထောက်ပံ့ပေးတဲ့ အချက်အလက် စာကြောင်း အဆုံးမှာ ထည့်သွင်းလေ့ရှိပါတယ်။ နှိပ်ကြည့်လိုက်မယ်ဆိုရင် ဆောင်းပါးရဲ့ အောက်ဆုံးအပိုင်းမှာရှိတဲ့ ကိုးကားအပိုင်းထဲက ကိုကားထားတဲ့ ရင်းမြစ်ဆီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။


အများဆုံးသုံးလေ့ရှိတဲ့ အောက်ခြေမှတ်စုပုံစံကို သုံးထားတဲ့ စာမျက်နှာကို တည်းဖြတ်ကြည့်မယ်ဆိုရင် ကိုးကားပုံစံကို အောက်ပါအတိုင်း <ref>...</ref> ကုဒ်အကြားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။


စာမျက်နှာအသစ်တစ်ခုကို ဖန်တီးခဲ့တာ၊ ဒါမှမဟုတ် အရင်က ကိုးကားမရှိတဲ့ စာမျက်နှာကို ကိုးကားထည့်တာတို့ဆိုရင် အောက်ဆုံးမှာ အောက်ပါ ကိုးကားအပိုင်းကို ထည့်သွင်းပေးဖို့ မမေ့ပါနဲ့။

== ကိုးကား ==
{{reflist}}


မှတ်ချက်။ ဒါကတော့ အများဆုံးသုံးလေ့ရှိတဲ့ စာကြောင်းကိုးကားပုံစံဖြစ်ပြီး ရံဖန်ရံခါမှာ အခြားပုံစံတွေကို ဆောင်းပါးတွေထဲမှာ သုံးထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ ကိုးကားစာကြောင်း အသစ်ထည့်ဖို့အတွက် ရှိနှင့်ပြီးသားကိုးကားကို ကော်ပီပွားကာ ပြင်ဆင်နိုင်ပါတယ်။

ကိုးကား
  1. Wales၊ J (၂၀၂၄)။ What is an inline citation?။ Wikipublisher။ p. 6။

RefTools အသုံးပြုပုံ (၅:၀၃ မိနစ်)

ကိုးကားချက်တွေကို ဒီအတိုင်း စာရိုက်ပြီး ထည့်ရတာ ကြာပြီး အနည်းငယ်ရှုပ်ထွေးပါတယ်။ ကံကောင်းထောက်မစွာပဲ ဝီကီပီးဒီးယား တည်းဖြတ်အကွက်မှာ "RefToolbar" လို့ခေါ်တဲ့ ကိရိယာလေးရှိနေပြီး ယင်းကိုသုံးပြီး ကိုးကားထည့်ရင် ပိုမိုလွယ်ကူပါတယ်။


ကိုးကားထည့်လိုတဲ့ စာကြောင်းနောက်မှာ ကာဆာ (cursor) ကို ထားပြီး တည်းဖြတ်အကွက်ရဲ့ အပေါ်မှာရှိတဲ့  ကိုးကား ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးတော့ ကျလာတဲ့ မီနူးထဲက ရင်းမြစ်နဲ့ လိုက်ဖက်မယ့် ကိုးကားတမ်းပလိတ်တစ်ခုခုကို ရွေးလိုက်ပါ။ ကိုးကားတမ်းပလိတ်တွေကတော့ -


  • {{cite web}} - အထွေထွေ ဝဘ်စာမျက်နှာများကို ကိုးကားတဲ့နေရာမှာ သုံးတဲ့ တမ်းပလိတ်
  • {{cite news}} - သတင်းစာနဲ့ သတင်းဝဘ်ဆိုဒ်စာမျက်နှာများကို ကိုးကားတဲ့နေရာမှာ သုံးတဲ့ တမ်းပလိတ်
  • {{cite book}} - စာအုပ်တွေကို ကိုးကားတဲ့နေရာမှာ သုံးတဲ့ တမ်းပလိတ်
  • {{cite journal}} - မဂ္ဂဇင်း၊ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေနဲ့ စာတမ်းတွေးကို ကိုးကားတဲ့နေရာမှာ သုံးတဲ့ တမ်းပလိတ်


တမ်းပလိတ်ကို ရွေးချယ်လိုက်တဲ့အခါ တမ်းပလိတ်ဝင်းဒိုးစ်တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီမှာ ကိုးကားရင်းမြစ်နဲ့ ပတ်သက်တဲ့ ဖြည့်လို့ရနိုင်တဲ့ အချက်အလက်တွေ ရသလောက်ဖြည့်ပြီး "Ref name" နေရာမှာ အမည်တစ်ခု ပေးလိုက်ပါ။ ပြီးတော့ "ထည့်သွင်းရန်" ခလုတ်ကို နှိပ်လိုက်ရင် လိုအပ်တဲ့ ဝီကီကုဒ်တွေကို တည်းဖြတ်အကွက်ထဲမှာ ထည့်ပေးပါလိမ့်မယ်။ ဆန္ဒရှိတယ်ဆိုရင် "နမူနာပြရန်" ကို နှိပ်ပြီး ဘယ်လိုပုံစံရှိတယ်ဆိုတာကို ကြည့်ရှုနိုင်ပါတယ်။


URL လို့ခေါ်တဲ့ ဝဘ်လိပ်စာထည့်တဲ့ အကွက်နေရာတွေလိုမျိုးရဲ့ ဘေးမှာ ပုံလေးရှိပါတယ်။ အဲဒီအကွက်ကို ဖြည့်ပြီးရင် မှန်ဘီလူးပုံကို နှိပ်လိုက်တာနဲ့ ကျန်ရှိအကွက်တွေကို အလိုအလျောက် ဖြည့်ပေးပါလိမ့်မယ်။ ဒါက အမြဲတမ်းတော့ အလုပ်မဖြစ်တတ်တော့ သေချာအောင် စစ်ကြည့်ပေးပါ။


ရံဖန်ရံခါမှာ တူညီတဲ့ ရင်းမြစ်တစ်ခုတည်းကို ကိုးကားအနေနဲ့ ဆောင်းပါးရဲ့ နေရာအတော်များများမှာ ထည့်လိုတာမျိုးလဲ ရှိမှာပါ။ အဲဒါမျိုးဆိုရင် ကိရိယာဘားထဲက အမည်တပ် ကိုးကားများ   ကိုနှိပ်ပြီး အရင်သုံးထားပြီးတဲ့ ကိုးကားရင်းမြစ်ကို ပြန်ယူသုံးနိုင်ပါသေးတယ်။

ယုံကြည်စိတ်ချရသော ရင်းမြစ်များ[ပြင်ဆင်ရန်]

ဆောင်းပါးတစ်ခုထဲမှာ ပါဝင်နေတဲ့ အချက်အလက်တွေကို တိုက်ရိုက် ထောက်ပံ့ပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့၊ ထုတ်ဝေဖြန့်ချိပြီးတဲ့ ရင်းမြစ်တွေ လိုအပ်ပါတယ်။ ဆောင်းပါးတစ်ခုထဲကို ကိုးကားရင်းမြစ်တွေ ဘယ်လိုထည့်ရမလဲဆိုတာ အခု သင် သိသွားပြီဆိုတော့ ဘယ်လိုရင်းမြစ်တွေကို အသုံးပြုသင့်သလဲဆိုတာ ဆက်လက်ပြောပြသွားပါမယ်


ဝီကီပီးဒီးယားမှာ ရင်းမြစ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်သုံးမျိုးရှိပါတယ်။ ဖန်တီးမှုကိုယ်တိုင် (ဥပမာ စာတမ်းတစ်ခု၊ ဆောင်းပါးတစ်ပုဒ်၊ သို့မဟုတ် စာအုပ်တစ်အုပ်)၊ ဖန်တီးသူ (ဥပမာ စာရေးဆရာ)၊ နဲ့ ဖန်တီးမှုကို ဖြန့်ချိသူ (ဥပမာ ကိန်းဘရစ်တက္ကသိုလ်ပုံနှိပ်တိုက်) စတာတွေပဲ ဖြစ်ပြီး သုံးမျိုးစလုံးဟာ ယုံကြည်စိတ်ချရမှုအပေါ် သက်ရောက်မှုရှိပါတယ်။


ယေဘုယျ ဥပဒေသအနေနဲ့ပြောရရင် ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေ များလေလေ၊ အချက်အလက်တွေ စစ်ဆေးတာ၊ ဥပဒေဆိုင်ရာကိစ္စတွေ ခွဲခြမ်းစိတ်ဖြာတာ၊ ထုတ်ဝေဖြန့်ချိထားတဲ့ အရေးအသားကို အသေးစိတ်ကြည့်ရှုစစ်ဆေးတာတွေကို လုပ်တဲ့သူ များလေလေပါပဲ။ ပညာရပ်ဆိုင်ရာ ထုတ်ဝေဖြန့်ချိမှုတွေဟာ များသောအားဖြင့် ယုံကြည်စိတ်ချရဆုံး ရင်းမြစ်တွေ ဖြစ်လေ့ရှိပါတယ်။ အခြားသော ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေထဲမှာ တက္ကသိုလ် သင်ရိုးစာအုပ်တွေ၊ လေးစားရတဲ့ စာအုပ်ထုတ်ဝေရေးကနေ ဖြန့်ချိတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေနဲ့ ခေတ်ရေစီး သတင်းစာတွေ ပါဝင်ပါတယ်။ (အချို့သော သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေမှာ "ဘလော့ဂ်"တွေနဲ့ သုံးစွဲသူတွေ ရေးသားတဲ့ ဆောင်းပါးတွေ လွှင့်တင်လေ့ရှိပါသေးတယ်။ ပရော်ဖက်ရှင်နယ် စာရေးသူတွေရေးတာတွေက ယုံကြည်စိတ်ချရနိုင်ပေမယ့် စာဖတ်သူတွေ ရေးသားတာတွေကို ယုံကြည်စိတ်ချတဲ့ ရင်းမြစ်အနေနဲ့ ယူဆလေ့မရှိပါဘူး။)


စာရေးသူနဲ့ ထုတ်ဝေသူတို့ အတူတူပဲဖြစ်နေတတ်တဲ့ ကိုယ်တိုင် ထုတ်ဝေတဲ့ မီဒီယာအမျိုးအစားမှာ သတင်းလွှာတွေ၊ ကိုယ်ရေးကိုယ်တာ ဝဘ်ဆိုဒ်တွေ၊ စာအုပ်တွေ၊ ကိုယ်တိုင်တီထွင်မှုတွေ၊ ကိုယ်ရေးကိုယ်တာ သို့မဟုတ် အုပ်စုဖွဲ့ ဘလော့ဂ်တွေ ပါဝင်ပြီး သူတို့ကို လက်ခံနိုင်တဲ့ ရင်းမြစ်တွေအဖြစ် မသတ်မှတ်ပါဘူး


ရင်းမြစ်တစ်ခုကို အသုံးပြုနိုင်မှုကလဲ သူ့ရဲ့ပါဝင်အကြောင်းအရာပေါ်မှာလည်း မူတည်ပါသေးတယ်။ အချို့အချက်တွေအတွက် ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေဟာ တခြားအချက်အလက်တွေအတွက် ယုံကြည်စိတ်ချရခြင်း မရှိနိုင်တာတွေလဲ ရှိပါသေးတယ်။ ဒါကြောင့် သင့်မှာရှိတဲ့ အချက်အလက်တွေအပေါ် တတ်နိုင်သမျှ အကောင်းဆုံး ရင်းမြစ်တွေကို အမြဲတမ်းရှာဖွေသင့်ပါတယ်။ သက်ရှိပုဂ္ဂိုလ်များနဲ့ပတ်သက်တဲ့ အချက်အလက်တွေအတွက် ယုံကြည်စိတ်ချရမှုအရှိဆုံး ရင်းမြစ်တွေကိုသာ အသုံးပြုသင့်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဆောင်းပါးရဲ့ အကြောင်းအရာက ရေးသားထားတဲ့ ကိုယ်တိုင်ဖြန့်ချိထုတ်ဝေထားတဲ့ ရင်းမြစ်တွေကို သူတို့အကြောင်း ရင်းမြစ်အချက်အလက်တွေအနေနဲ့ တစ်ခါတစ်ရံမှာ သုံးနိုင်ပါတယ်။


ဒါတွေက ယေဘုယျလမ်းညွှန်ချက်တွေဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေအကြောင်းဟာ ရှုပ်ထွေးပြီး ဒီနေရာမှာ အကုန်လုံးကို မဖော်ပြနိုင်ပါဘူး။ နောက်ထပ် အချက်အလက်တွေ ထပ်သိချင်တယ်ဆိုရင် ဝီကီပီးဒီးယား:စိစစ်အတည်ပြုခံနိုင်မှု နဲ့ ဝီကီပီးဒီးယား:ယုံကြည်စိတ်ချရသော ရင်းမြစ်များမှာ ဆက်လက်ဖတ်ရှုပေးပါ။ ဒါ့အပြင် သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချရမှုအပေါ်မူတည်ပြီး ပြုစုထားတဲ့ သုံးလေ့ရှိတဲ့ ရင်းမြစ်များစာရင်းလည်း ရှိပါသေးတယ်။


Try it! Take a quiz on reliable sources