မေရဉ္စရာမြို့ဟောင်း

ဝီကီပီးဒီးယား မှ

မေရဉ္စရာမြို့ဟောင်းဟူသည် အမည်ဖြင့် ဗမ္ဗူဒီပဥဆောင်းကျမ်းပါ စစ်တမ်းတို့၌ မတွေ့ရ။ သို့ရာတွင် ဟံသာဝတီ (၃၂)မြို့စာရင်း အပါအဝင်မြို့များကို သုတေသီတို့ရေတွက်ဖော်ပြသည့် စာရင်းတွင်မူ တွေ့ရှိရသည်။ ကင်းဝန်စာစုပုရပိုဒ် အမှတ် ၄၇၁စာရင်းတွင်လည်း တွေ့ရသည်။ မေရဉ္စရာ၏ တည်နေရာကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် မြေပုံဟောင်း၌လည်း ထွင့်သွင်းဖော်ပြခဲ့သည်။ ဤမြေပုံငယ်ကို အမာခံထား၍ မေရဉ္စရာကိုနေရာချထား လေ့လာကြည့်မိသည်။

ပဲခူး(ဟံသာဝတီ)နှင့် ကောလိယတို့၏ တည်နေရာကိုအခြေပြုလျှင်၊ မြေပုံဟောင်းတွင် မေရဉ္စရာသည် ဟံသာဝတီထက်၊ ကောလိယဖက်သို့ပိုနီးသည်။ တစ်နည်းအားဖြင့် ပို၍မြောက်ဘက် ကျသည်ဟု ဆိုရပေမည်။

ဘုရားကြီးမြို့ဟောင်းသည် မေရဉ္စရာမြို့ဟောင်းဖြစ်နိုင်သလောဟု စောကြောမိသည်။ သို့ရာ တွင် ဘုရားကြီးမြို့ဟောင်းသည် ဟံသာဝတီ(ပဲခူး)နှင့် နီးလွန်းလှသည်။ သို့ဖြစ်၍ ဘုရားကြီးထက်ပို၍ မြောက်ဘက်ကျပြီး ကောလိယ၏ တောင်ဘက်၌ ကျရောက်သည့် မြို့သည်သာ မေရဉ္စရာဖြစ်ဟန်ရာ သည်ဟူသော အခြေခံဖြင့် မေရဉ္စရာကို အခြေခံနေရာချခဲ့ရသည်။

ရန်ကုန်မန္တလေးကားလမ်းနှင့် ရထားလမ်းပေါ်တွင် တည်ရှိသည့် ပျဉ်ပုံကြီးမြို့ကလေးကို သတိရကြလိမ့်မည်။ ပျဉ်ပုံကြီးမှ အနောက်မြောက်ဘက်စူးစူး ၅မိုင်သာသာလောက်တွင် မြို့ဟောင်း ရာတစ်ခုကို တွေ့ပေသည်။

ပျဉ်ပုံကြီးမှ အနောက်မြောက်ဘက် သုံးခွတင်းတန်းကျေးရွာသို့သွားသည့် လမ်းရှိသည်။ လမ်း၏တောင်ဘက်တစ်လျှောက် ခပ်လှမ်းလှမ်းတွင် ချောင်းရိုးကလေးတစ်ခုရှိသည်။ သုံးခွကင်းတန်း မှ ရှော်တုံးရွာဖက်သို့သွားသည့် လမ်းအတိုင်း တစ်မိုင်ခွဲခန့် ဆက်၍သွားလျှင်ချောင်းရိုး၏ အနောက် ဘက်ကမ်းကို မေးတင်လျက် မြို့ဟောင်းကလေးတစ်ခုတည်ရှိနေသည်ကို တွေ့ရှိနိုင်သည်။ ဤမြို့ဟောင်းကလေးကို မေရဉ္စရာမြို့ဟောင်းဟုပင် ကင်ပွန်းတပ်လိုက်ရသည်။

တည်နေရာ[ပြင်ဆင်ရန်]

မေရဉ္စရာမြို့ဟောင်းသည် မြောက်လတ္တီတွဒ် ၁၇ဒီဂရီ ၃၂မိနစ်ခန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၃၀မိနစ်သာသာတွင် တည်ရှိ၏။ ပျဉ်ပုံကြီးမြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ကျော် ကျော်တွင်တည်ရှိသည့် မြို့ငယ်ကလေးမျှသာ ဖြစ်သည်။ အမှန်မှာ ခံတပ်မြို့မျှသာ ဖြစ်ဟန်ရှိ၏။ သို့ရာတွင် မွန်ပြည်နယ်ဒေသများ၌တွေ့ရသည့် ကတ်ကတစ်နှင့် ကော့ထင်း စသည့်ခံတပ်များနှင့် စာလျှင်မူကား ၎င်းကပိုကြီးသည်။ မြို့ရိုးမြို့တာလည်းရှိသည်။ ကျုံးရိုးကျုံးရာလည်းရှိသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

မေရဉ္စရာ၏ ပုံသဏ္ဌာန်မှာ စတုဂံပုံသဏ္ဌာန်ပင်ဖြစ်သည်။ သို့ရာတွင် ထောင့်များမှာ ထောင့်မှန်ဖက်သို့မနီးစပ်။ မျဉ်းမတ်များမဟုတ်။ မျဉ်းယိုင်များဖြစ်သဖြင့် မှန်ကူကွက်ပုံဆန်သည်။ နနွင်းမကင်းမုန့်လှီးသည့် ပုံမျိုးဖြစ်သည်။ ချောင်းငယ်တစ်ခုကို မေးတင်လျက်ရှိသည်။

မြို့ရိုး၏ ၅၀ဝမီတာခန့်နှင့် အနံ ၃၅၀-၄၀ဝမီတာခန့်မျှသာရှိသည်။ ဧရိယာအနေဖြင့် ဧရိယာ ခန့်မှန်း ၃၀-၃၇ဧကခန့်မှရှိပြီး ၁၂ မှ ၁၃ ဟက်တာခန့်မျှရှိလေသည်။

ပွန်းတီးမှု[ပြင်ဆင်ရန်]

မြို့ရိုးများ၏ အခြေအနေကို လေ့လာရာ၌ ပွန်းတီးမှု၊ အတော်အတန်ရှိခဲ့ပြီကို ရိပ်စားမိနိုင် သည်။ မျဉ်းမတ်ဖြင့် ထောင့်မှန်ကျသည့် ဖွဲ့စည်းမှုသည်လည်းကောင်း၊ ပွန်းတီးမှုသည်လည်းကောင်း၊ ဤမြို့ငယ်သည် စောသည့် အချိန်ပိုင်း၌ တည်ဆောက်ခဲ့သည့် မြို့ကလေးဖြစ်လောက်ပေသည်။ သို့ရာတွင် စောလွန်းသည့်ခေတ်ပိုင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စတုဂံပုံသဏ္ဌာန်ပီပြင်ခြင်း၊ မြို့ရိုးများဖြောင့်စင်းခြင်းကြောင့်ပင် ဖြစ်သည်။

မြို့ရိုးလေးဖက်လေးတန်နှင့် ကျုံးများလည်းရှိခဲ့ဖူးသည့် ပုံကိုဆောင်လျက်ရှိသည်။ ချောင်းကလေးကိုအမှီပြုနေသည့် အရှေ့ဘက်မြို့ရိုးမှတပါး၊ မြောက် တောင်နှင့်အနောက်ဘက်မြို့ရိုး တို့မှာ ပီပြင်ထင်ရှားသည့် မြို့ရိုးများရှိသည်။ ချောင်းနှင့်ကပ်မြှောင်လျက်ရှိသည်။ အရှေ့ဘက်သည် ပင်လျှင် မြို့ရိုးကုန်းတန်းကို ချောင်းနှင့်မြှောင်၍ တည်ဆောက်ခဲ့ဖူးဟန်ရှိ၏။ အနောက်ဘက်တွင်မူ အပြင်ဘက်၌ မြို့ရိုးတစ်ဖက် ရှိသေးသဖြင့် အနောက်ဘက်မြို့ရိုးသည် ၂ ထပ်မြို့ရိုးဖြစ်သည်ကို တွေ့ရသည်။

ယခုအခါတွင် မေရဉ္စရာမြို့ဟောင်းအနီး၌ တပ်သို့မဟုတ် စက်ရုံအလုပ်ရုံတန်းများ အနောက် ဘက်မြို့ရိုး၏ အပြင်ဘက်၌ ပြည့်လျက်ရှိလေပြီ။ မြို့ရိုးအတွင်းဘက်၌ပင်လျှင် အဆောက်အအုံအချို့ ကို တွေ့နေရပြီဖြစ်၏။

ကိုးကား[ပြင်ဆင်ရန်]