ဟံသာဝတီ (၃၂)မြို့စာရင်း

ဝီကီပီးဒီးယား မှ

ဟံသာဝတီ (၃၂)မြို့တွင် ပါဝင်သည်ဟု သမိုင်းဆရာတို့ လက်ခံမှတ်သားထားကြသည့် မြို့ငယ် (၃၂)မြို့မှာ အောက်ပါမြို့များပင်ဖြစ်သည်။

  1. ကျောက်မော်
  2. အံး(အမ်း)
  3. ဒုံဇရစ်
  4. ကျည်းကူ
  5. စစ်တောင်း
  6. ဒင်းမဲ့
  7. ဇွဲသဘုံ(ဖရွဲတုံ)
  8. မော်လုံ(မော်တုံ)
  9. လကွန်းဗျည်း
  10. အသား(အသာ)
  11. အစရိန်
  12. မအူ
  13. ရမ္မာနဂို
  14. ရမ္မာဝတီ
  15. မော်ပီ
  16. လှိုင်(လိုင်)
  17. ဘောင်လင်း
  18. ထန်းတောကြီး
  19. တီတွတ်
  20. ဇေဠ
  21. ဇောင်းတူ (ဇိုင်တွလဲ)
  22. ဖားအိုင်
  23. တုံခန်း
  24. ရဲနွဲ့
  25. မေရဉ္စရာ(မောရဉ္စယ)
  26. တငါပေါင်
  27. မင်းရဲလှ
  28. ကောလိယ
  29. ဘိုင်တာ(ပိုင်တာ)
  30. ဝင်ပြိုင်
  31. ယွန်းစလင်း(ယွန်းဇလင်း)
  32. ဟံသာဇိုင်းကနိုင်း(ဟင်္သာဇိုင်းကနန်း)နှင့် တချို့က (၃၃)ဟံသာဝတီကိုပါထည့်၍ ရေတွက်ကြပေသည်။

[၁]

အမရပူရမြို့ ဘိုးတော်မင်းတရားကြီးလက်ထက်ဆက်သွင်းသော ဟံသာဝတီစစ်တမ်းတွင် ဟံသာဝတီမြီု့သူကြီး မောင်အိုင်(အသက်၅၅နှစ်)၏ ၁၁၆၄-ခုတော်သလင်းလဆန်း ၉ရက်နေ့ အစစ် ခံထွက်ဆိုချိန်တွင်-

သက္ကရာဇ် ၅၁၇ခုနှစ် သမလ မင်းစ၍ မြို့တည်ထောင်ပြုစုကြသည်။ ဟံသာဝတီပြည်ကြီး သမုတ်၍

  • (က) သမလမင်းလက်ထက်မှ တည်သည့်မြို့များမှာကား-

၁။ ကျောက်မော်မြို့

၂။ ဒုန်ဇရစ်မြို့

၃။ ကျည်းကူမြို့

၄။ အမ်းမြို့

ပေါင်း(၄)မြို့တည်ထောင်ပြုစုတော်မူကြောင်း ပြဆိုထားလေသည်။


  • (ခ) သက္ကရာဇ် ၅၂၉ခုနှစ် ညီတော် ဝိမလမင်းလက်ထက်တည်ထောင်သော မြို့များကား-

၁။ စစ်တောင်းမြို့

၂။ ဒင်းမဲမြို့

၃။ ဇွဲသတုံမြို့

၄။ အသားမြို့

ပေါင်း(၄)မြို့ကို တည်ထောင်ပြုစုကြောင်းကို ပြဆိုထားလေသည်။


  • (ဂ) သက္ကရာဇ် ၅၃၆ခုနှစ် တိမုံက္ခမဟိင်္သရာဇာမင်းလက်ထက်တည်ထောင်သည့်မြို့များကား-

၁။ မော်လုံမြို့

၂။ လကွန်းဗျည်းမြို့

၃။ အခရိမ်မြို့

၄။ မအူမြို့


  • (ဃ) သက္ကရာဇ် ၆၇၆ခုနှစ် ပုဏ္ဏရိကမင်းလက်ထက်တည်သော မြို့များကို-

၁။ ရမ္မာနဂိုရ်မြို့

၂။ ရမ္မာဝတီမြို့ (၎င်းမြို့နှစ်မြို့ကို စုံစမ်း၍မရသေးပါ။)

၃။ မော်ပီမြို့

၄။ လိုင်မြို့ (လှိုင်မြို့)

ပေါင်း(၄)မြို့ကို တည်ထောင်ပြုစုကြောင်း ဖော်ပြထားပေသည်။


  • (င) သက္ကရာဇ် ၆၉၀ပြည့်နှစ် တိဉ္စရာဇာမင်းလက်ထက်တည်ထောင်သောမြို့ကား-

၁။ ဖောင်းလင်း

၎င်းတစ်မြို့တည်းကိုသာ တည်ထောင်မှုပြုကြောင်းဖော်ပြထား၏။


  • (စ) သက္ကရာဇ် ၇၁၁ခုနှစ်မင်းပဲ ဦးမင်းလက်ထက်တည်ထောင်သောမြို့များကား-

၁။ ထန်းတောကြီးမြို့

၂။ တီတွတ်ခေါ် မဟူရာမြို့

၃။ ဇေဠမြို့

၄။ ဇိုင်တွယ်မြို့

၅။ ဖဲအိုင်မြို့

၆။ တုံခန်းမြို့

၇။ ရဲနွဲ့မြို့

၈။ မေရဉ္စယမြို့

၉။ တငါပေါင်မြို့

၁၀။ မင်းရဲလှမြို့

ပေါင်းမြို့ပေါင်း (၁၀)မြို့ကို တည်ထောင်ပြုစုကြောင်းကို ဖော်ပြထား၏။


  • (ဆ) ရာဇာဓိရာဇ်မင်းလက်ထက်တည်ထောင်သည့်မြို့များကား-

၁၊။ ကောလိယမြို့

၂။ ဗိုင်တားမြို့

ပေါင်း(၂)မြို့ကိုသာ တည်ထောင်ပြုစုကြောင်း ဖော်ပြထား၏။


  • (ဇ) မင်းညဲစောဘွဲ့ခံရှင်စောပု လက်ထက်တည်ထောင်သောမြို့ကား-

၁။ ဝင်ပြိုမြို့

၎င်းတစ်မြို့သာ ဖြစ်လေသည်။


  • (ဈ) ရမ္မာဓိပတိမင်းလက်တည်တည်သောမြို့ကား-

၁။ ယွန်းဇလင်းမြို့ကိုတည်ထောင်သည်။


  • (ည) သုရှင်တကာရွတ်ပိမင်းလက်ထက်တည်ထောင်သောမြို့ကား-

၁။ ဟံသာဇိုင်းကနိုင်းမြို့

၎င်းတစ်မြို့တည်းကိုသာ တည်ထောင်သည်။

သမလမင်းကသည် သုရှင်တကာရွတ်ပိအထိ၌ စိုးစံကြသည့် မင်းပေါင်း(၁၀)ဆက်တည် ထောင်သော ဟံသာဝတီမြို့ရံပေါင်း ၃၂ကို တည်ထောင်သမုတ်ထားကြောင်း ဖော်ပြလေသည်။

[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. (ကင်းဝန်-ပုရပုဒ်-၄၇၁)
  2. (မော်ပီဆရာသိန်းကြီး ၁၉၃၃-သူရိယမဂ္ဂဇင်း)